အဆုတ်အတွင်းမှ အကျိတ်ကို ဖယ်ရှားရန် ပုပ်ရဟန်းမင်းကြီး လီယို မကြာမီ ခွဲစိတ်ကုသမှု ခံယူမည်

ရဟန်းမင်းကြီးအတွက် ဆုတောင်းပေးကြပါစို့

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ၎င်း၏ အဆုတ်အတွင်းရှိ “နေရာတစ်ခုတည်း၌သာ ရှိနေသော အကျိတ်ငယ်” ကို ဖယ်ရှားရန် ခွဲစိတ်ကုသမှု ခံယူတော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ အဆို ပါအကျိတ်မှာ “အစောပိုင်းအဆင့်တွင် ရောဂါရှာဖွေတွေ့ရှိခြင်းဖြစ်ပြီး သီးခြားနေရာ၌သာ တည်ရှိသည်” ဟု မှတ်ချက်ပြုခဲ့သည်။ ခွဲစိတ်ကုသမှုကို လာမည့်ရက်ပိုင်းအတွင်း ရောမမြို့ရှိ Gemelli ဆေးရုံကြီး၌ ပြုလုပ်သွားမည်ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် တနင်္ဂနွေနေ့ အန်ဂျေလုစ် (Angelus) မေတ္တာဆိုခြင်းတွင် စုဝေး ရောက်ရှိနေကြသော ဘာသာတူပရိသတ်များအား ၎င်း၏ဆရာဝန်များက အဆုတ်အတွင်း “နေရာတစ်ခု တည်း၌ရှိသော အကျိတ်” ကို တွေ့ရှိထားသဖြင့် ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှု ခံယူတော့မည်ဖြစ် ကြောင်း မိန့်ကြားခဲ့သည်။

ခွဲစိတ်မှုကို ရောမမြို့ရှိ Agostino Gemelli ဆေးရုံကြီး၌ ပြုလုပ်သွားမည်ဖြစ်သည်။

၎င်းက ဆက်လက်၍ ထိုအကျိတ်ကို “အစောပိုင်းအဆင့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သီးခြားနေရာ၌သာ သေချာစွာ တည်ရှိနေသည်” ဟု ဖြည့်စွက်မိန့်ကြားခဲ့သည်။

ဆရာဝန်များက ခွဲစိတ်ကုသရန် အကြံပြုထားသဖြင့် ၎င်းတို့၏ အကြံပြုချက်အတိုင်း လာမည့်ရက်ပိုင်း အတွင်း ခွဲစိတ်မှုပြုလုပ်ရန် စီစဉ်ထားကြောင်း ပုပ်ရဟန်းမင်းကြီးက ဆိုသည်။

ပုပ်ရဟန်းမင်းကြီး လီယိုသည် လူတိုင်း၏ ဝိညာဉ်ရေးရာ ပံ့ပိုးကူညီမှုများနှင့် အနီးကပ်ရှိနေပေးမှု များအ တွက် ကျေးဇူးတင်ရှိကြောင်းနှင့် မိမိကိုယ်ကို ပရိသတ်များ၏ ဆုတောင်းမေတ္တာများထံ ပေးအပ်အပ်နှံ ကြောင်း ပြောကြားခဲ့သည်။

“ချစ်လှစွာသော မိတ်ဆွေတို့၊ လတ်တလော ဆေးစစ်မှုအချို့ ပြုလုပ်စဉ်မှာ ဆရာဝန်တွေက အဆုတ် ထဲမှာ သေးငယ်ပြီး သီးခြားနေရာမှာ ရှိနေတဲ့ အကျိတ်လေးတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒါဟာ အစောပိုင်း အဆင့်မှာ တည်ရှိနေတာဖြစ်ပြီး နေရာတစ်ခုတည်းမှာပဲ ရှိနေတာပါ။ ဆရာဝန်တွေက ခွဲစိတ်ဖယ်ရှား လိုက်တာ အကောင်းဆုံးလို့ ယူဆကြတဲ့အတွက်၊ သူတို့ရဲ့ အကြံပြုချက်အတိုင်း ခွဲစိတ်မှုခံယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခွဲစိတ်မှုကို လာမယ့်ရက်ပိုင်းအတွင်း ပြုလုပ်ဖို့ စီစဉ်ထားပြီးပါပြီ။ သင်တို့ရဲ့ ဝိညာဉ်ရေးရာ အနီးကပ် ဆုတောင်းပေးမှုတွေအတွက် ကျေးဇူးတင်သလို၊ သင်တို့ရဲ့ ဆုတောင်း မေတ္တာ တွေထဲ အပ်နှံပါတယ်။ ကျေးဇူးတင်ပါတယ်၊ သာယာသော တနင်္ဂနွေနေ့ ဖြစ်ပါစေ။”

သတင်းထောက်များ၏ မေးမြန်းချက်များကို တုံ့ပြန်ရာတွင် ရဟန်းမင်းကြီးရုံးတော် သတင်းပြန် ကြား ရေးရုံး ဒါရိုက်တာ Matteo Bruni က “ခွဲစိတ်မှုကို ဒီသီတင်းပတ်၏ ပထမပိုင်းရက်များတွင် ပြုလုပ်ရန် စီစဉ်ထားပြီး ခွဲစိတ်ပြီးနောက် ပြန်လည်သက်သာလာမည့် ကာလမှာ တစ်ပတ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းရပါသည်” ဟု အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

utube-@rvamyanmar8152

Website: rvamyanmar.org See less

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/…/pope-leo-xiv-to-undergo…

See less

rvamyanmar
rvamyanmar
Articles: 4304

Leave a Reply

Your email address will not be published. Required fields are marked *