လူထုဒဏ်ရာများကို ကုစားပြီး မတရားမှုကို တိုက်ဖျက်သည့် နိုင်ငံရေးသည် လူသားတို့အတွက် မျှော် လင့်ချက်ကို ပေးစွမ်းနိုင်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယို (၁၄) မိန့်ကြား။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကက်သလစ် ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ဘာသာရေး ယုံကြည်ချက်များ၊ အသင်းတော်၏ လူမှုရေးဆိုင်ရာ သွန်သင်ချက်များ (Social Doctrine) နှင့်အညီ စီးပွား ရေးနှင့် နိုင်ငံရေးနယ်ပယ်တို့တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ပါသည်။

တရားမျှတမှုနှင့် ကရုဏာတရားကို အခြေခံသော နိုင်ငံရေးသည် ငြိမ်းချမ်းရေးအတွက် အင်အားကြီးမား သော လက်နက်တစ်ခု ဖြစ်လာနိုင်ကြောင်း အလေးပေးပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၄ ရက် ဗုဒ္ဓဟူးနေ့က စိန့်ပီတာရင်ပြင်တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲ (General Audience) တွင် ဒုတိယဗာတီကန်ကောင်စီ၏ စာတမ်းတစ်ခုဖြစ်သည့် “Gaudium et Spes” (“ဝမ်း မြောက်ခြင်းနှင့် မျှော်လင့်ခြင်း”) သာသနာပြုဖွဲ့စည်းပုံအခြေခံဥပဒေကို ဗဟိုပြု၍ အဓိကအချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။

အဓိကမိန့်ခွန်းကောက်နှုတ်ချက်များ

“ပြည်သူတွေနဲ့ မတရားမှုကို ခံစားနေရသူတွေရဲ့ ဒဏ်ရာတွေကို ကုစားပေးတဲ့ နိုင်ငံရေးဟာ လူသား တွေရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်အခြေခံကို ပေးစွမ်းပါတယ်” ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်၏ မိန့်ခွန်းကို ပြန်လည်ကိုးကား၍ “စစ်ပွဲဆိုတာ နိုင်ငံရေးနဲ့ လူသားထုရဲ့ ကျရှုံးမှုဖြစ်ပြီး ရှက်ဖွယ်ကောင်းတဲ့ လက်နက်များနဲ့ မကောင်းမှုအင်အားစုတွေရှေ့မှာ နာကျင်စွာ အရှုံးပေးလိုက်ရခြင်းဖြစ်တယ်” ဟု မိန့်ကြားခဲ့သည်။

စီးပွားရေးဖွံ့ဖြိုးမှုသည် လူသားထုကို အကျိုးပြုရမည်

စီးပွားရေးဆိုင်ရာ မညီမျှမှုများသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည်။ နည်းပညာတိုးတက်မှု တစ်ခုတည်းဖြင့် မလုံလောက်ဘဲ စီးပွားရေးသည် လူသားတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိရမည်ဖြစ်ပြီး ထိခိုက်လွယ်သောအုပ်စုများနှင့် ရွှေ့ပြောင်းနေထိုင်သူများအပေါ် ခွဲခြားဆက်ဆံမှုများကို ဖယ်ရှားရမည်။

အလုပ်အကိုင်သည် လူ့ဂုဏ်သိက္ခာကို ကာကွယ်ရမည်

အလုပ်လက်မဲ့ဖြစ်မှု၊ ခေါင်းပုံဖြတ်ခံရမှုနှင့် ဘေးအန္တရာယ်ရှိသော လုပ်ငန်းခွင်အခြေအနေများသည် လက်ခံနိုင်ဖွယ်မရှိပါ။ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် ဆုံးဖြတ်ချက်များတွင် ပါဝင်ခွင့် (သမဂ္ဂများ မှတစ်ဆင့် ပါဝင်ခြင်းအပါအဝင်) ကို အာမခံရမည်။

အနာဂတ်မျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်း

ကမ္ဘာမြေ၏ ပစ္စည်းဥစ္စာများသည် လူတိုင်းအတွက် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးစီမံကိန်းများ ပြုလုပ်ရာတွင် လက်ရှိလိုအပ်ချက်များနှင့် အနာဂတ်မျိုးဆက်များ၏ ရပိုင်ခွင့်များအကြား မျှခြေကို ထိန်း သိမ်းရမည်။

နိုင်ငံရေးသည် ဘုံအကျိုးစီးပွားအတွက် ဖြစ်သည်

နိုင်ငံရေးအဖွဲ့အစည်းများသည် တစ်ကမ္ဘာလုံးဆိုင်ရာ လူသားမိသားစုကြီး၏ သုခချမ်းသာနှင့် ဘုံအကျိုး စီးပွားကို ဗဟိုပြုဆောင်ရွက်ရမည်။

အသင်းတော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

အသင်းတော်နှင့် နိုင်ငံရေးအာဏာပိုင်များသည် သီးခြားလွတ်လပ်သော်လည်း မိမိတို့၏ ကဏ္ဍများကို လေးစားရင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူထု၏ အကျိုးစီးပွားကို ပိုမိုထိရောက်စွာ အမှုတော်ဆောင်နိုင်မည်ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးက လူငယ်များအား စီးပွားရေးနှင့် နိုင်ငံရေးဘဝတွင် သစ္စာရှိစွာ အမှုတော်ဆောင် ရန် နှင့် ခရစ်ယာန်များအနေဖြင့် ပိုမိုတရားမျှတသော လူမှုအဖွဲ့အစည်း တည်ဆောက်ရေး၊ လူ့ဂုဏ်သိက္ခာ ကာကွယ်ရေးနှင့် ငြိမ်းချမ်းရေးမြှင့်တင်ရေးတို့တွင် ကတိကဝတ်ပြု ပါဝင်ကြရန် တိုက်တွန်းနှိုး ဆော် ခဲ့သည်။

#PopeLeoXIV #Vatican #GeneralAudience #CatholicChurch #GaudiumEtSpes #SocialDoctrine

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/en/pope/news/2026-11/pope-leo-general-audience-social-economic-life-social-doctrine.html

rvamyanmar
rvamyanmar
Articles: 4353

Leave a Reply

Your email address will not be published. Required fields are marked *