မိမိတို့ရဲ့ စိတ်လှုပ်ရှားမှုကြောင့် လင်မယားအချင်းချင်း စူးစူးဝါးဝါး အော်ဟစ်ဆူပူ ခြင်းကိုရှောင်ပါ။

ဒီနေ့မှာ မိမိတို့ရဲ့ စိတ်လှုပ်ရှားမှုကြောင့် လင်မယားအချင်းချင်း စူးစူးဝါးဝါး အော်ဟစ်ဆူပူ ကြတဲ့အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

            အိမ်ထောင်ရှင်တိုင်းမှာ လင်နဲ့မယား လျှာနဲ့သွားဆိုသလို အခုလိုဖြစ်ကြမှာပဲ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကလည်း အမျိုးမျိုးရှိမှာပဲ။ အချင်းချင်းစိတ်တိုင်းမကျလို့ မိမိထင်သလို ဖြစ်မလာ လို့ ဝင်ငွေထက် ထွက်ငွေက များနေလို့ မိမိအလုပ်မှာ စိတ်ဖိစည်းမှုတွေရှိလို့ ဆွေမျိုးရေးကိစ္စမပြေ လည်မှုတွေ စသဖြင့် စုံလို့ပါ။

            ဒီတော့ မကျေနပ်ပဲ ဇနီးမှောင်နှံအော်ကြ ဆူပူကြနဲ့ အဲ့ဒီလို ပြုမူနေလို့ကော ကိစ္စက ပြီးသွား မှာလား ငြင်းခုန်နေတာက မိမိအိမ်ထောင်ရေးကို ခိုင်မြဲအောင် မလုပ်နိုင်ပါဘူး။ အဲ့ဒီလိုဖြစ်လာရင် နားလည်မှုပေးတာ အကောင်းဆုံးပါ မိမိတို့က သူစိမ်းတွေမှ မဟုတ်ပဲ။

            ပေါက်ကွဲပြီး အော်ဟစ်ဆူပူနေတဲ့ အထိမစောင့်ပါနဲ့ ပြဿနာကတော့ ရှိနေပြီ၊ ဒါကို နှစ်ယောက်စိတ်တည်ငြိမ်နေတုန်းမှာ ပွင့်ပွင့်လင်းလင်း ပြောကြည့်ကြပါ။

            မိမိတို့ရဲ့ မိသားစုအိမ်မှ သင့်တင့်လျှောက်ပတ်တဲ့ ငြိမ်သက်တဲ့ အချိန်မှာ အလာပ သလ္လာပ ပြောရင်း နေရာလပ်တစ်ခုကို တည်ဆောက်ရင်း လေးနက်တည်ကြည်စွာနဲ့ပဲ ပြဿနာကို အေးဆေး စွာ ဖြေရှင်းအနိုင်ယူလို့ရပါတယ်။

            မိမိက ပြန်ခံပြီးပြောချင်တယ်ဆိုရင်လည်း စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး နားမထောင်ပဲ ဆိတ်ဆိတ်သာနေလိုက်ပါ။

            တဖက်ကနေ ဘယ်လိုပဲပြောနေပါစေ ဆိုလိုတာက ဆူပူဆဲဆိုအော်ဟစ်ပြောဆိုနေပါစေ ဆုံးအောင်နားထောင်လိုက်ပါ။

            မိမိချေပကာကွယ်ချင်တဲ့ ဆန္ဒကို ဖြုတ်ချလိုက်ပါ။ သူ့ရဲ့ နာကြင်မှုကို နားလည်မှုရှိစွာနဲ့ နားထောင်ပေးလိုက်ပါ။

            မိမိရဲ့ ပြန်လည်ဖြေရှင်းတာ အဖြေရှာတာကို တစ်ဖက်က မလိုလားပါဘူး၊ မိမိက နားထောင် ပေးဖို့ပဲ လိုတာပါ။

            ဘယ်အကြောင်းအချက်တိုင်းကိုမဆို ပြန်ရန်ဖြစ်ပြောဆိုဖို့ မတန်ပါဘူး မိမိရဲ့ အိမ်တွင်း ဆူပူမှု ရန်ပွဲကို မိမိက အမြော်အမြင်ကြီးစွာနဲ့ သဘောပေါက်နားလည်ဖို့ မိမိကိုယ်တိုင် ရေွးချယ်တတ် ရမယ်။ တစ်ခွန်းပဲ ပြန်မေးလိုက်ပါ။ အခုကစပြီး နောက်ဘယ်နှစ်နှစ်ထိ အခုလိုဖြစ်နေအုံးမှာလဲ အခုလိုပဲ ဆူပူအော်ဟစ်နေလို့ ပြဿနနာက ပြီးမှာလား။

            မိမိတို့အိမ်ထောင်မှာ မိမိကပြောတဲ့ အရာရာတိုင်း ဖြေရှင်းလို့ပေမဲ့ ဒါက လူတိုင်းမှာ ရှိတဲ့ ကိုယ်ပိုင်မာနပါ၊ ဒါပေမယ့် မာနကို ဦးထပ်ထားရင်တော့ အိမ်ထောင်ရေးအဆင်မပြေရင်းနဲ့ တဖြည်း ဖြည်း ကွဲသွားနိုင်ပါတယ်။ ငြိမ်းချမ်းစွာ ပြုမူတာက မူလအိမ်ထောင်ရေးကို ဆက်လက်ထိန်းသိမ်း သလို ဖြစ်စေပါတယ်။ အသေးစိတ်ကိစ္စလေးတွေကို အော်ဟစ်ဆူပူဖို့ အခွင့်ပေးတာက တဖြည်းဖြည်း ယိုယွင်းပျက်စီးမဲ့ ချစ်ခြင်းမေတ္တာ အိမ်ထောင်ရေးကို ပြန်ပြီး ကယ်တင်လိုက်သလိုဖြစ်စေပြီး ‘‘မှတပါး တခြားမရှိပါ’’ ဆိုသလိုပါပဲ။  

            အေးဆေးတည်ငြိမ်မှုအပြည့်နဲ့ စကားပြောဆိုတာက စကားလုံးကြမ်းကြမ်းတမ်းတမ်း ပြောတာထက် ပိုပြီး နာကြင်စေပါတယ်။ မိမိက အသံကို နှိမ့်ပြီးပြောရင် တဖက်ကလည်း တည့်မတ် ပြောဆိုနေရာကနေ မိမိလိုပဲ ပြန်မှီတည်လာပါလိမ့်။ တစ်ဖက်ကြားအောင် အော်ဟစ်ပြီးပြောနေဖို့ မလိုပါဘူး။ မိမိက သဘောမတူနိုင်ပါဘူးဆိုတာကို အရိုအသေတန်တဲ့ အကြည်းတန်တဲ့ စကားအသုံး အနှုန်းတွေနဲ့ ပြောဆိုနေဖို့လည်း မလိုပါဘူး။ မိမိက သဘောမတူနိုင်ဘူးဆိုတာကို ရိုင်းပျတဲ့ အပြုအမူတွေနဲ့လည်း မပြုမူသင့်ပါဘူး)

            မိမိရဲ့ စိတ်ခံစားချက်တွေမြင့်လာရင် စိတ်ကိုတည်ငြိမ်အောင်ထားပြီးမှ စကားပြောပါ။

            ‘‘ငါတို့ ဒီအကြောင်းအရာကို နောက်တစ်ခေါက်မှအချန်ပေးပြီး ပြန်စရအောင်’’ အဲ့ဒီလို ရွှေ့ဆိုင်းလိုက်ပါ။

            နောက်ပြန်ဆုတ်တယ်ဆိုတာ ကြောက်လို့ အရှုံးပေးတာနဲ့ မတူပါဘူး။ ပညာရှိတွေရဲ့ ပြောစကားဖြစ်ပါတယ်။

            ဒီတော့ ပြဿနာကို ဒေါသတွေနဲ့ ပူလောင်မှုတွေနဲ့ ပြောဆိုနေမဲ့အစား အချိန်နည်းနည်းယူ ခေါင်းအေးအေးထား စဉ်းစားပြီးမှ ဖြေရှင်းတာက ပိုပြီး ထိရောက်လှပါတယ်။

            အတ္တမာနတွေနဲ့ မိမိတို့ချစ်ခြင်းကို အရောင်းအဝယ်လုပ်သလို မလုပ်လိုက်ဖို့ လိုပါတယ်။ အမြတ်ရဖို့၊ အနိုင်ရဖို့ မတွက်လိုက်ပါနဲ့။

            ဒါကြောင့် လင်မယားတွေက စုံတွဲတွေ အော်ဟစ်ပြောဆိုနေမယ်ဆိုရင် အခုတင်ပြခဲ့တဲ့ အကြောင်းအရာကို ပြန်ပြီး တွေးကြည့်ပေးပါ။ အိမ်ထောင်တစ်ခုမှာ စကားများရန်ဖြစ်နေမယ်ဆိုရင် ဒီအိမ်ထောင်ကို fix ခိုင်မြဲအောင်လုပ်ဖို့ တဖြည်းဖြည်း မရလာနိုင်တော့ပါဘူး။ တဖြည်းဖြည်းတအိမ် ထဲမှာ နေပေမယ့် ဝေးသထက် ဝေးကွာသွားပါလိမ့်မယ်ဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။

rvamyanmar
rvamyanmar
Articles: 4307

Leave a Reply

Your email address will not be published. Required fields are marked *