
“သင်တို့၏ ကူညီမစမှုကို အမှန်တကယ် ခံစားသိရှိခဲ့ရပါတယ်”

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဆေးရုံတက်ရောက်ကုသစဉ်အတွင်း စေတနာထား ပြုစုပေးခဲ့ ကြ သော ဂျီမယ်လီ (Gemelli) ဆေးရုံမှ ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး “လွန်ခဲ့သည့်ရက်များအတွင်း ကျွနုပ် အတွက် ဆုတောင်းပေးခဲ့ကြသူ အားလုံးကိုလည်း” ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။
တနင်္ဂနွေနေ့က ပြုလုပ်သည့် အိန်ဂျယ်လုစ် (Angelus) မေတ္တာဆိုအပြီးတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က လွန်ခဲ့သည့်ရက်များအတွင်း မိမိအတွက် ဆုတောင်းပေးခဲ့ကြသူ အားလုံးကို “သူ့အနေနဲ့ သင်တို့ ရဲ့ ကူညီမစမှုကို အမှန်တကယ် ခံစားသိရှိခဲ့ရပါတယ်။ အားလုံးကို ကျေးဇူးတင် ပါတယ်” ဟု မိန့်ကြားကာ ကျေးဇူးတင်စကား ဆိုခဲ့သည်။
ဆက်လက်၍ ၎င်းက အင်္ဂါနေ့တွင် အဆုတ်မှ ကင်ဆာ အကျိတ်ကို ဖယ်ရှားရန် ခွဲစိတ်ကုသမှု ခံယူခဲ့သည့် “ဂျီမယ်လီ ဆေးရုံကြီးမှ ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းအားလုံးကို အထူးပင် ကျေးဇူးတင်ရှိ ကြောင်း” မြွက်ဟခဲ့သည်။
“ဒီအတွေ့အကြုံကြောင့် မကျန်းမမာဖြစ်နေရသူတွေ၊ သို့မဟုတ် ဒုက္ခဝေဒနာ ခံစားနေရသူတွေနဲ့ အထူး တလည် နီးကပ်စွာ ထိတွေ့ခံစားခွင့် ရရှိခဲ့ပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက တနင်္ဂနွေနေ့တွင် မိန့်ကြား ခဲ့သည်။
ရဟန်းမင်းကြီးသည် စနေနေ့နံနက်ပိုင်းက သွေးစစ်ဆေးမှုများနှင့် ရင်ဘတ် ဓာတ်မှန်ရိုက်ကူးမှုများအရ ဆေးရုံမှ ဆင်းနိုင်သည့် အခြေအနေရှိကြောင်း အတည်ပြုပြီးနောက် စနေနေ့မွန်းလွဲပိုင်းတွင် ဆေးရုံမှ ဆင်းခဲ့ခြင်းဖြစ်သည်။ ဆေးရုံမှ မထွက်ခွာမီ ပုပ်ရဟန်းမင်းကြီး လီယိုသည် ခွဲစိတ်ကုသပေးခဲ့သည့် ဆရာဝန်၊ ဆေးဘက်ဆိုင်ရာနှင့် သူနာပြုအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ Catholic University of the Sacred Heart မှ ပါမောက္ခချုပ်နှင့် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့တို့ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား ပြောကြားနိုင်ခဲ့သည်။
ပုပ်ရဟန်းမင်းကြီး လုပ်ငန်းဆောင်တာများကို ‘တဖြည်းဖြည်းချင်း’ ပြန်လည်စတင်မည်
အိန်ဂျယ်လုစ် မေတ္တာဆိုအပြီး နိဂုံးချုပ်မိန့်ခွန်းတွင် ပုပ်ရဟန်းမင်းကြီး လီယိုက “အခုလို ထိလွယ် ရှလွယ် တဲ့ အဆင့်ကို ကျော်ဖြတ်ပြီးပြီဆိုတော့—သင်တို့ သိတဲ့အတိုင်းပဲ—ဘုရားသခင်ရဲ့ ကူညီမစမှု၊ သင်တို့ရဲ့ ဆု တောင်းပေးမှုတွေနဲ့အတူ ကျွနုပ် ရဲ့ လုပ်ငန်းဆောင်တာတွေကို တဖြည်းဖြည်းချင်း ပြန်လည်စတင် သွား ပါမယ်” ဟု မိန့်ကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီး ခွဲစိတ်ကုသမှု မခံယူမီအချိန်က ပုပ်ရဟန်းမင်းကြီး၏ လူထုတွေ့ဆုံပွဲဆိုင်ရာ လုပ်ငန်း များကို စီစဉ်ပေးသည့် Papal Household အုပ်ချုပ်ရေးရုံးက အောက်တိုဘာ ၂၀ ရက် (အင်္ဂါနေ့) အထိ ပုပ်ရဟန်းမင်းကြီး၏ တွေ့ဆုံပွဲ အားလုံးကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။
utube-@rvamyanmar8152
Website: rvamyanmar.org See less
Fr. Peter Kyi Maung
credit: Vatican News
https://www.vaticannews.va/…/pope-at-angelus-i-have…
See less
Shared post



