မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအား ‌ယေဇူးရွှေနှလုံးတော်ထံပြန်လည်အပ်နှံခြင်းနှင့် ကာသီ ဒြယ်ဘုရားကျောင်း (၁၃၆)နှစ်ပြည့်ပွဲ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအား ယေဇူးရွှေနှလုံးတော်ထံ ပြည်လည်အပ်နှံခြင်းနှင့် ကာသီ ဒြယ်ရွှေနှလုံးတော်ဘုရားကျောင်းတော်၏ (၁၃၆)ပြည့်ပွဲတော် မစ္ဆားတရားကို (၁၅.၁၁.၂၀၂၆) ရက်၊ တနင်္ဂနွေနေ့ နံနက် ၈:ဝဝနာရီအချိန်၌ ဆရာတော်ကြီး Cadinal Charles Bo မှဦးဆောင်ပူဇော်ပေးခဲ့ပါ သည်။

ပွဲတော်သို့ မြန်မာနိုင်ငံဆိုင်ရာ ရဟန်းမင်းကြီး၏ကိုယ်စားလှယ်နှစ်ပါးဖြစ်ကြသည့်  Msgr. Andrea Ferrante နှင့် Fr. Godwin Adike၊ Cadinal Charles Bo တို့အပြင် ဟားခါးသာသနာမှ ဆရာတော်ကြီး Lucius Hre Kung၊ ကလေးသာသနာမှ ဆရာတော်ကြီး Felix Lian Khin Thang၊ ဗန်မော်သာသနာမှ ဆရာတော်ကြီး Raymond Sumlut Gam ၊ လားရှိုးသာသနာမှ ဆရာတော်ကြီး Lucaus Dau Ze၊ ဆရာတော်ကြီး Nicholas Mang Thang(ငြိမ်း)   မန္တလေး သာသနာ မှ ဆရတော်ကြီးမာကု ဦးတင်ဝင်း နှင့် ရဟန်းတော်များ၊ သီလရှင်များ၊ ကိုရင်များနှင့် မန္တလေး သာသနာနယ်အသီးသီးက ဘာသာဝင်းများ လာရောက်ပါဝင်ခဲ့ကြပါသည်။

မစ္ဆားတရားအတွင်း Cadinal Charles Bo မှဩဝါဒတရားမြွက်ကြားရာတွင်

ဒီကာသီဒြယ်ဘုရာကျောင်းကြီးဟာ နှစ်ပေါင်း၁၃၆နှစ်တိုင်အောင် ယုံကြည်ခြင်း၊ ဆုတောင်းခြင်း ၊ ဝတ် ပြုဆုတောင်းခြင်း မင်္ဂလာဆောင်ခြင်း ဘုန်းတော်ကြီးများ ရဟန်းသိက္ခာခံခြင်း သူတော်စင်များ ကတိ သစ္စာပြုခဲ့တဲ့ဒီကာသီဒြယ်ကြီးဟာ ဝမ်းနည်းခြင်းပျော်ရွှင်ခြင်းများကို သက်သေခံခဲ့ပါတယ်။ မျိုး ဆက် တစ်ဆက်ပြီးတစ်ဆက် ဒီတံခါးဝကနေဝင်ရောက်လာပြီး ဆုတောင်းဝတ်ပြုခဲ့ကြတယ်။

ကျွန်ုပ်တို့ဟာအလွန်အားနည်းလွယ်တဲ့လူသားတွေဖြစ်ကြပါတယ် တစ်ခါတရံမှာကျွန်ုပ်တို့ဟာ မိမိရဲ့ လုံ ခြုံမှုကို အဆောက်အအုံတွေ ငွေကြေးတွေ ရာထူးအအာဏာတွေ နည်းပညာများဖြင့်တားဆီးနိုင်မည်ဟု ယူဆကြတယ်။ သို့သော် ဒီမြေငလျင်က ကျွန်ုပ်တို့ကို သတိပေးနေတယ် နောက်ဆုံးမှာ ကျွန်ုပ်တို့ရဲ့လုံခြုံ ရာဟာ ဘုရားသခင်၌သာရှိတယ်ဆိုတာကိုသတိပေးနေတယ်။

ဂျေရုဆလင်မြို့ဟာပျက်စီးခဲ့ရတယ် မျိုးရိုးများလည်းပြိုကျရတယ် မြို့တံခါးများလည်း မီးလောက်ခဲ့ရ တယ်။ လူများလည်းအရှက်ရခြင်းနှင့် ဆုံးရှုံးခြင်းများခံစားခဲ့ရတယ် သို့သော် နေဟေမိယဟာ ဒီအပျက် အစီးကိုကြည့်ပြီး နော် အားလုံးပျက်စီးသွားပြီ ဆုံးရှုံးသွားပြီဆိုပြီးတော့ မပြောဘူး။ သူကလူတွေကို စုပြီး တော့လာကြ ငါတို့ဂျေရုဆလင်မြို့ကြီးကို ပြန်ပြီးတည်ဆောက်ကြမယ် ဟုပြောကြားခြံသည်။ လူပရိတ် သတ်တွေအားလုံးကလည်း ထ၍တည်ဆောက်ကြကုန်အံ့ဟု ပြောကြတယ် ပြန်လည်တည်ဆောက်ခြင်း ဆိုတဲ့နေရာမှာ ကျောက်တုံးများကိုသာ တည်ဆောက်ခြင်းမဟုတ်ပဲ မျှော်လင့်ခြင်းကိုပြန်ပြီး ရှာဖွေခြင်း ဖြစ်တယ်။

အကြီးမားဆုံးပြန်လည်ထူထောင်မှုဟာ ကျွန်ုပ်တို့ရဲ့အတွင်းစိတ်မှ ပေါ်လာရမှာဖြစ်ပါတယ် ဒီကနေ့ ကျွန်ုပ်တို့ကိုယ်ကို ပြန်လည်ပြီးတော့မေးကြည့်ပါစို့ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းဟာ ခိုင်မာသေးသလားပြန် မေးကြည့်ရမယ်။ ဘုရားကျောင်းကိုပြန်လည်ပြုပြင်ပြီးဖြစ်သလို ဆက်ဆံရေးအချို့ကိုလည်း ပြန်လည် ပြုပြင်ရန်လိုအပ်နေဆဲဖြစ်ပါတယ်။ပြန်လည်အပ်နှံခြင်းဆိုတာ နောင်တတရားရခြင်းမှစပါတယ်။ ကျွန်ုပ် တို့ဒီနေ့ ကာသီဒြယ်ဘုရားကျောင်းကြီးကို ပြန်လည်အပ်နှံခြင်းမှာ အသင်းတော်အတွင်းမှာ စည်းလုံးညီ ညွတ်မှုနှင့် ပေါင်းစည်းမှုအတွက် အသစ်သော ကတိပြုခြင်းလည်းဖြစ်ပါတယ်။ မလိုအပ်တဲ့ကွဲပြားမှုကို ဖယ်ရှားကြဖို့ မနာလိုမှုများကို ကျော်လွှားကြဖို့ အတိတ်မှဒဏ်ရာများကို ခွင်လွတ်ကြပါစို့။ တစ်ဦးနှင့် တစ်ဦးမေတ္တာဖြင့်ပြောဆိုကြပါစို့ ကျွန်ုပ်တို့အားလုံးရဲ့ဘုရားရှင်တစ်ပါးတည်းရှိတယ်ဆိုတာမမေ့ကြပါနဲ့ ကျွန်ုပ်တို့ကြားက ကွဲပြားနေတဲ့ ဆက်ဆံရေးအကြောင်းများကို ပြန်လည်တည်ဆောက်နိုင်ကြပါစို့။ ယုံ ကြည်ခြင်းကိုပြန်လည်တယ်ဆောက်ဖို့ မျှော်လင့်ခြင်း ငြိမ်းချမ်းခြင်းနှင့်နှလုံးသားများကို ပြန်လည်ပြီး တော့ အသစ်ပြုနိုင်ကြပါစို့။ ဟု မြွက်ကြားခဲ့ပါသည်။

ရဟန်းမင်းကြီးကိုယ်စားလှယ် Msgr. Andrea Ferrante မှလည်း

ကာသီဒြယ် ဘုရားကျောင်းတော်ရဲ့  (၁၃၆) နှစ်ပြည့်ပွဲတော် ဤထူးခြားလှအခမ်းအနားနေ့ကြီးမှာအားလုံး နဲ့အတူပါဝင်ဆင်နွဲခွင့်ရတဲ့အတွက် ကျွန်ုပ်အနေနဲ့ လွန်စွာဝမ်းမြောက်လှပါသည။ ပုပ်ရဟင်းမင်းကြီးရဲ့ ဆုတောင်းမေတ္တာများတွင် သင်တို့အားလုံးကို အောက်မေ့လျက်ရှိပါသည်။ ဘုရားရှင်ရဲ့ကူညီဆောင်မ ခြင်းနဲ့အတူ အားလုံးပူပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ကျွန်ုပ်တို့၏ ချစ်လှစွာသောနိုင်ငံတော်ကြီးတွင် ငြိမ်းချင်းရေး ပြန်လည်သင့်မြတ်ရေးတည်ငြိမ်အေးချမ်းရေးတိုကို တစ်နေ့နေ့တွင်ခိုင်မာစွာအခြေတည် လာလိမ့်မည်ဟုမျှော်လင့်ချက်ကိုလည်း မျှဝေထားပါသည်။ ၁၃၆ နှစ်ကာလများ၏နောက်ကွယ်တွင် များ စွာသောပုဂ္ဂိုလ်တို့၏ ကိုယ်ကျိုးစွန့်အနစ်နာခံမှုများနှင့်မရေမတွက်နိုင်သောယုံကြည်ခြင်းအပေါ်သက် သေခံခဲ့ကြသူများဖြစ်သည့် ဆရာတော်များ၊ ရဟန်းတော်များ၊ ကိုရင်များ၊ သီလရှင်များ သာသနာပြုများ နဲ့ လူဝတ်ကြောင်များစွာတို့သည် ဤဘုရားကျောင်းတည်ဆောက်ရာ၌ ခေတ်အဆက်ဆက်ပါဝင်ဆက် ကပ်ကြသူများဖြစ်ကြသည်။

ဆရာတော်ကြီးမာကု ဦးတင်ဝင်းမှ ကျေးဇူးတင်စကားပြောကြားရာမှာ

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာကြီးနဲ့အတူ မင်းတပ်ဂိုဏ်းအုပ်သာသနာ၊ ဟားခါးဂိုဏ်းအုပ် သာသနာ၊ ကလေးဂိုဏ်းအုပ်သာသနာ၊ မြစ်ကြီးနားဂိုဏ်းအုပ်သာသနာ၊ ဗန်မော်ဂိုဏ်းအုပ်သာသနာ လားရှိုးဂိုဏ်းအုပ်သာသနာနဲ့ အတူ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာကို ရွှေနှလုံးတော်အား မြတ် နိုးစွာပြန်လည်အပ်နှံ ဖို့ဆိုပြီးအစည်းအဝေးမှာ ဆုံးဖြတ်ပြီး ဒီကနေ့ လိုအားလုံးပါဝင်တဲ့ပွဲကို ကျင်းပခဲ့ ခြင်းဖြစ်ပါတယ်။ ပြင်ဆင်ခြင်းများတွင် ပါဝင်ခဲ့ကြသော သာသနာအကျိုးဆောင် ကိုယ်စားလှယ် အဖွဲ့ အသီးသီးများ လူငယ်များ၊ အင်ဂျင်နီယာများနှင့်အခြားသောအဖွဲ့အစည်းများအားလုံးကို အထူးကျေး ဇူးတင်ပါသည်။ ဟုပြောကြားခဲ့ပါသည်။

ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့အပေါ် ကျောင်းထိုင်းဘုန်းတော်ကြီး Fr. Aloysius Nay Myo Swe မှ ပြော ကြားရာမှာ

ဒိ ဂျူဘီလီပွဲကို 4 လလောက် ထဲက အစိအစဉ်စဆွဲခဲ့ပြီး အစည်းဝး 8 ကြိမ်လုပ်ခဲ့ပါတယ်။

ပွဲဖြစ်မြာက် ရေး ကော်မတီဖွဲ့ပြီး သမိုင်းပြခန်းနဲ့ ဖိတ်ကြား ရေးအဖွဲ့၊ ဘဏ္ဍရှာဖွေရေး၊ ချက်ပြုတ် ကျွးမွးရး ၊ Liturgy ဝတ်ပြုကိုးကွယ်‌ ရေးအဖွဲ့ နှင့် အပြင်ပိုင်း လုံခြုံရေးနင့် သန့်ရှင်းသာယာ လှပါ ရေး ဆိုပြီး အဖွဲ့ 5 ဖွဲ့နဲ့ ကြိုးစားခဲ့ကြပါတယ်။ မြို့ ပေါ် Prish မှ ကျောင်းထိုင်ဘုန်ကြီးများနှင့် သာသနာတခုကို တာဝန်ခံ 10 ယောက်ဆီနဲ့ ဆက်ကပ်လူငယ် 30 နဲ့ ကြိုးစားလုပ်ဆောင်ခဲ့ကြပါတယ်။

ယခုလို ဂျူဘီလီပွဲတော်ကြီး အစမှ အဆုံးတိုင် အဆင်ပြေချောမွေ့စွာ ပြီးမြောက်အောင် မြင်စေ ရန် အတွက်-

ရှေ့တန်းမှ ဦးဆောင်စီစဉ်ပေးကြသော ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များ၊ မိမိတို့၏ အချိန်၊ ငွေကြေး၊ ခွန်အားနှင့် ဉာဏ်ပညာတို့ကို ရက်ရောစွာ ပါဝင်လှူဒါန်းပေးကြသော အလှူရှင်များ၊ ဘုရားရဲ့ အသိမှတ်ပြု ဂုဏ်ယူရပါသော နောက်ကွယ်မှ တိတ်တဆိတ် ဆက်ကပ်ကြသူများ ရပ်ဝေးရပ်နီးမှ ကြွရောက်ချီး မြှင့် ပေးကြသောသူများအားလုံးကို ဘုရားသခင်၏ နာမတော်မြတ်၌ အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဤဂျူဘီလီပွဲတော်သည် အတိတ်က ကျေးဇူးတော်များကို ပြန်လည်အောက်မေ့ရုံသက်သက် မဟုတ်ဘဲ၊ အနာဂတ် ခရီးလမ်းသစ်အတွက် ခွန်အားသစ်များ ရယူသည့် မှတ်တိုင်တစ်ခုလည်း ဖြစ်ပါသည်။ ကျွန်ုပ် တို့၏ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ကို အခြေခံပြီး လာမည့် နှစ်ကာလများတွင် လည်း ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေရန်နှင့် လူသားအချင်းချင်း အစေခံနိုင်ရန် ဆက်လက် လျှောက်လှမ်းကြပါစို့ဟု တိုက်တွန်းလိုပါသည်။ ဟုတ်ပြောကြားခဲ့ပါသည်။

Maria Hkawn ja

အခုလိုစည်စည်ကားကားနဲ့ကျင်းပနေတာမြင်တော့ ဒီနေ့ပွဲလာတက်ရတာ အရမ်းပျော်ပါတယ်။ ပိုစိတ် ဝင်စားတာက ဒီကာသီဒြယ်ဘုရားကျောင်းက နှစ် တစ်ရာ့သုံးဆယ်တောင်ကျော် ခဲ့ပြီဆိုတာ ဒီနေ့မှသိ ရတယ်။ ပြခန်းတွေသွားကြည့်တော့ အရင်ကဘယ်လိုဖြတ်သန်းလာခဲ့တယ်ဆိုတာကိုလည်း ပြန်ပြီးသိရ တယ်။ ခုလိုအမြန်ဆုံးပြန်လည်ပြုပြင်ရာမှာ ဦးဆောင်ခဲ့တဲ့ဘုန်းတော်ကြီးများနှင့် တာဝန်ရှိသူများကို လည်းကျေးဇူးတင်ပါတယ်။

John U Kyaw Naing

ခုလိုပြန်ပြီးပြုပြင်လိုက်တော့ ဘုရားကျောင်းအသစ်တစ်ကျောင်းရလိုက်သလိုခံစားရတယ် အတွင်းပိုင်း လည်းအရင်ကနဲ့မတူအောင် တော်တော်များများပြောင်းသွားတာပဲ။ အဆိုးထဲကနေအကောင်းဖြစ်လာ တယ်လိုခံစားရတယ် ငလျင်ဆိုတာကတားလို့ရတာဟုတ်ဘူးလေး ဒီကြားထဲ အားလုံးရဲ့ လှူဒါန်းမှုကြောင့် ဒီလိုပြန်လည်ပြုပြင်ပြီးစီးပြီး မန္တလေးသာသနာ တစ်ခုလုံးကို ယေဇူးရွှေနှလုံးတော်ထံ ပြန်လည် အပ်နှံ တဲ့ ပွဲကိုကျင်းပခွင့်ရတဲ့အတွက် ကိုယ့်သာသနာအတွက် ဝမ်းသာဂုဏ်ယူပါတယ်။

rvamyanmar
rvamyanmar
Articles: 4386

Leave a Reply

Your email address will not be published. Required fields are marked *