
မန္တလေးသာသနာအတွင်းရှိလူငယ်များအတွက် “AI နှင့်ကက်သလစ်လူငယ်များ”ဟူသောခေါင်းစဉ်ဖြင့် တစ်ရက်တာသင်တန်းကျင်းပပေး။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိလူငယ်များအတွက် “AI နှင့်ကက်သလစ်လူငယ်များ” ဟူသောခေါင်းစဉ်ဖြင့် တစ်ရက်တာသင်တန်းကို မန္တလေးသာသနာ၊ စဉ့်ကိုင်မြို့နယ်၊ဇော်ဂျီကျေးရွာ၌ (၁၁.၁၀.၂၀၂၆) တနင်္ဂနွေနေ့တွင် လူငယ်တန်ဝန်ခံ ဘုန်းတော်ကြီး Fr. Alphonse aung Ko Latt မှအဖွင့် မစ္ဆားတရားဦးဆောင်ပူဇော်ပေးခဲ့ပြီး သင်တန်းပို့ချမှုကို Sr. Jane နွေးနွေးမှ ပို့ချခဲ့ပါသည်။
သင်တန်းအတွင်း မန္တလေးမြို့ပေါ် ရှိကျောင်းများနှင့် ကျေးရွာများမှ လူငယ်များလာရောက်တက်ရောက် ခဲ့ပါသည်။ လူငယ်များခေတ်ကာလနဲ့အညီပြောင်းလဲတိုးတက်လာတဲ့ နည်းပညာဖြစ်တဲ့ AI ကိုအကျိုးရှိ အောင်စေချင်တယ်။ ဒီလိုမဟုတ်ပဲ ဖြစ်သလိုတလွဲသုံးရင် ကိုယ်အပါအဝင် ကိုယ်မိသားစု၊ ကိုယ့် သာ သနာ၊ ကိုယ့်ပတ်ဝန်းကျင်ကို မလိုလားအပ်တဲ့ ပြသနာတွေဖြစ်လားနိုင်တဲ့အတွက် ဆင်ခြင်သုံးဖို့အသိ တရားရစေချင်တာရေ ပြီးတော့ AI ကြောင့်လူ့ဂုဏ်သိက္ခာထိခိုက်စေတဲ့အရာတွေကို ရှောင်ရှားဖို့ရန်နဲ့ လူ့ ဂုဏ်သိက္ခာကိုတန်ဖိုးထားကာကွယ်တတ်တဲ့လူငယ်တွေဖြစ်လာဖို့ရန် ရည်ရွယ်ပြီး သင်တန်းကိုကျင်းပ ပေးခြင်းဖြစ်သည်ဟု သင်တန်းပို့ချပေးသော Sr. Jane နွေးနွေးမှ ပြောကြားခဲ့ပါတယ်။
မစ္ဆားတရားအတွင်း လူငယ်တာဝန်ခံ ဘုန်းတော်ကြီး Fr. Alphonse aung Ko Latt မှဩဝါဒမြွက် ကြား ရာတွင်
“အခုလိုကမ္ဘာနှင့်အဝန်းနည်းပညာတွေတိုးတက်လာတဲ့အချိန်မှာ အွန်လိုင်းဆိုရှည်မီဒီယာ အမျိုးမျိုးပေါ် ထွက်လာတယ် သုံးလာကြတယ်။ ဘာပဲလိုလိုအွန်လိုင်းမှာ ရှာလို့ရနေတဲ့ခေတ်ဖြစ်လာတယ်။ အခုဆို AI နည်းပညာပါထပ်ပေါ်လာတယ် ဒါပေမဲ့တစ်ဖက်မှာလည်း ဒီလိုအခွင့်အရေးတွေနဲ့ အတူတူ ဆိုးကျိုးတွေ လည်းအများကြီးရှိလာတယ်။
အခုခေတ်လူငယ်တွေဟာ အိပ်ယာနိုးတာနဲ့ ဖုန်းကိုစကိုင်လာတယ် ဆိုရှည်မီဒီယာအပေါ် အရင်ရောက် တယ်။ ကိုယ်လက်လှုပ်ရှားမှုတွေမရှိတော့ဘူး အိမ်အလုပ်ကူလုပ်တာတွေမလုပ်ချင်ကြတော့ဘူး TikTok ထဲဝင်ပြီဆိုပြန်မရပ်ချင်တော့ဘူး ဂိမ်းဆော့နေပြီဆို ထမင်းမေ့ဟင်းမေ့ ဒီလိုအခြေအနေရောက် နေတဲ့လူငယ်တွေပိုများလာတယ်။ လူငယ်တွေက ကျန်တဲ့ပညာရပ်တွေကိုမလေ့လာချင်တော့ဘူး TikTok နှင့်အခြားဆိုရှယ်မီဒီယာအပေါ်မှာ အချိန်ပိုဖြုန်းလာကြတယ်။ လူမှုကွန်ယက်ပေါ်မှာပဲ သူငယ်ချင်းတွေထားကြတယ် ကိုယ့်ဘေးမှာရှိနေတဲ့ ပတ်ဝန်းကျင်ကသူငယ်ချင်းတွေနဲ့ မပေါင်းသင်း တတ်တော့ဘူး။
အခုဆိုAI နည်းပညာက ထပ်ပေါ်လာသော လူငယ်တွေဒီအပေါ်မှာပဲမှီခိုချင်လာကြတယ် ကိုယ်တိုင်ကြိုး စားလုပ်ချင်စိတ်တွေလျော့လာကြတယ်။ ဘာလိုလိုAI ကိုမေးလိုက်ရင်ရပြီဆိုတဲ့ အတွေးတွေဝင်လာ ကြတယ် အလွယ်နည်းရလာကြတယ်။
ဒါကြောင့်လူငယ်တို့ကို ပြောချင်တာက တိုးတက်လာသောနည်းပညာတွေကို မသုံးစွဲရဘူးပြောတာ မဟုတ်ဘူး ဒီအရာတွေကို ကိုယ့်ဘဝ ကိုယ်ရှေးရေးအထောက်အကူပြုနိုင်မဲ့ နေရာတွေမှာပဲ အကျိုးရှိရှိ အသုံးချပါ ဒီအပေါ်အချိန်ဖြုန်းတာတွေမဖြစ်ဖို့လိုတယ်။ လူငယ်တွေမှာရှေ့ဆက်ရမဲ့အနာဂါတ်တွေ အများကြီးရှိပါတယ် တစ်ခြားလေ့လာစရာတွေလည်းအများကြီးရှိပါတယ်။ မိမိရဲ့အချိန်ကို အကျိုးကျိုး ရှိရှိစီမံခန့်ခွဲပြီးအသုံးချတတ်ဖို့လိုအပ်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။
သင်တန်းပို့ချပေးခဲ့သော Sr.Jane နွေးနွေးမှလည်း
“ကျွန်မအမြင်ပြောရရင် AI ကလူသားတွေအတွက် ကောင်းတာတွေအများကြီးရှိသလို ဆိုးကျိုးတွေ လည်းရှိပါတယ်။ AI ကိုမှီခိုလွန်းအားကြီးရင် ကိုယ့်အားကိုမကိုးတဲ့အခါ ဥပမာ- ကိုယ့်ရဲ့ညဏ်စွမ်းရည် ကိုယ့်ရဲ့ဆင်ခြင်တုံတရား၊ ကိုယ့်ရဲ့ဂုဏ်သိက္ခာတွေကိုမေ့ထားတဲ့အခါ ကျွန်မတို့လူတွေကိုလူလိုမမြင် တော့ပဲစက်ပစ္စည်း စက်ရုပ်တွေလိုမြင်လာတဲ့အခါကြရင် ဆိုကျိုးတွေဖြစ်လာနိုင်ပါတယ်။ လူငယ်နဲ့AI လို့ပြောတဲ့အခါ အခုခေတ်က အင်တာနက်ခေတ်ဖြစ်တော့ အဲဒီခေတ်ကိုလိုက်နေတဲ့အခါမှာ ကိုယ်သည် တန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်တယ်ဆိုတာ မမေ့ဖို့လိုအပ်ပါတယ်။
နောက်ပြီးလူ့ဂုဏ်သိက္ခာတွေဖြစ်တဲ့ ကိုယ့်ရဲ့စွမ်းဆောင်ရည်၊ ကိုယ်ရဲ့ညဏ်ရည်၊ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာ တွေ၊ လူသားချင်း ကိုယ်ချင်းစာတတ်တဲ့စိတ်တွေကို ကျွန်မတို့မေ့ထားလို့မရဘူး။ မဟုတ်ရင် AI ခိုင်း တာပဲလိုက်ပြီးတော့ဘာဖြစ်တတ်လဲဆိုရင် ကျွန်မတို့ကကိုယ့်ကိုကိုယ် မဆုံဖြတ်နိင်တော့ဘူး။ အဲဒီအခါ မှာတစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံရေးတဲ့အခါအခက်အခဲတွေတွေ့ကြမယ်။ နောက်ပြီ တော့ ချစ်ခြင်းမေတ္တာတွေနဲ့တည်ဆောက်ရတဲ့ မိသားစုတွေ၊ ပတ်ဝန်းကျင်တွေမှာ ချစ်ခြင်းမေတ္တာဆို တာကဘာလဲမသိဖြစ်တတ်ပါတယ်။
ဒါကြောင့်လူငယ်တွေကိုပြောချင်တာက ကိုယ့်ရဲ့အစွမ်းအစ၊ ကိုယ့်ရဲ့အရည်အချင်းသည် ကိုယ့်ထဲမှာပဲ ရှိတဲ့အတွက် AIကိုပဲမှီခိုတာထက် ကိုယ်ရဲ့ညဏ်ရည်ကို ပြန်ပြီးအရည်အသွေးမြင့်လာအောင်လုပ် ဆောင် ဖို့လိုပါတယ်။ AI ကိုကောင်းတဲ့နေရာမှာသုံးရင် အကျိုးရှိပါပြီး တလွဲသုံးမိရင်မလိုလားအပ်တဲ့ ဆိုးကျိုး တွေနဲ့လည်းရင်ဆိုင်နိုင်ပါတယ်။
Augustine Ko Tin Aung Myint
ကျွန်တော်တို့လူငယ်တွေကို ဒီလိုAI နဲ့ပတ်သက်ပြီး AI ဆိုတာဘာလဲဆိုတဲ့အကြောင်းအရာတွေကို လာ သင်ကြားပို့ချပေးတဲ့ စစ္စတာရ်ကိုလည်းကျေးဇူးတင်ပါတယ်။ တစ်ချို့ကသိပြီးသားဖြစ်ပေမဲ့ ကျွန်ုပ် တို့ဒီ တစ်ချို့ရွာဘက်ကသိပ်မသိကြသေးဘူးကြားဖူးနားဝတော့ရှိမှာပေါ့နော။ စနစ်တကျဘယ်လိုသုံးစွဲရင် အကျိုးရှိမယ် ဘယ်လိုသုံးရင်ဖြင့် ဆိုးကျိုးတွေနဲ့ရင်ဆိုင်လာနိုင်တယ်ဆိုတာကတော့ ခုလိုပညာပေး သင်တန်းလုပ်ပေးတာကအများကြီးအထောက်အကူဖြစ်မယ်လို့ထင်ပါတယ်။
Margraret
ဒီသင်တန်းလာတက်ခွင့်ရတဲ့အတွက်ဗဟုသုတအများကြီးရပါတယ် AI အကြောင်းကို နည်းနည်းပါးပါး တော့သိထားပါတယ်။ ဒီနေ့စ္စတာရ်ပို့ချသွားတဲ့ထဲက သတိထားဖို့အတွေတစ်ခုဝင်လာတာက လူဆိုတာ တန်ဖိုးရှိတဲ့ ဘုရားပေးထားတဲ့ဝိညာဉ်နှင့် အသက်ရှင်နေတဲ့ခန္ဓာကိုယ်ဖြစ်တဲ့အတွက် AI ကိုအသုံးပြုပြီး လူ့ဂုဏ်က္ခာကိုထိခိုက်စေမဲ့အရာတွေကို ရှောင်ရှားရမယ်ဆိုတဲ့အသိလည်းရပါတယ်။ တကယ်လည်း ကျွန်မတို့အွန်လိုင်းတွေပေါ်မှာလည်းတွေ့နေရတယ် ကိုယ်နဲ့မတည့်တဲ့သူပဲဖြစ်ဖြစ် စတဲ့သဘောအနေ နဲ့ဖြစ်ဖြစ် AI ကိုအသုံးပြုပြီး ပုံနဲ့ဖြစ်စေ၊ ဗွီဒီယိုအားဖြင့်လည်းကောင်း ဆဲဆိုတာတွေ၊ နောက်ပြောင်တာ တွေ တစ်ဖက်လူအရှက်ရအောင်လုပ်တာတွေလည်းတွေ့နေရတယ်။
Regina Pan Ei
AI နဲ့ပတ်သက်ပြီးသင်တန်းပြုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆင်ခြင်စရာ/ သတိထားစရာ အသိတရားတွေလည်းရသလို ဒီလိုနည်းပညာတွေကိုသုံးခြင်းအားဖြင့် ကောင်းကျိုတွေလည်းအများကြီး ရှိတာတွေကိုလည်းသိလာရတယ်။ အဓိကတော့ ဒီနည်းပညာတွေကို သုံးမဲ့ မိမိကိုယ်တိုင်ရအတွင်း စိတ် ကောင်းဖို့အရေးကြီးတဲ့အကြောင်း စိတ်ထားမကောင်းရင် ခုလိုနည်းပညာတွေသုံးတဲ့အခါ လွဲမှားတဲ့ လမ်းနှင့် သုံးစွဲလာတတ်တဲ့အကြောင်းတွေသိရတယ်။



