“ဉာဏ်ရည်ထက်မြက်သည့် နည်းပညာများ၏ နောက်ဆုံးစမ်းသပ်ချက်မှာ လူသားနှင့် အများကောင်း ကျိုးကို မည်မျှသစ္စာရှိရှိ အကျိုးပြုသလဲဆိုသည့်အချက်ပင် ဖြစ်သည်။”

ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ (FAO) နှင့် ဗာတီကန် ပုပ်ရဟန်းမင်းကြီးရုံးတော် (Holy See) တို့ ပူးပေါင်း၍ ဂျနီဗာမြို့တွင် ကျင်းပခဲ့သည့် သမိုင်းဝင် အခမ်းအနားတစ်ခု၌ ဂိုဏ်းချုပ်ဆရာတော် Ettore Balestrero က လူသားတို့၏ ဂုဏ်သိက္ခာကို ဗဟိုပြုနိုင်ပါက ဉာဏ်ရည်တု (AI) နည်းပညာသည် ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုကို အဆုံးသတ်ရာတွင် အပြောင်းအလဲကြီးဖြစ်စေနိုင်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။

“လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ စနစ်များအတွက် လူသားဗဟိုပြု AI – ကျင့်ဝတ်မှသည် လက် တွေ့ဖော်ဆောင်မှုဆီသို့” ဆိုသည့် ဆွေးနွေးပွဲမှ အဓိက အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

ကျင့်ဝတ်ဆိုင်ရာ မဖြစ်မနေ လိုက်နာရမည့်အချက် – ကမ္ဘာပေါ်တွင် လူဦးရေ ၆၇၃ သန်းခန့် အငတ် ဘေးကြုံတွေ့နေရချိန်၌ ဂိုဏ်းချုပ်ဆရာတော် Balestrero က ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုသည် “ကျင့်ဝတ် ဆိုင်ရာ ပျက်စီးယိုယွင်းမှု” တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး ငတ်မွတ်ခေါင်းပါးမှုကို နည်းပညာတစ် ခုတည်းဖြင့် အဆုံးမသတ်နိုင်ဘဲ အသိတရားရှိသော လူသားတို့၏ သန္နိဋ္ဌာန်ဖြင့်သာ အဆုံးသတ်နိုင် မည်ဟု သတိပေးခဲ့သည်။

တောင်သူငယ်များကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း – AI နည်းပညာသည် ထုတ်လုပ်မှုစွမ်းအားနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုတို့အတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ အလားအလာများစွာရှိပြီး တောင်သူ ငယ်များအတွက် အရေးပါသော ဈေးကွက်အချက်အလက်များ၊ စိုက်ပျိုးရေးဆိုင်ရာ အသိပညာများနှင့် ရာသီဥတု ကြိုတင်သတိပေးချက်များကို ရရှိစေရန် ကူညီပေးနိုင်သည်။

နည်းပညာသည် မည်သည့်အခါမျှ ကြားနေမနေပါ – ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ၏ Magnifica Humanitas စာချွန်လွှာကို ကိုးကား၍ ဗာတီကန်က AI နည်းပညာသည် ချမ်းသာသူနှင့် ဆင်းရဲသူကြား ကွာဟချက်ကို ပိုမိုကျယ်ပြန့်မသွားစေဘဲ ပေါင်းကူးပေးနိုင်ရန်အတွက် ကျင့်ဝတ်ဆိုင်ရာ စီမံအုပ်ချုပ် မှုနှင့် စည်းမျဉ်းများ လိုအပ်ကြောင်း ထောက်ပြခဲ့သည်။

လူသားဆန်မှုကို မပြောင်းလဲသော လမ်းညွှန်အဖြစ် သတ်မှတ်ခြင်း – နည်းပညာဆန်းသစ်တီထွင် မှုများ သည် တောင်သူများကို “ကိန်းဂဏန်း အချက်အလက်များ” အဖြစ်တင် လျှော့ချမပစ်သင့်ပါ။ နည်း ပညာမူဝါဒများ၏ ဗဟိုတွင် လူသားတို့၏ ဂုဏ်သိက္ခာကို ထားရှိခြင်းက နည်းပညာဆန်းသစ်မှုများသည် လူသားထုကို အမှန်တကယ် အကျိုးပြုကြောင်း သေချာစေသည်။

ကမ္ဘာ့လူသားများကို အာဟာရကျွေးမွေးနိုင်ရန် ကျင့်ဝတ်နှင့် နည်းပညာ ပေါင်းစပ်ဆက်နွှယ်နေပုံ သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုပါရန်။

utube-@rvamyanmar8152

Website: rvamyanmar.org See less

#HolySee#VaticanNews#AIforGood#Agrifood#FAO#HumanDignity#EndHunger#EthicsInTech

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/…/holy-see-mission-un…

See less

rvamyanmar
rvamyanmar
Articles: 4291

Leave a Reply

Your email address will not be published. Required fields are marked *