ပုပ်ရဟန်းမင်းကြီး လီယို ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တိုက်တွန်းနှိုးဆော်ပြီး မိသားစုရေးရာ ဆွေးနွေး တိုင်ပင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ကြေညာ။

အပတ်စဉ်တနင်္ဂနွေနေ့ လူထုတွေ့ဆုံခြင်း နှင် အန်ဂျလုပ်စ် (Angelus) မေတ္တာရွတ်ဆိုအပြီးတွင် ပုပ်ရ ဟန်း မင်းကြီး လီယိုက ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသော ပဋိပက္ခများ ချုပ်ငြိမ်းရန် ပြန်လည်တိုက်တွန်းလိုက်ပြီး ငြိမ်းချမ်းရေးအတွက် သန့်ရှင်းသော အမိမယ်တော်မာရီယား၏ ကြားဝင်ဆုတောင်းပေးမှုကို တောင်းခံ ကြရန် ကမ္ဘာတစ်ဝန်းရှိ ဘာသာတူများအား တိုက်တွန်းခဲ့သည်။

ရဟန်းမင်းကြီးမွက်ကြားချက်များမှာ-

ငြိမ်းချမ်းရေးအတွက် စိပ်ပုတီးစိပ် ဆုတောင်းကြရန် နှိုးဆော်ချက်

“Aid to the Church in Need” အဖွဲ့၏ “ကလေးပေါင်း တစ်သန်း စိပ်ပုတီးစိပ်ဆုတောင်းခြင်း” အစီအစဉ် တွင် ပူးပေါင်းပါဝင်ကြသော ကမ္ဘာတစ်ဝန်းရှိ လူငယ်များအား ပုပ်ရဟန်းမင်းကြီးက ကျေးဇူးတင် ရှိကြောင်း ဖော်ပြခဲ့ပြီးထို့ပြင် ၎င်းတို့၏ စံနမူနာကို လိုက်နာကြရန်လည်း လူတိုင်းအား တိုက်တွန်းခဲ့သည်

“လူမျိုးနွယ်စုများ စစ်ဘေးဒဏ်မှ ကင်းဝေးစေရန် အမိမယ်တော်မာရီယား၏ ကြားဝင်ဆုတောင်း ပေးမှု ကို တောင်းခံရင်း အထူးသဖြင့် သန့်ရှင်းသော မြေ (Holy Land) နှင့် အကြမ်းဖက်မှုဒဏ်ခံရသော အပြစ်မဲ့ သားကောင်များအတွက် ဆုတောင်းပေးကြပါစို့။”

Amoris Laetitia ၁၀ နှစ်ပြည့် –

မိသားစုရေးရာ ဆွေးနွေးတိုင်ပင်ခြင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ စာချွန်တော် Amoris Laetitia ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၇ ရက် (ဗုဒ္ဓဟူးနေ့) မှစ၍ ပုပ်ပေါလ် (၆) ခန်းမ၌ တစ် ပတ်ကြာ စည်းဝေးပွဲ ကျင်းပမည်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက ကြေညာခဲ့သည်။ ယနေ့ခေတ် ခရစ်ယာန်အိမ်ထောင်ရေးကို ပိုမိုခိုင်မာအားကောင်းစေမည့် နည်းလမ်းများကို နားထောင်ရန်၊ ဝေဖန်ပိုင်း ခြားရန်နှင့် ရှာဖွေရန်အတွက် ကုန်းတွင်းပိုင်း ၅ ခုမှ ဆရာတော်များ၊ အရှေ့တိုင်းအသင်းတော်များမှ ခေါင်း ဆောင်များနှင့် အိမ်ထောင်သည်ဇနီးမောင်နှံများ စုဝေးကြမည်ဖြစ်သည်။

“မိသားစုများသည် ဘုရားသခင်၏ မေတ္တာတော်ဖြင့် သာသနာတော်နှင့် လူ့အဖွဲ့အစည်းအတွက် မျှော်လင့် ချက်၏ သင်္ကေတတစ်ခုနှင့် ဖြတ်တောက်၍မရသော ရတနာတစ်ပါး ဖြစ်ကြသည်” ဟု ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

စိန့်ဖရန်စစ် (Assisi) အား ဂုဏ်ပြုပူဇော်ခြင်း

စိန့်ဖရန်စစ် ပျံလွန်တော်မူခြင်း နှစ် ၈၀၀ ပြည့် အထိမ်းအမှတ်အဖြစ် အာဆီစီ (Assisi) မြို့တွင် ကျင်း ပသည့် အထိမ်းအမှတ် အစီအစဉ်များစွာကို ပုပ်ရဟန်းမင်းကြီး လီယိုက ချီးကျူးဂုဏ်ပြုခဲ့ပြီး စိန့်ဖရန် စစ်၏ အချိန်အခါမရွေး သက်ဝင်နေသည့် ငြိမ်းချမ်းရေးသတင်းစကားကို ကမ္ဘာသို့ ထုတ်လွှင့်ပေး နေသည့် ဒေသခံ ရေဒီယိုအော်ပရေတာများအား အထူးကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ကျွန်ုပ်တို့၏ စိတ်နှလုံးများ၊ အိမ်ထောင်စုများနှင့် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးရရှိစေရန်အတွက် ယခုသီ တင်းပတ်တွင် ရဟန်းမင်းကြီးနှင့်အတူ ဆုတောင်းခြင်း၌ ပူးပေါင်းပါဝင်ကြပါစို့။

outube-@rvamyanmar8152

Website: rvamyanmar.org See less

#PopeLeo#Vatican#CatholicChurch#PrayForPeace#HolyRosary#AmorisLaetitia#SaintFrancis#Faith

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/…/pope-may-we-pray-for…

See less

rvamyanmar
rvamyanmar
Articles: 4285

Leave a Reply

Your email address will not be published. Required fields are marked *