ဆယ်ကျော်သက်အရွယ်သားသမီးက ရည်ရွယ်ချက်မဲ့တဲ့ အပြုအမူတွေ ဖြစ်ရတဲ့အကြောင်းရင်း။

ဒီနေ့မှာ မိမိရဲ့ ဆယ်ကျော်သက်အရွယ် သားသမီးက ရည်ရွယ်ချက်မဲ့တဲ့ အပြုအမူတွေ ဖြစ်ရ တဲ့ အကြောင်းရင်းကို တင်ပြပေးသွားချင်ပါတယ်။

            မိမိ ဆယ်ကျော်သက် သားသမီး ရည်ရွယ်ချက်မဲ့ဖြစ်နေပြီလား။ သာမန်အားဖြင့်ကတော့ Lazy အပြင်းထူတဲ့သူ ပုံစံမျိုးဖြစ်နေတယ်။ တကယ်တမ်းက ရည်ရွယ်ချက်မဲ့တဲ့သူ ဖြစ်နေတာပါ။

            မိဘအနေနဲ့ မိမိသားသမီး ဘာဖြစ်လို့ ရည်ရွယ်ချက်မဲ့ ဖြစ်နေတာလဲ၊ အကြောင်းရင်းခံကို ဖော်ထုတ်ပြကီး ပြုပြင်ပေးရတော့မှာပါ။ ဒါမှသာ တိုးတက်တဲ့ အခြေအနေကို ရောက်လာမှာပါ။

            ဘာဖြစ်လို့ ရည်ရွယ်ချက်မဲ့ ဖြစ်ရတာလဲ။

            မိဘဆီကနေ ပြဿနာလုပ်တတ်တဲ့ သားသမီးအဖြစ်နဲ့ ဆက်ဆံခံနေရလို့လား၊ လူသား တစ်ယောက်အနေနဲ့ ဆက်ဆံမခံရလို့လား၊ အဲ့ဒီလိုပြုမူတဲ့ သားသမီးကို မိဘက စိတ်ကျန်းမာရေး ဆရာဝန်ဆီခေါ်သွားဖို့ လိုအပ်ပြီ (ဝါ) Screen time အချိန်ကို ကန့်သတ်ဖို့ လိုအပ်နေပြီလား။

            ဒါဆိုရင် သားသမီးက ကျောင်းစာကို ပြန်အာရုံစိုက်မှာလား၊ အဲ့ဒီလို သားသမီးအပေါ် Miss understand နားလည်မှု လွဲမှားတာတွေ မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။

            အဲ့ဒီလိုဖြစ်နေရင် သားသမီးနဲ့ ဆွေးနွေးပြီး အဖြေရှာရင် မမှားပါဘူး၊ သားသမီးနဲ့ ခဏခဏ အချိန်ပေးနားလည်ပေးမယ်။ သားသမီး ရင်ထဲမှာ ဘယ်လို ခံစားနေရတယ်ဆိုတာ သိလာရင် ပြဿနာတစ်ခုအဖြစ် ဖြေရှင်းလာနိုင်မယ်။

            ဒီဆယ်ကျော်သက်အရွယ် သားသမီးတွေကို မြင်ရတာများသောအားဖြင့် ပြင်းရိနေသလို ရည် ရွယ်ချက်မဲ့နေလို့ အပြင်ပမ်းမှာ မြင်ရပေမယ့်၊ သူတို့ ဒီလိုဖြစ်နေတာကို သူတို့ကိုယ်တိုင် လွှမ်းမိုး အနိုင်ယူနိုင်တယ်။ သူတို့ခံစားချက်က အခြားသူတွေ မျှော်လင့်သလို သူတို့ရဲ့ မျှော်လင့်ချက်ကို သူတို့ မရနိုင်ဘူးလို့ ခံစားထင်မြင်ကြတယ်။ ဒါပေမယ့် ကျောင်းစာသင်ရိုးအပြင်က Social Life တွေ လှုပ်ရှားမှုတွေမှာတော့ သူတို့က အကျိုးရှိအာင် တက်တက်ကြွကြွ ပြုမူဆောင်ရွက်တတ်ကြတယ်။ သူတို့ရဲ့ စိတ်ပျက်အားလျော့မှုတွေကို စိတ်ခံစြားချက်တွေကို ဒီလို activities တွေနဲ့ ချေမှုန်းတတ်ကြ တယ်။

            ဒီဆယ်ကျော်သက်ရွယ်တွေက မိဘက အသေးစိတ်ဦးဦးကိုင်ပြုတာကို မလိုလားကြဘူး၊ သူတို့က အရွယ်ရောက်လာပြီလို့ သူတို့ကိုယ်သူတို့ ယူဆကြတယ်။ မိဘက အသေးစိတ် မိဘက အသေးစိတ် ဦးစီးဦးကိုင်ပြုလာတဲ့အခါမှာ သူတို့ရဲ့ လွတ်လပ်မှုကို ချုပ်ကိုင်တယ်ဆိုပြီး မိဘကို complain တတ်ကြတယ်။ ပြီးတော့ ပြန်ပြီး ပုန်ကုန်တတ်ကြတယ်။

            တစ်ခါတစ်လေမှာလည်း မိဘက မိမိရဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်ပြုမူ မှုတွေကို အတင်း အဓမ္မပဲ့ကိုင်တယ်လို့ ခံစားတတ်ကြတယ်။ အထူးသဖြင့် မိဘက ကျန်းမာစွာစားဖို့ ပညာရေးကို ကောင်းစွာသင်ယူဖို့ တခြား activities တွေမှာ ပါဝင်ပတ်သက်နေမှုတွေကို မိဘက အကျပ်ကိုင်တယ် လို့ ယူဆတဲ့အခါမှာ အရေးပါတဲ့ ရည်ရွယ်ချက်တွေ ထင်မြင်ချက်တွေ၊ အားတတ်သရော လုပ်ရတဲ့ အရာတွေမှာ လျော့နည်းသွားတယ်။ သူတို့ကိုယ်တိုင်လည်း သိတယ်။

            ဒီဆယ်ကျော်သက်အရွယ် သားသမီးက သူ့ဘဝအတွက် ရလဒ်အကောင်းဆုံးကို မရရအောင် ယူဖို့ သူ့ရုန်းကန်နေတယ်။ သူကိုယ်တိုင်လည်းကျရှုံးမှာ အမှားလုပ်မိမှာလို့ စိုးရိမ်တယ်။ မိဘက အသေးစိတ် အတင်းအဓမ္မ ပဲ့ကိုင်တဲ့အခါမှာ သူတို့အမှားဖြစ်သွားမှာ၊ ကျရှုံးသွားမှာတွေကို စိုးရိမ်ပြီး မလုပ်ဆောင်တော့ပဲ၊ ရှောင်ကြဉ်မှုကို စတင်လာပါတော့တယ်။

            မိမိရဲ့ ဆယ်ကျော်သက်သားသမီးက အပြုသဘောမဆောင်တဲ့ သြဇာအရှိန်အဝါတွေ သက်ရောက်နေရင် သူ့နားမှာလည်း သူ့လိုပဲ အရည်အချင်းတူ သူငယ်ချင်းတွေ သူ့လိုပဲ ရည်ရွယ် ချက်မဲ့နေတဲ့ သူတွေနဲ့ ဘဝတူသူတွေနဲ့ အဖော်ရနေပါတယ်။

            မိမိရဲ့ ဆယ်ကျော်သက် သားသမီးက ဝမ်းနည်းညှိုးငယ်မှုတွေဖြစ်နေလား၊ ဥပမာ – အပြု သဘောမဆောင်တဲ့ စိတ်ခံစားမှု အခြေအနေတွေဖြစ်တဲ့ ဒေါသထွက်တာ၊ အစားအသောက် မစားချင် တာ activities တွေမှာ စိတ်ဝင်စားမှုနည်းတာ၊ Phone မှာပဲ Screen ပေါ်မှာပဲ မူးယစ်ဆေးစွဲသလို အချိန်ဖြုန်းနေသလား၊ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ စိတ်မချရတဲ့ အပြုအမူတွေ ပြုမူနေလား၊ ဒါတွေက depression ရဲ့ သာမန်လက္ခဏာတွေဖြစ်တာမို့ တတ်ကျွမ်းနားလည်တဲ့ သူတစ်ယောက်ယောက်ဆီ က အကူအညီယူဖို့လိုနေပါပြီ။

            တစ်ခါတစ်လေမှာ မိမိရဲ့ ဆယ်ကျော်သက်သားသမီးက role model တွေ နိမ့်ကျနေတာကို မိဘကတွေ့ရင် သူ့ပညာရေးနဲ့ သူ့ဘဝအတွက် အကြံဉာဏ်ကောင်းတွေ ပေးရတော့မယ်။ သူတို့က လည်း အဲ့ဒီလိုအကြံဉာဏ်ကောင်းတွေကို လက်ခံဖို့ အသင့်ရှိတတ်ကြတယ်။ ဒါတွေကို မိဘတွေက သိထားရမှာပါ။

            မိမိရဲ့ ဆယ်ကျော်သက်အရွယ် သားသမီးက ကျောင်းစာတွေကို သင်ယူတဲ့အခါမှာ စာဖတ်တဲ့ လေယူလေသိမ်းနဲ့ စကားပြော ကျွမ်းကျင်မှုတွေမှာ လစ်ဟာမှုတွေရှိနေလား၊ လက်ရေးမှာကော effect ထိခိုက်မှုတွေရှိလား၊ အခုအဖြစ်များတဲ့ ADHD လက္ခဏာတွေ ပြနေလား။ အဲ့ဒီလိုတွေဖြစ်နေ ရင် မိမိသားသမီး တစ်နေ့ကို (၈)နာရီ (၉)နာရီလောက်ထိ အိပ်ချိန်ကို ကြပ်မတ်ရတော့မယ်။ အခြေအနေနည်းနည်းဆိုးလာရင်လည်း နီးစပ်ရာ လူကြီးမိဘ (သို့မဟုတ်) တတ်ကျွမ်းတဲ့ ဆရာ၀န် ဆွေးနွေးပြီး ကုသရတော့မှာပါ။

            မိမိရဲ့ ဆယ်ကျော်သက်သားသမီးက သူ့ဘဝမှာ အဓိပ္ပါယ်ရှိတဲ့ လုံ့လအားထုတ်မှုတွေ လျော့ နည်းလာပြီး ရည်ရွယ်ချက်တွေ အားထုတ်လုပ်ဆောင်မှုတွေမှာ အိမ်မှုကိစ္စတွေမှာ တစ်ကိုယ်ရည် အတွက်  ဝေယျာဝစ္စတွေ လျော့နည်းနေရင် ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက အားတတ်သရော ရှိနိုင် မှုတွေ လစ်ဟာနေလို့ဖြစ်ရတာပါ။

            ဒါကြောင့်မို့ အဲ့ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းခံတွေကို မိဘတွေအနေနဲ့ သိထားမယ်၊ နားလည် မှုတွေပေးနိုင်ရင် မိဘရဲ့ ပြောဆိုဆုံးမမှုတွေကို တဖြည်းဖြည်းနဲ့ ပြန်လည် နားထောင်လာပြီး အောင်မြင်ပျော်ရွှင်တဲ့ ဆယ်ကျော်သက်အရွယ်ဘဝကို ပြန်လည်ရရှိသွားမှာပါဆိုတာ တင်ပြလိုက်ရပါ တယ်။

rvamyanmar
rvamyanmar
Articles: 4203

Leave a Reply

Your email address will not be published. Required fields are marked *