
ဘုရားကျောင်းပြန်လည်ပြုပြင်ဆောက်လုပ်ရေးတွင်အဘက်ဘက်က ပါဝင်ကူညီခဲ့ကြသော အလှူရှင် များနှင့် ကျေးဇူးရှင်များအား ဂုဏ်ပြုပွဲကျင်းပ။

၂၀၂၅ ခုနှစ် မတ်လ ၂၈ရက် နေ့တွင် လှုပ်ခတ်ခဲ့သောငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် မန္တလေးကက် သ လစ်ဂိုဏ်းချုပ်သာသနာ၊ ကာသီဒြယ် ရွှေနှလုံးတော်ဘုရားကျောင်းကြီးကို ပြန်လည်မွမ်းမံဆောက် လုပ်ရာ၌ အလှူငွေအားဖြင့်လည်းကောင်း၊ နည်းပညာအားဖြင့်လည်းကောင်း၊ လုပ်အားဖြင့်လည်း ကောင်း စသည်ဖြင့် အဘက်ဘက်မှပါဝင်ကူညီးခဲ့ကြသော အလှူရှင်များနှင့် ကျေးဇူးရှင်များအား ဂုဏ်ပြု သည့် ကျေးဇူးတင် မစ္ဆားတရားတော်ကို (၈.၁၁.၂၀၂၆) တနင်္ဂနွေနေ့ နံနက် ၇:၃ဝ အချိန်၌ ရွှေနှလုံးတော် ဘုရားကျောင်းတွင် ဆရာတော်ကြီးမာကု ဦးတင်ဝင်းမှ ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။
မစ္ဆားတရားအပြီးတွင် အလှူရှင်များနှင့် ကျေးဇူးရှင်များအား ဂုဏ်ပြုပွဲကိုဆက်လက်ကျင်းပပြီး ဆရာ တော်ကြီးမာကု ဦးတင်ဝင်းမှ ဂုဏ်ပြုမိန့်ခွန်းမြွက်ကြားခြင်း၊ ကျေးဇူးရှင်များကို အမှတ်တရ ဂုဏ် ပြု လွှာများပေးအပ်ခြင်းများကိုလည်းကျင်းပခဲ့ပါသည်။( Photo by RVA Myanmar)

မစ္ဆားတရားအပြီးဆရာတော်ကြီးမာကုဦးတင်ဝင်းမှ အလှူရှင်များနှင့် ကျေးဇူးရှင်များအား အားပေး ဂုဏ် ပြုစကားမြွက်ကြားရာတွင်
“ဘုရားသခင်ကကျွန်ပ်တို့နဲ့အမြဲရှိတယ်ဆိုတာယုံပါ ဒီနေရာမှာ ငလျင်လှုပ်တုန်းက အဖြစ်အပျက်တစ်ခု ပြောပြချင်ပါတယ်။ ငလျင်လှုပ်မဲ့ရက်ကိုဆရာတော်အနေနဲ့ မန္တလေးကက်သလစ်သာသနာ တစ်ခုလုံးအ နေနဲ့ မြန်မာနိုင်ငံအမြန်ဆုံး ငြိမ်းချမ်းလာစေရန်အတွက် ကိုယ်တော်မြတ်ဖူးဆုတောင်းဖို့ ကြိုပြီး သာသ နာ အုပ်စုအသီးသီးကိုမှာထားတယ်။ တကယ်လည်းအဲ့နေ့မှာ ကျောင်းတိုင်းမှာ ကိုယ်တော်မြတ် ဖူးဆု တောင်းနေကြတယ် အဲ့ဒီအချိန်ငလျင်လှုပ်လာတယ် ဒါပေမဲ့ ဘယ်သူတစ်ဦးတစ်ယောက်မှ ထိခိုက် ဒဏ် ရာမရပဲ ဘေးကင်းစွာထွက်လာနိုင်ကြတယ်။ ဒါဟာကိုယ်တော်မြတ်စက္ကရာမင်တူးကို ယုံကြည်ရ ခြင်းရဲ့ သာဓကဖြစ်တယ်ကျေးဇူးတင်ပါတယ်ဘုရားရှင်အား။
နောက်ပြီးအဲလိုငလျင်ဒဏ်ခံပြီးအချိန်မှာပဲ တစ်ကမ္ဘာလုံးက ကျွန်ုပ်တို့ကက်သလစ်ဘာသာဝင်တွေ အသီးသီးက ဖုန်းတွေဆက်ပြီးအလှူဒါနလေးတွေပို့ပေးမည့်အကြောင်းဖုန်းဆက်လာတယ်။ မြန်မာတစ် ပြည်လုံးက သာသနာအသီးသီးကလည်းသူတို့တတ်နိုင်သမျှလှူဒါန်းပေးပို့ကြပါတယ် ဗန်မော်သာသနာ ဆိုရင်သူတို့မှာ ဘုရားကျောင်းတွေမရှိတော့ဘူး ဆရာတော်လည်းစစ်ရှောင်နေရတယ်။အဲဒီလိုအချိန်မှာ ဗန်မော်၊ မြစ်ကြီးနား သာသနာတွေကနေ ကျွန်ုပ်တို့မန္တလေးသာသနာ ငလျင်ဒဏ်ခံစားနေရတဲ့ ဒုက္ခသည် များကိုကူညီပေးဖို့အလှူငေါတွေပို့ပါတယ်။ ဒါ့အပြင်မြန်မာပြည်ကက်သလစ်သာသနာအသီးသီးက နည်းများမဆို အလှူငွေတွေပို့ပေးခဲ့ပါတယ် ဒါတွေအားလုံးအတွက်လည်းကျေးဇူးတင်ပါတယ် တစ် ကမ္ဘာလုံးမှာရှိတဲ့ကက်သလစ်ဘာသာဝင်များ ကျွန်ုပ်တို့နဲ့အတူတူရှိပေးတဲ့အတွက်ခွန်အားတွေရဲ့ပါတယ် ဒီနေ့ထိမန္တလေးသာသနာတော်ကြီးတစ်ခုလုံးအသီးသီးက တတ်စွမ်းသမျှအလှူငွေလေးတွေပို့ပြီးလှူဒါန်း ကြတဲံအတွက်အားလုံးကို ကျေးဇူးတင်ပါတယ်။
သင်တို့ကျွန်ုပ်တို့နေ့စဉ်ဘဝအသက်တာမှာ အခက်အခဲတွေ ဒုက္ခအမျိုးမျိုးတွေနဲ့ရင်ဆိုင်နေရတယ်ဆို တာကျွန်ုပ်နားလည်ပါတယ်။ ဒီလိုအချိန်မှာဘုရားထံဆုတောင်းမပြတ်ပါနဲ့ ဘုရာသခင်ကကျွန်ုပ်တို့ကို ပစ်မထားဘူးဆိုတာယုံပါ။ အခုလိုပျက်စီးသွားတဲ့ဘုရားကျောင်းကို ပြန်လည်မွမ်းမံဆောက်လုပ်ရန် ပါဝင်လှူဒါန်းကြတဲ့ အလှူရှင်များ ကျေးဇူးရှင်များ ပညာရှင်များအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ သင်တို့အားလုံးအပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေ။” ဟုပြောကြားခဲ့ပါသည်။(Photo by RVA Myanmar)

ဘုရားကျောင်းအောင်မြင်စွာပြုပြင်နိုင်ခဲ့မှုနဲ့ပတ်သက်ပြီး ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Aloysius Nay Myo Swe မှလည်း
ကျွန်တော်တို့ ဒီ ဘုရားကျောင်း အတွင်းပိုင်း ပြန်လည်မွမ်းမံခြင်းနဲ့ ခေါင်းလောင်းစင် ပြန်လည်မွမ်း မံခြင်း တွေကို ဆရာတော်ဘုရားရဲ့ လမ်းညွှန်ချက် အရ ကာသီဒြယ်မှာ ရှိတဲ့ PPC, PYC အဖွဲ့ဝင်တွေနဲ့ ပူးပေါင်း ပြီးမှ ကျွန်တော် ကျောင်းထိုင် ဘုန်းတော်ကြီး အပါအဝင် ဒီမှာ ရှိနေကြတဲ့ လူတွေ အင်တိုက်အားတိုက်နဲ့ ပါဝင် လုပ်ဆောင်ခဲ့ကြတဲ့အတွက် ဒီကျောင်းကြီး အခုလို သာယာလှပစွာနဲ့ ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ဒီ ကျောင်းတော်ကြီးအတွက် တာဝန်ယူ လုပ်ဆောင်ပေးကြတဲ့ ပုဂ္ဂိုလ်တွေ၊ အင်ဂျင်နီယာတွေကအစ နောက် ဒီဇိုင်း ဆွဲပေးတဲ့သူတွေ၊ ဆက်ကပ်ကြတဲ့သူတွေ၊ ဆုတောင်းပေးကြတဲ့သူတွေ၊ လှူဒါန်းပေးကြ တဲ့သူတွေ အများကြီး အများကြီး ရှိကြပါတယ်၊ ဘာသာသူတွေ ရှိသလို တခြား ဓမ္မမိတ်ဆွေတွေလည်း အများကြီး ပါတယ်၊ ဆောက်လုပ်တဲ့ပိုင်း ကြီးကြပ်တဲ့ပိုင်းမှာလည်း ခရစ်ယာန် ဘာသာဝင်တွေ ပါသလို တခြား ဓမ္မမိတ်ဆွေ ညီအစ်ကို မောင်နှမတွေလည်း အများကြီး ပါကြတယ်။ ပါဝင်ကူညီကြတဲ့၊ ဦး ဆောင်ပေးကြတဲ့၊ ဆုတောင်းပေးကြတဲ့၊ လှူဒါန်းပေးကြတဲ့ အားလုံး အားလုံးကိုလည်း ကျေးဇူးတင် တယ်။ ဒီကနေ့ ဒီပွဲလေးက အားလုံးရဲ့ ပွဲဖြစ်ပါတယ်။
အလှူဒါန ဆိုတာက လူတိုင်း ပါဝင်ကြတဲ့ အလှူတွေပဲ ဖြစ်တယ်။ ကျွန်တော်တို့ အချိန် နည်းနည်း ကန့် သတ်ချက် ရှိတဲ့အတွက်ကြောင့် ၁၀ သိန်းနဲ့ အထက်တွေကိုတော့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးခဲ့တယ်။ ဒါပေမဲ့လို့ လှူဒါန်းသူတိုင်း အားလုံးက အလှူရှင်ပဲ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ဆု တောင်းမေတ္တာအားဖြင့် ဖြစ်စေ၊ အကြံဉာဏ်အားဖြင့် ဖြစ်စေ၊ လုပ်အားဖြင့် ဖြစ်စေ အဘက်ဘက်မှ ပါ ဝင်ခဲ့ကြတဲ့အတွက် ဒီကနေ့က အားလုံးကို ဂုဏ်ပြုပေးတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ပါဝင် ဆက်ကပ်ကြ တဲ့ သူများ အားလုံးအပေါ်မှာ ဘုရားရှင် ကောင်းချီးပေးပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးပါတယ်။ (Photo by RVA Myanmar)

ဆရာမဒေါ် တင်တင်စန်း (အလှူရှင် ဘာသာဝင်)
မမျှော်လင့်ပဲ သဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးသွားတဲ့ ဒီကျောင်းပြန်လည်ပြုပြင်ရေးမျာ ကိုယ် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လှူဒါန်းခွင့်ရတာဝမ်းသာပါတယ်။ ခုတော့အသစ်အတိုင်းပြန်လည်မြင်ရ တော့ပျော်ပါတယ် နောက်လည်းဒီထက်မက သာသနာမှာလိုအပ်တဲ့နေရာမှာ ကူညီနိုင်အောင်ကြိုးစား ဖို့ဆုံးဖြတ်ထားပါတယ်။
ပီတာ ဦးကျင်စိန် ( သာသနာ့အကျိုးဆောင်အတွင်းရေးမှုး)
အခုလိုအောင်မြင်စွာပြန်လည်ပြုပြင်နိုင်ခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ ကျွန်ုတော်တို့ ငလျင် ဖြစ်ပြီးနောက် ပြန်လည်ပြုပြင်ရေးကို တစ်နှစ်ကျော်ကျော် အချိန်ယူပြီးပြန်လည်ပြင်ဆင်ခဲ့ရတယ်။ ကျောင်းထိုင်းဘုန်းတော်ကြီးနဲ့ သာသနာ့အကျိုးဆောင်အဖွဲ့အစည်းများ၊ ဘာသာဝင်များအားလုံး တက် ညီလက်ညီပါဝင် လှုပ်ရှားတဲ့အတွက် ခုလိုပြီးမြောက်နိုင်ခဲ့တာဖြစ်ပါတယ်။
Augustine U Myo Lwin
ငလျင်လှုပ်တုန်းက ဘုရားကျောင်းပျက်စီးသွားတာကိုမြင်တုန်းက တော်တော်စိတ်မကောင်းဖြစ်မိတယ် ဒါပေမဲ့ သက်ဆိုင်သူအားလုံးနဲ့ စည်းစည်းလုံးလုံးပြန်လည်ပြုပြင်ပြီးတဲ့အခါမှာ ဟိုအရင်ကပုံစံအတိုင်း ပြန်ပြီးမြင်ရတော်ပျော်ပါတယ်။ ဘုရားကျောင်းအတွင်းပိုင်းမှာဆို အရက်ကထက်ပိုပြီးတော့ ကြည့်လို့ ကောင်းတဲ့အနေအထား အထိပြင်ဆင်ထားတော့ ဝင်လိုက်တာနဲ့ စိတ်ချမ်းသာစရာဘုရားကျောင်းတစ်ခု လိုခံစားရပါတယ်။
ဒေါ်ခင်စန်းရီ (အလှူရှင်)
တစ်ဘက်တစ်လမ်းကနေ ပါဝင်လှူဒါန်းခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ ဒီထက်မကပိုပြီး လှူနိုင်အောင်လည်းကြိုးစားနေပါတယ် အမြန်ပြီးစီးအောင် ဦးဆောင်လုပ်ဆောင်နေတဲ့ ဘုန်းတော်ကြီး များနှင့် သာသနာ့အကျိုးဆောင်များကိုလည်းကျေးဇူးတင်ပါတယ်။ အခုလိုပြီးစီးသွားတော့ ဝမ်းသာပါ တယ် ကိုယ့်သာသနာအတွက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်


