
ရဟန္တာအပေါင်းတို့၏ပွဲနေ့တွင်ကလေးသူငယ်များ စုစုပေါင်း (၁၉) ပထမကိုယ်တော်မြတ် စက္ကရာမင်တူး ခံယူ။

ရဟန္တာအပေါင်းတို့၏ပွဲနေ့ တနင်္ဂနွေနေ့တွင် မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ကာသီဒြယ် ရွှေနှ လုံးတော်ဘုရားကျောင်း၌ နံနက် ၈:ဝဝ နာရီအချိန်တွင် ကလေးသူငယ်များယောက်ကျားလေး (၁၁) ယောက် မိန်းကလေး(၈)ယောက် စုစုပေါင်း (၁၉) ယောက်သည် ကျောင်းထိုင် ဘုန်းတော် ကြီး Fr. Aloysius Nay Myo Swe လက်တော်မှ မထမကိုယ်တော်မြတ် စက္ကရာမင်တူးကို ခံယူရရှိခဲ့ပါ သည်။
မစ္ဆားတရားအတွင်း ဘုန်းတော်ကြီး Fr. John Aye Kyaw မှ ဩဝါဒတရားမြွက်ကြားရာတွင်
တစ်ချို့က ကိုယ်တော်မြတ်ကို ပေါ့ပေါ့တန်တန်သဘောထားကြတယ် အပြစ်ရှိလည်းပင့်လို့ရတယ် အပြစ်မရှိလည်းပင့်လို့ရတယ်။ ဘာဖြစ်မှာလဲဆိုပြီး ဝတ်ကျေတန်းကျေ ပင့်ကြတယ် ဘာမှတော့မဖြစ် ဘူးဒါပေမဲ့ အပြစ်နဲ့အသက်ရှင်တဲ့ဘဝအသက်တာမှာ သခင်ခရစ်တော်၏ အသွေးတော်နှင့် အသားတော် ကိုပင့်ယူတဲ့အခါမှာ ကိုယ်တော်မြတ်စက္ကရာမင်တူးထံမှရရှိမည့် ကျေးဇူးတော်တွေဟာအပြည့်အဝခံစား ရမှာမဟုတ်ဘူး။ ဘုရားကျေးဇူးတော်နဲ့ဝေးသွားတဲ့သူဖြစ်သွားမယ် ဒါကြောင့်မိမိကိုယ်မိမိ ငါကဘုရား ကျေးဇူးတော်နဲ့တန်တဲ့သူလား၊ ဘုရားကျေးဇူးတော်ခံစားနေရသူလား၊ ဘုရာကျေးဇူးတော်နဲ့ အသက်ရှင် နေထိုင်တဲ့သူလားဆိုပြီး ပြန်လည်ဆန်းစစ်ပြီး နေထိုင်ဖို့လိုပါတယ်။
သခင်ဘုရားရဲ့အသွေးတော်နဲ့အသားတော်ကို ရိုရိုသေသေ ယုံယုံ ကြည်ကြည်နှင့်ပင့်ယူဖို့လိုပါတယ်။ ကိုယ်တော်မြတ်ကိုထိုက်တန်စွာပင့်ယူနိုင်ဖို့ မိမိစိတ်နှလုံးကို ကြိုပြင်ဆင်ထားဖို့လိုပါတယ်။ ဘုရားကျေး ဇူးတော်နှင့် ထိုက်တန်တဲ့ဘဝအသက်တာကိုရဖို့ ရန်အတွက် ကျွန်ုပ်တို့က ဘုရားရဲ့အသွေးတော်နှင့် အသားတော်ကိုပင့်ယူကြတာဖြစ်တယ် သခင်ဘုရားရဲ့ဆုံးမသွန်သင်မှုအောက်မှာ ကျွန်ုပ်တို့ တစ်လုံးတဝ တည်း ရှိဖို့လိုပါတယ်။ ဒီနေရာမှာဘုရားလိုချင်တဲ့တစ်လုံးတစ်ဝတည်း ဆိုတာ သူတို့အိမ်မှာ စားစရာမရှိ ရင်ငါ့အိမ်မှာစားစရာမရှိသလိုခံစားရမယ်၊ သူတို့နေစရာမရှိတာ ငါနေစရာမရှိသလိုခံစားရမယ်၊ သူတို့ အိမ်မှာမျက်ရည်ကျရင် ငါမျက်ရည်ကျမယ်၊ သူတို့ဝေနနာခံစားရင် ငါလည်းသူတို့နဲ့အတူ ပူဆွေးနာကြင် ခြင်းကိုခံစားရမယ် စသည်ဖြင့် ဘဝအသက်တာကို ဝေမျှခံစားတတ်မှ ဘုရားကျေးဇူးတော်နဲ့ ထိုက်တန် တဲ့ခရစ်ယာန်ကောင်းတစ်ယောက်ဖြစ်လာမှာဖြစ်ပါတယ်။ ဟုမြွက်ကြားခဲ့ပါသည်။
ပထမကိုယ်တော်မြတ်ပေးခြင်းနှင့် မိဘများအား ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Aloysius Nay Myo Swe မှအမှာစကားပြောကြားရာတွင်
ဒီကနေ့ ပထမကိုယ်တော်မြတ်စက္ကရာမင်တူးခံယူကြတဲ့ သူအားလုံးစုစုပေါင်း (၁၉) ယောက်ရှိပါတယ်။ သူတို့တွေကို ဘုရားတရားအကြောင်း ပိုမိုသိနားလည်းစေရန် နွေရာသီသုံးလတာကာလမှာလည်း ဘုရား စကားသင်ပေးပြီးပြီဖြစ်ပြီး အခုဒီသတင်းကျွတ်ကာလ မှာလည်း (၈)ရက်လောက် ရတဲ့အချိန်မှာလည်း ဒုတိယအချိန်ပြန်လည်သင်ယူပြီးမှ သူတို့ရဲ့ ဘုရားစကားကို နားလည်မှု၊ စိတ်ဝင်စားမှု၊ ဘုရားအပေါ်မှာ ရို သေကိုင်းရှိုင်းကြတဲ့ သူတို့ရဲ့ စိတ်ဓာတ်လေးတွေကို အသအမှတ်ပြုပြီး ဘုရာအပေါ်သူတို့ဘယ်လို ဘယ် လိုယုံကြည်ကိုးကွယ်ရမယ်ဆိုတာ သိသင့်သိထိုက်သလောက်သိပြီးဖြစ်တဲ့အတွက် ကိုယ်တော်မြတ် စက္ကရာမင်တူးကိုပေးခဲ့ခြင်းဖြစ်ပါတယ်။
ဒီနေရာမှာ မိဘတွေကိုလည်းထပ်ပြီးမှာကြားချင်းတာက ဆက်လက်ပြီးတော့ ဒီသားငယ်သမီးငယ်တွေ ကို ဘာသာရေးလမ်းကြောင်းပေါ်၊ ဘာသာရေးရဲ့ဆုံးမလမ်းမှုပေါ်မှ သွေဖေမသွားအောင် ဆက်ပြီး ပို့ပေး ကြပါ။ ကိုယ်တော်မြတ်စက္ကရာမင်းတူးရပြီးရင် နောက် ခရစ္စမားအားပေးခြင်းအစီအစဉ်တွေလည်း ဆက်ရှိမှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့သားသမီးတွေကို ဘုရားနဲ့ပိုမိုနီးကပ်စေဖို့ မိဘတွေရဲ့ အခန်းကဏ္ဍက လည်းအရေးကြီးပါတယ်။ ဒါကြောင့်ဒီကလေးသူငယ်တွေကို ဘုရားနဲ့မတ်ဆက်ပေးပါ ဘုရားနဲ့ပျော်မွေ့ နိုင်အောင် ကူညီပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ဟု ပြောကြားခဲ့သည်။
Mary (မိခင်)
စက္ကရာမင်တူးတွေထဲကတစ်ခုဖြစ်တဲ့ အရေးကြီးတဲ့ ကိုယ်တော်မြတ်စက္ကရာမင်တူးကို သားလေးခံယူရ ရှိတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ သားလေးကို ဒီလိုပထမကိုယ်တော်မြတ်ရအောင် စိတ်ရှည် စွာနဲ့ ဘုရားစကားတွေသင်ကြားပေးသော သက်ဆိုင်ရာ ဘုန်းတော်ကြီးတွေ၊ စစ္စတာရ်တွေ၊ ဆရာမတွေ ကိုလည်းကျေးဇူးတင်ပါတယ်။ တကယ်တော့ မနှစ်ကတည်းက ရရှိနိုင်မှာဖြစ်ပေမဲ့ ကျွန်မတို့ မိဘတွေ က အလုပ်မအားတာနဲ့ သားလေးကို ဘုရားစကားအတန်းမပို့နိုင်လု့ ဒီနှစ်တော့ဘာဖြစ်ဖြစ် သားလေးကို ကိုယ်တော်မြတ်စက္ကရာမင်တူး ရအောင်လုပ်လုပ်ပေးမယ်ဆိုပြီး နွေရာသီ ဘုရားစကားစတင်ကတည်း က သားလေးကိုလာပို့ပါတယ်။
Joseph (ဖခင်)
ဒီနေ့ ကျွန်ုတော်သား ပထမကိုယ်တော်မြတ်စက္ကရာမင်တူးကို ခံယူရရှိတဲ့အတွက် ပျော်ပါတယ်။ မစ္ဆား တရားတွေမှာ ဘုန်းတော်ကြီးများက ဒီကိုယ်တော်မြတ်စက္ကရာမင်တူးရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ အကြောင်း ခနခနဟောကြားပေမဲ့ တခါတလေ ကျွန်ပ်တို့လူကြီးတွေတောင် ဖြစ်သလိုပင်ယူပြီး အလေး မထားပြုမူမိတဲ့အချိန်တွေလည်း ရှိခဲ့တာမို့ သားသမီးတွေကိုလည်း အဲလိုမဖြစ်အောင် မိဘတစ်ယောက် အနေနဲ့တတ်သလောက်ပြုပြင်ထိန်းကြောင်းပေးဖို့တာဝန်ရှိတယ်ဆိုတာ သိလာပါတယ်။ သားလေးက ငယ်သေးသော ဘုန်းဘုန်းပြောသလို ဘုရားတရားနဲ့ပျော်မွေ့တဲ့သားလေးဖြစ်လာအောင်လည်း ကြိုးစား ပေးဖို့စိတ်ကူးထားပါတယ်။



