
တမန်တော်စိန့်မိုင်ကယ် ဘုရားကျောင်းပွဲနေ့မစ္ဆားတရား။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှို စိန့်မိုင်ကယ်(သံဝင်း) ဘုရားကျောင်းပွဲနေ့ မစ္ဆားတရာ ကို (၂၉.၉.၂၀၂၆) အင်္ဂါနေ့ညနေ ၅:ဝဝ နာရီအချိန်၌ ဘုန်းတော်ကြီး Fr. John Aye Kyaw မှ ဦးဆောင်ပူ ဇော်ပေးခဲ့ပါသည်။
ဘုရားကျောင်းပွဲသို့ မန္တလေးမြို့ပေါ်ရှိ သာသနာအုပ်စုအသီးသီးမှ ဘုန်းတော်ကြီးများ၊သီလရှင်များ ဘာ သာဝင်များ အတူတကွလာရောက်ပါဝင်ဆုတောင်းကြပါသည်။
မစ္ဆားတရားအတွင်း ဘုန်းတော်ကြီး Fr. John aye Kyaw မှဩဝါဒတရားမြွက်ကြားရာတွင်
“စိန့်မိုင်ကယ်ဟာ ဘုရားသခင်တစ်ပါးတည်းကိုသာ သစ္စာရှိစွာနဲ့ ဘုရားသခင်ကို ပုန်ကန်တော်လှန်တဲ့ နတ်ဆိုးတွေကို တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့တမန်တော်တစ်ပါးဖြစ်ပါတယ်။ ယနေ့ခေတ်ကျွန်ုပ်တို့ ဘဝ အသက်တာမှာလည်း စာတန်နတ်ဆိုးက နည်းမျိုးစုံနဲ့ ကျွန်ုပ်တို့ကို ဘုရားနဲ့ဝေးအောင်အမြဲတမ်းကြိုးစား နေတယ်။ စိန့်မိုင်ကယ်ဘုရားသခင်အပေါ်သစ္စာရှိတာကိုအတုယူပြီး ကျွန်ုပ်တို့လည်း နေ့စဉ်အသက်တာ မှာ ကိုယ်လုပ်ရပ်က ဘုရားအလိုလား နတ်ဆိုးအလိုလားစဉ်းစားချင့်ချိန်ပြီး အသက်ရှင်နေထိုင်ရမယ်။
ကျွန်ုပ်တို့တစ်ယောက်စီတစ်ယောက်စီတိုင်းရဲ့ဘဝထဲမှာ အသိုင်းအဝိုင်းထဲမှာ အဖွဲ့အစည်းထဲမှာ ယုံ ကြည်သူတွေရဲ့အစည်းအဝေးမှာ နတ်ဆိုးက အမြဲနှောက်ယှက်နေစမြဲပဲ ဒါကိုသတိထား ရမယ်။ ကောင်း ကင်တမန်တော်ဆိုတာ ဘုရားနဲ့လူနဲ့ကြားအမြဲတမ်းအဆက်အသွယ်ပြုပေးတဲ့တံတားလိုဖြစ်တယ် ကျွန်ုပ်တို့ ဆီက ဆုတောင်းသံတွေကို ဘုရားဆီယူသွားပေးတယ်။ဘုရားသခင်ဆီက ကောင်းကြီးမင်္ဂလာ တွေကို လူသားတွေဆီယူဆောင်လာပေးတယ်။
ကျွန်ုပ်တို့သည် အကြိမ်ကြိမ်အခါခါ ကျွန်ုပ်တို့ရဲ့ မောက်မှာထောင်လွှားခြင်းကြောင့် ကျွန်ုပ်တို့ရဲ့လောဘ ကြောင့် ကျွန်ုပ်တို့ရဲ့နှလုံးသားတွေမှာ စိတ်ဝိညာဉ်တွေမှာ ဒဏ်ရာတွေရနေကြတယ်။ အဲဒီဒဏ်ရာတွေကို ပျောက်ကင်းနိုင်ဖို့ဘုရားသခင်ရဲ့ကျေးဇူးတော်ဆိုတာလိုအပ်ပါတယ်။ ဒီကျေးဇူးတော်တွေကိုကျွန်ုပ်တို့ရဲ့ ကိုယ်စောင့်သိကြားတမန်တော်တွေက နေ့စဉ်မပြတ်ဘုရားသခင်ထံတောင်းလျှောက်ဆက်သွယ်ပေးနေ တာဖြစ်ပါတယ်။” ဟုမြွက်ကြားခဲ့ပါသည်။
ကျောင်းထိုင်ဘုန်းတော်ကြီး မှကျေးဇူးတင်စကားပြောကြားရာတွင်
တမန်တော်စိန့်မိုင်ကယ်ကို ယုံကြည်အားကိုးပြီးလာရောက်ပါဝင်ဆုတောင်းကြတဲ့ဘာသာတူများအအား လုံးကိုကျေးဇူးတင်ပါတယ်။ တမန်တော်စိန့်မိုင်ကယ်ရဲ့ ကာကွယ်စောင့်ရှောက်မှုတွေ သင်တို့အားလုံးခံ စားရပါစေ။ ပွဲတော်ဖြစ်မြောက်အောင်အဖက်ဖက်မှ ပါဝင်ကူညီပေးကြသော အလှူရှင်များအားလုံးကို ကျေးဇူးတင်ပါတယ်။ တမန်တော်စိန့်မိုင်ကယ်ရဲ့စောင့်ရှောက်မှု့ကြောင့် သင်တို့အားလုံး နတ်ဆိုးရဲ့ နှောက်ယှက်ဖျားယောင်းခြင်းမှကင်းဝေးနိုင်ကြပါစေ။ ဟုပြောကြားခဲ့ပါသည်။
Lucia daw Kai ( စစ်ရှောင် ဘာသာဝင်)
ဒီနေ့ စိန့်မိုင်ကယ်ပွဲ့မှာ လာပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ် ကျွန်မတို့က ဗန်မော်ဘက်ကနေ ဒီမန္တလေးကို စစ်ရှောင်အနေနဲ့လာနေတာပါ။ အဓိကစိန့်မိုင်ကယ်ထံမှာ ဘေးအန္တရာယ်တွေကင်းဖို့၊ အနှောက်အယှက်တွေကိုယ့်မိသားစုထဲဝင်မလာအောင် ကာကွယ်စောင့်ရှောက်ပေးဖို့ တောင်းဖြစ်ပါ တယ်။ ဗန်မော်ဘက်မှာရှိတုန်းကလည်း စိန့်မိုင်ကယ်ပွဲဆု အမြဲသွားဖြစ်ပါတယ်။ စစ်ရှောင်ပြေးနေရတဲ့ အချိန်တွေမှာလည်း စိန့်မိုင်ကယ်ထံအမြဲဆုတောင်းဖြစ်တယ်။ အခုတော့ပြန်မရသေးတော့ ဒီမှာပါဝင်ခွင့် ရတာဝမ်းသာပါတယ်။
ဖရေဒီ မြင့်ဇော် (ဓမ္မဆရာ သံဝင်း)
ကျွန်ုပ်တို့ဒီစိန့်မိုင်ကယ်ဘုရားကျောင်းပွဲကိုနိုဗီနာ အစကနေ ယနေ့ ပွဲနေ့ထိုကောင်းကောင်းမွန်မွန်ကျင်းပ နိုင်တဲ့အတွက် မထမဆုံးဘုရားရှင်ကို ကျေးဇူးတင်ပါတယ်။ အမှန်တော့ဒီည စည်တန်းလှည့်လည်ခြင်း ပါဖို့ စီစဉ်ထားပေမဲ့မို့ရွာတော့ မလုပ်ဖြစ်လိုက်ဘူး ဒါမဲ့သာသနာအုပ်စုအသီးသီးက ဘုန်းတော်ကြီးများ သီလရှင်များ၊ဘာသာဝင်တွေအားလုံးနဲ့အတူ ပွဲတော်ကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
စိန့်မိုင်ကယ်သည်မိသားစုတိုင်းအားကိုးသင့်တဲ့တမန်တော်တစ်ပါးဖြစ်တယ်လို့ကျွန်ုပ်ခံယူပါတယ်။ ကျွန်ုပ်တို့ဆီမှာ ကြုံလာမဲ့သွေးဆောင်ဖျားယောင်းခြင်းတွေကိုစိန့်မိုင်ကယ်ထံအားကိုးဆုတောင်းခြင်းဖြင့် စိန့်မိုင်ကယ်ကူညီစောင့်ရှောက်ပေးမယ်လို့ ယုံကြည်ပါတယ်။
Elizabeth (စိန့်ဂျွန်း)
အစမိုးရွာတော့မသွားတော့ဘူးလို့တောင်တွေးထားတယ် ဒါမဲ့တစ်နှစ်မှာ တစ်ခါပဲရှိတယ်ဆိုတော့သွားဆု တောင်းမယ်ဆိုပြီးလာဖြစ်သွားတာပါ။ ဒီမှာလာပြီးပါဝင်ဆုတောင်းတောင်းခွင့်ရတဲ့အတွက် ဝမ်းသာပါ တယ်။ ဆုတေတာင်းပြည့်တဲ့ရန္တာကျောင်းမှသွားမယ်ဆိုတာမရှိဘူး။ ဘယ်ကျောင်းပွဲပဲဖြစ်ဖြစ်သွား တယ် ဆုတောင်းဖြစ်တယ် တမန်တော်တွေ၊ ရဟန္တာတွေဆိုတာ ဘုရားရွေးချယ်ခန့်အပ်ထားတဲ့ သူတွေ ဖြစ်တဲ့အတွက် ကျွန်ုပ်တို့ဆုတောင်းသံတွေကိုလည်း သူတို့ထံမှတဆင့် ဘုရားသခင်ထံရောက်မယ် လို့ ယုံကြည်ပါတယ်။



