ကိုယ်ရေကိုသွေးရှိတဲ့သားသမီးတွေဖြစ်အောင်မိဘတွေဘယ်လိုမြင့်တင်ပေးရမလဲ။

ဒီနေ့မှာ ကလေးဘဝကစလို့ သူတို့ကြီးပြင်းလာတဲ့အခါမှာ၊ ကိုယ်ရည်ကိုယ်သွေးတွေ၊ ကိုယ် ပိုင်လက္ခဏာတွေနဲ့ ရည်ရွယ်ချက်တွေရှိဖို့ မိဘတွေက မြင့်တင်ပေးရအောင်ပါဆိုတဲ့အကြောင်း အရာ ကို message ပေးသွားချင်ပါတယ်။

            မိမိ သားငယ်၊ သမီးငယ်လေးတွေကို သတိထားမိကြလား၊ သူတို့တဖြည်းဖြည်း ကြီးပျင်းလာ တဲ့အခါမှာ ရည်ရွယ်ချက်မဲ့ – ခံစားချက်မဲ့ပြီး ခေါင်းရှုပ်၊ စိတ်ရှုပ်ပြီး ဘာလုပ်ရမှန်း သူတို့ကိုယ်တိုင် မသိပဲ ဖြစ်နေကြလာ၊ တချိုကလေးတွေက ဘာဖြစ်ချင်တာလဲ၊ သူတို့ကိုယ်တိုင် မသိကြပါဘူး။

            အဲ့ဒီလို မြင်တွေ့ရမယ့် မိဘဆိုရင် ကိုယ့်သားသမီးကို မေးရတော့မယ်။ ကူညီပေးရတော့ မယ်။ ကိုယ့်သားသမီးကို နားလည်တဲ့ မိဘဆိုရင် ငါ့သားသမီးက ရည်ရွယ်ချက်တွေ ကိုယ်ပိုင် လက္ခဏာတွေ မဲ့နေပြီ သူတို့ဘဝကို မြှင့်တင်ပေးရတော့မယ်လို့ နားလည်တဲ့ မိဘက ဆုံးဖြတ်ချက် ချမိမှာ အမှန်ပါပဲ။

            ဒါဆိုရင် သားတို့၊ သမီးတို့ ကြီးလာရင် ဘာဖြစ်ချင်လဲလို့ မေးရင် သူတို့အားကျတဲ့ ဆရာ၀န် အင်ဂျင်နီယာ၊ သူနာပြု စသဖြင့် ဖြေမှာပါပဲ၊ ဒါကတော့ ရည်ရွယ်ချက်ပေါ့နော်။ ဒါပေမယ့် လူထဲကလူ တစ်ယောက် အဓိပ္ပါယ်ရှိတဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုတာ၊ မိမိရဲ့ relationship မှာ ဘယ်လို ပြုမူဆက် ခံရမယ်။ မိမိပတ်ဝန်းကျင်ကို ဘယ်လို care လုပ်ရမယ် ပေါင်းသင်းဆက်ဆံတဲ့အခါ လူဆိုး၊ လူ ကောင်း၊ ရွေးတတ်ဖို့ သူတစ်ပါးကို ကူညီစောင့်ရှောက်ပေးနိုင် တဲ့သူဖြစ်ဖို့ ဒါတွေက လူတစ် ယောက် ရဲ့ အရေးကြီးတဲ့ အခန်းကန္တဆိုတာကို သိဖို့ပြောပြ သင်ပေး ရမှာပါ။

            လူတိုင်းမှာ မိမိဘဝအတွက် အကောင်းဆုံးရှုထောင့်ကနေ ကြီးပွားတိုးတက်ဖို့ မိမိဘာလုပ်ရ မလဲ မိမိနှလုံးသားကသိပါတယ်။ အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်လာမယ်။ လူတော်ဖြစ်လာမယ်၊ ဒါပေမယ့် လူကောင်းတစ်ယောက်ဖြစ်ဖို့တော့ လိုပါသေးတယ်။   

            အခုလို ပြောပြ သင်ပြပေးခဲ့မယ်ဆိုရင် ကလေးငယ်လေးတွေ ဘဝကနေ adult အရွယ် teen အရွယ်ရောက်လာတဲ့အခါမှာ မိသားစုအတွက် ပတ်ဝန်းကျင်အတွက် အကျိုးပြုတဲ့ သူတစ်ယောက် ဒီထက်ကြီးကျယ်သွားမယ်ဆိုရင် ကမ္ဘာကြီးကို အကျိုးပြုတဲ့ သူတစ်ယောက် မိမိပတ်ဝန်းကျင်က လူတွေအတွက် စွန့်လွှတ်စွန့်စား အနစ်နာခံတဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

            ကလေးတစ်ယောက်ဆိုတာ ရည်ရွယ်ချက်တွေ ခံယူထားတဲ့ တာဝန်တွေ စိတ်ခံစားချက်မှုမှာ မရှိခဲ့ရင် သူ့ဘဝမှာ lost ပျောက်ဆုံးဖို့အရာတွေ အများကြီးရှိသွားပါပြီ၊ အရာရာကို မိမိအတွက်ပဲ ကြည့်တတ်တဲ့သူ တစ်ယောက်ဖြစ်သွားပါလိမ့်မယ်။

            မိဘက ငယ်ရွယ်စဉ်မှာ သင်ပေးခံရတဲ့ ကလေးငယ်က ကံကောင်းတာပါပဲ၊ သူ adult အရွယ် ရောက်တဲ့အခါ ဘဝဆိုတာ မိမိတစ်ယောက်တည်း မိမိ မိသားစုတစ်ခုတည်း တည်ရှိနေတာမဟုတ် ဘူးဆိုတာ နားလည်မယ်။ ရည်ရွယ်ချက် ကြီးကြီးမားမားတွေနဲ့ ‘‘ငါက ဘယ်ကဲ့သို့သော သူလဲ’’ မိမိ ကိုယ်မိမိယုံကြည်မှုရှိလာမယ်။

            တချို့သော မိဘတွေကတော့ စားဝတ်နေရေး မပြေလည်လို့ အိမ်ထောင်ရေးအခြေအနေ မပြေလည်လို့ အကြောင်းအရာများစွာ တွေကြောင့် မိမိသားသမီးကို focus မလုပ်ပေးနိုင်ကြတာတွေ လည်း ရှိပါသေးတယ်။

            သားသမီးဆိုတာ မိဘဆီကနေ သင်ယူရတဲ့သူများမဟုတ်ပါလား။ သားသမီးတစ်ယောက်က ဒီမိသားစုမှာ သူရှိနေတယ်ဆိုတဲ့ သူ့ရဲ့ကဏ္ဍ၊ သူကိုယ်တိုင် သိထားရမှာပါ။ ဒီသားသမီးလေးတွေက မိဘကို ဘယ်လိုမြင်လဲ၊ သူတို့ကို လုံခြုံမှုပေးရဲ့လား၊ အကောင်းအဆိုးသင်ပေးရဲ့လား၊ ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးရဲ့လား၊ ကာကွယ်စောင့်ရှောက်မှုတွေ ပေးရဲ့လား၊ မိဘရဲ့ လုပ်ဆောင်မှု အခန်း ကဏ္ဍကို မြင်ပြီး ခံစားရပြီး၊ သူတို့ မိဘဆီကနေ ပြန်ပြီး သင်ယူသူများဖြစ်နေရမှာပါ။

            အဲ့ဒီတော့ သားသမီးလေးတွေ မိဘကို အခုလိုမြင်လာနိုင်စွမ်းရှိအောင် မိဘတွေက သင်ပေးရ မှာပါ။ ဒါမှ သူတို့ရဲ့ Goal ပန်းတိုင်တွေ ရှိလာပြီး သူတို့ရဲ့ ဘဝမှာ ပုံမှန် အခြေခံအကြောင်းတရား အဖြစ် အမှန်တရားကို မှီခိုအားထားပြီး ယုံကြည်ချက်အပြည့် ရှိလာကြမယ့်သူများ ဖြစ်လာပါလိမ့် မယ်။

            ဒါ့အပြင် မိဘအနေနဲ့ တည်ငြိမ်မှုရှိတာကလည်း Power တစ်ခုလိုပါပဲ။  သားသမီးကလည်း မိဘလို့ပဲ တည်ငြိမ်မှုရှိလာမယ်။ ကလေးတစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ ဘာတွေပဲဖြစ်နေပါစေ၊ သူတို့ တွေ့ကြုံရတဲ့ ပြဿနာကို သူတို့ ဦးနှောက်အရှေ့ပိုင်းက တွေးခေါ်မှုဆိုင်ရာ အပိုင်းကနေ အကဲ ဖြတ်ပြီး Focus လုပ်နိုင်လာတယ်။ Problem solve လုပ်နိုင်လာတယ်။ဒီလိုပြုမူနိုင်ဖို့က မိမိနှလုံးသား ထဲမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချတတ်တဲ့အကျင့်ရှိထားခဲ့လို့ပဲဖြစ်ပါတယ်။ အဲ့ဒီတော့ မိမိပတ်၀န်းကျင် မှာ အဖြစ်အပျက်တွေကိုလည်း ဝေဖန်ပိုင်းခြားတတ်လာတယ်။ မရေမရာ၊ မသေမချာ၊ ကိုယ်ပိုင် လက္ခဏာတွေ ရည်ရွယ်ချက်မဲ့နေတဲ့ကလေး မဖြစ်တော့ပဲ ကိုယ်ရည်ကိုယ်သွေးမြင့်တဲ့ ကလေး အဖြစ် ပြုစုပျိုးထောင်ပေးရအောင်ပါဆိုတာ တင်ပြရင်း ဒီနေ့အတွက် အဆုံးသတ်ပါတယ်။

rvamyanmar
rvamyanmar
Articles: 4241

Leave a Reply

Your email address will not be published. Required fields are marked *