ဓမ္မသီးခြင်း အရေးကြီးပုံ၊ အရေးပါပုံ နှင့် ဓမ္မသီချင်း ရေးစပ်သီဆိုသူများ သိစေရန် ရဟန်းမင်းကြီး လီယို (၁၄)၏ မိန့်ကြားချက်။

ဓမ္မတေးဂီတသည် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းရန်နှင့် ဘာသာဝင်တို့အား သန့်ရှင်းစင်ကြယ် စေရန်ဖြစ်

ဗုဒ္ဓဟူးနေ့ အပတ်စဉ် အများပြည်သူလူထုနှင့် တွေ့ဆုံခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄)က ဝတ်ပြု ကိုးကွယ်ခြင်းဆိုင်ရာ အခမ်းအနားများတွင် ပါဝင်သည့် ဓမ္မတေးဂီတသည် ဆုတောင်းပွဲများကို သက်ဝင် စေပြီး သဒ္ဒါတရားကို ဖော်ကျူးပေးသည့်အတွက် ယင်း၏ အဓိကရည်ရွယ်ချက်မှာ ဘုရားသခင်၏ ဘုန်း တော်ကို ချီးမွမ်းရန်နှင့် ဘာသာဝင်များ သန့်ရှင်းစင်ကြယ်ခြင်း၌ တိုးတက်လာစေရန် ကူညီပေးဖို့ဖြစ် ကြောင်း မိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဒုတိယအကြိမ် ဗာတီကန်ကောင်စီ၏ “သန့်ရှင်းသော ဝတ်ပြုကိုး ကွယ်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ” (Sacrosanctum Concilium) ပတ်သက်ပြီး ဒီတပတ်တွင် ဓမ္မ တေးဂီတအတွက် သီးသန့်ရည်ညွှန်းထားသည့် အခန်း (၆) ပါ အကြောင်းအရာအပေါ် အာမိန့်ကြား ခဲ့သည်။

ပုပ်ရဟန်းမင်းကြီး လီယိုက အဆိုပါ အခြေခံသာသနာ့ဥပဒေတွင် “ကမ္ဘာ့ကက်သလစ်သာသနာတော်၏ တေးဂီတအစဉ်အလာသည် အခြားသော အနုပညာရပ်များထက်ပင် ပိုမိုကြီးမားသည့် ဖြတ်တောက်၍ မရနိုင်သော တန်ဖိုးရှိသည့် ရတနာတစ်ပါးဖြစ်” ကြောင်း

ဓမ္မတေးဂီတသည် “ဝတ်ပြုကိုးကွယ်ခြင်း အခမ်းအနား၏ အစိတ်ပိုင်းတစ်ခုဖြစ်ပြီး အခမ်းအနားကို အလှဆင်ရုံသက်သက် တန်ဆာဆင်ထားခြင်းမဟုတ်ပါ” 

ဆုတောင်းခြင်းနှင့် သဒ္ဓါတရား၊ ယုံ ကြည်ခြင်းကို ဖော်ကျူးခြင်း၊ 

ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ အခမ်းအနားတွင် ဓမ္မတေးသီဆိုခြင်းနှင့် တီးမှုတ်ခြင်းသည် “ဆင်နွှဲနေသည့် နက်နဲသော အမှန်တရား၌ တက်ကြွစွာ ပါဝင်ခြင်းအားဖြင့် မိမိတို့၏ စိတ်နှလုံး၊ ညီအစ်ကို မောင်နှမ များ ၏ စိတ်နှလုံးများကို ဘုရားသခင်၏ စိတ်နှလုံးနှင့် တစ်ထပ်တည်းကျအောင် ပြုလုပ်၍ ဆုတောင်းခြင်း ဖြစ်သည်” ဟု ပုပ်ရဟန်းမင်းကြီးက သုံးသပ်ခဲ့သည်။

တေးဂီတသည် ဆုတောင်းခြင်း၏ ခံစားချက်ပိုင်းဆိုင်ရာ အတိုင်းအတာကို ဖော်ပြပေးကြောင်းကို ပုပ်ရဟန်းမင်းကြီး လီယိုက စိန့်ဩဂတ်စတင်း၏ “Cantare amantis est” (သီချင်းသီဆိုခြင်းသည် ချစ် ခြင်းမေတ္တာရှိသူတို့၏ သဘာဝဖြစ်သည်) ဟူသော မိန့်မှာချက်ကို ကိုးကားဖော်ပြခဲ့သည်။

“ဒါဟာ မေတ္တာတော်တရားထဲမှာ ဘုရားသခင်ရဲ့ လုပ်ဆောင်ချက်တွေကို မိမိတို့ရဲ့ စိတ်နှလုံးထဲ ဖွင့်ဟ လက်ခံဖို့နဲ့ အဲဒီမေတ္တာတော်ရဲ့ ပုံသွင်းမှုကို ခံယူဖို့ ကူညီပေးတာကြောင့် မရှိမဖြစ် အရေးကြီးပါတယ်” 

ထို့အပြင် သီချင်းသီဆိုခြင်းသည် စည်းလုံးညီညွတ်မှုကို တိုးတက်စေကြောင်း၊ “ဒါဟာ စိတ်နှလုံးတွေရဲ့ ညီညွတ်မှုကို ဖြစ်ပေါ်စေပြီး လူတွေကြားက ကွဲပြားမှုတွေကို ကျော်လွှားစေကာ သံစုံတေးဂီတက တစ်ဆင့် ဘုရားသခင်ကို ချီးမွမ်းရာမှာ လူတိုင်းကို စုစည်းပေးပါတယ်။ ဒါကြောင့် ဒါဟာ အသင်းတော် ပေါ်ထွန်းခြင်း ပုံရိပ်တစ်ခုဖြစ်လာပြီး အသင်းတော်ရဲ့ မူလသဘာဝဖြစ်တဲ့ စည်းလုံးညီညွတ်မှုကို ထင်ရှား စေတာဖြစ်ပါတယ်” ဟု မိန့်ကြားခဲ့သည်။

ကျမ်းစာတော်မြတ်မှ ကောက်နုပ်၍ အရည်အသွေးမြင့်မားစွား ထုတ်နုတ် ဖော်ကျူး ဓမ္မတေးသီချင်းများ သည် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ အခမ်းအနား၏ အစိတ်အပိုင်းတစ်ခုအဖြစ် နက်ရှိုင်းသော ခရစ်ယာန် တရားဓမ္မ အဓိပ္ပာယ်ရှိသောကြောင့် အချို့သော သတ်မှတ်ချက်များကို လိုက်နာရမည်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက ရှင်းပြခဲ့သည်။

“ပထမအချက်အနေနဲ့ ခေတ်ရေစီးကြောင်းတွေ ဒါမှမဟုတ် တေးရေးဆရာတွေရဲ့ သီးခြားခံစားချက်တွေ ထက်ကျော်လွန်ပြီး ဝတ်ပြုကိုးကွယ်မှုနဲ့ အသင့်တော်ဆုံး ဖြစ်မယ့်အရာကို အဆင့် တိုင်းမှာ လုပ်ဆောင်ရ ပါမယ်” ဟု ၎င်းက ဆိုသည်။

တေးသီချင်း၏ ပုံသဏ္ဌာန်၊ အထူးသဖြင့် သံစဉ်ပိုင်းဆိုင်ရာ အတိုင်းအတာသည် “မြင့်မြတ်ပြီး ရိုးရှင်းရ မည်၊ ဂီတအရည်အသွေး မြင့်မားရမည်ဖြစ်ကာ အထူးသဖြင့် ပရိသတ်အဖွဲ့အစည်းတစ်ခုလုံး သီဆိုရန် ရည်ရွယ်သည့်အခါ လွယ်ကူစွာ သီဆိုနိုင်ရမည်” 

ထိုအကြောင်းပြချက်ကြောင့်ပင် ဓမ္မတေးသီချင်းသည် “သင့်တော်မှုရှိရမည်၊ နက်ရှိုင်းရမည်၊ ထို့ပြင် လွယ်ကူစွာ နားလည်နိုင်ရမည်ဖြစ်ပြီး သန့်ရှင်းသော ကျမ်းစာတော်မြတ်၊ ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ စာအုပ်များနှင့် သာသနာတော်၏ ဝိညာဉ်ရေးရာ အစဉ်အလာတို့မှ အဓိက စိမ့်ဝင်ခံယူထားရမည်” 

ဤအချက်သည် သေချာစွာ စိစစ်ဝေဖန်ပိုင်းခြားရန် လိုအပ်ပြီး၊ ဘာသာဝင်တို့၏ တက်ကြွစွာ ပါဝင်မှု အပေါ်  သာသနာတော်စည်းကမ်း ဥပဒေက မည်သို့သုံးသပ်ထားသည်ကို အလေးပေးဖော်ပြခဲ့သည်။

ဂရီဂိုရီးယန် ဂီတသံစဉ်ကို မြင့်မားစွာ လေးစားတန်ဖိုးထားခြင်း

ဒုတိယအကြိမ် ဗာတီကန်ကောင်စီသည် အခြားသော ဓမ္မတေးဂီတ ပုံသဏ္ဌာန်များကို ဝတ်ပြုခြင်းအခမ်း အနားမှ ဖယ်ထုတ်ခြင်းမရှိသော်လည်း ဂရီဂိုရီယန် (Gregorian) ဂီတသံစဉ်ကိုလည်း အလွန်အရေးပါ သော အရာအဖြစ် သတ်မှတ်ထားကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက မှတ်ချက်ပြုခဲ့သည်။

“ဒုတိယ ဗာတီကန်ကောင်စီ ရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ နီးစပ်တဲ့ အကြောင်းအရာတစ်ခုကတော့ ဓမ္မတေး ဂီတ သည် ယဉ်ကျေးမှုများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း (inculturation) ဖြစ်ပါတယ်”   “အထူးသဖြင့် မတူညီ တဲ့ ယဉ်ကျေးမှုတွေရဲ့ တေးဂီတ အစဉ်အလာတွေနဲ့ ပတ်သက်ပြီး အဲဒါတွေဟာ လူတွေရဲ့ ဘာသာရေးနဲ့ လူမှုရေးဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် အလေးအနက်ထား စဉ်းစားဖို့ အရေးကြီးကြောင်း” 

ဤအကြောင်းအရာနှင့် ပတ်သက်၍ ပုပ်ရဟန်းမင်းကြီး လီယိုက ပုပ် ရဟန်း မင်းကြီး စိန့်ဂျွန်ပေါလ် (၂) ၏ ပြောကြားချက်ကို ပြန်လည်အမှတ်ရစေခဲ့သည်။ 

“ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ တေးဂီတများအတွက် ဂုဏ်သိက္ခာနှင့် ထူးချွန်ထက်မြက်မှုကို အာမခံနိုင်ရန် “ဝတ်ပြုကိုးကွယ်မှုကို အရသာမရှိသော စတိုင်လ်များ၊ မနှစ်မြို့ဖွယ်ရာ ဖော်ပြချက်ပုံစံများ၊ ကြီးမြတ် သော လုပ်ဆောင်ချက်နှင့် မထိုက်တန်သော စိတ်ကူးဉာဏ် မပါဝင် သည့် တေးဂီတစာသားများမှ သန့်စင် ရန်” လိုအပ်ကြောင်း ထောက်ပြခဲ့  သည်။

တစ်ချိန်တည်းမှာပင် ဓမ္မသီချင်း တေးရေးဆရာသည် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ တေးဂီတကို အနုပညာ အရည်အသွေး တစ်ခုတည်းဖြင့် ဆုံးဖြတ်၍ မရနိုင် ကြောင်း သတိထားရမည် ။

မြင့်မြတ်သော အခမ်းအနားများအတွက် ရည်ရွယ်သည့် တေးဂီတသည် ဝတ်ပြုကိုးကွယ်မှု၏ သီးခြားလို အပ်ချက်များနှင့်လည်း ကိုက်ညီရမည်ဖြစ်ပြီး၊ စာသားနှင့် အနီးကပ် လိုက်လျောညီထွေရှိရမည်၊ ရည်ရွယ် သည့် ဝတ်ပြုကိုးကွယ်မှု နှင့် ကိုက်ညီရမည်ဖြစ်ကာ အခမ်းအနား၏ ဟန်ပန်မူရာနှင့် သဘောသဘာဝကို သင့်လျော်စွာ ရောင်ပြန်ဟပ်ရမည်ဟု ပုပ်ရဟန်းမင်းကြီး လီယိုက ထပ်လောင်းပြောကြားခဲ့သည်။

စေတနာ့ဝန်ထမ်း၊ ဂိုဏ်းအုပ်သာသနာကျောင်းများ၊ အမျိုးသား အမျိုးသမီး ဘာသာရေးဆိုင်ရာ လေ့လာ သင်ယူရာ ကျောင်းများနှင့် အခြားသော ကက်သလစ် အဖွဲ့အစည်းများ၊ ကက်သလစ်စာသင်ကျောင်း များတွင် ဓမ္မတေးဂီတဆိုင်ရာ လုံလောက်သော လေ့ကျင့်သင်ကြားမှုနှင့် လေ့ကျင့်မှုများ ပြုလုပ်ရန် ဒုတိယ ဗာတီကန် ကောင်စီ၏ အကြံပြုချက်ကို ပုပ်ရဟန်းမင်းကြီးက ထပ်မံအတည်ပြုခဲ့ပြီး၊ 

တေးဂီတပညာရှင်များနှင့် သီချင်းဆိုသူများအနေဖြင့် ခိုင်မာသော ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ သင်ကြား လေ့ကျင့်မှုများကို အမြဲမပြတ် ရရှိစေရန် အာမခံရမည်ဟု မိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄)က စိန့် အီညာရှီစ် အော့ဖ် အန္တိအုတ် (St. Ignatius of Antioch) ၏ စကားကို ကိုးကား၍ သာသနာတော်၏ ရှေးခေတ်ဆရာတော်ကြီးများ (Fathers of the Church) သည် ဝတ်ပြုကိုး ကွယ်မှုဆိုင်ရာ တေးသီချင်းကို အသင်းတော်၏ စည်းလုံးညီညွတ်မှု သင်္ကေတအဖြစ် မြင့်မားစွာ လေးစား တန်ဖိုးထားခဲ့ကြကြောင်း ပြန်လည်အမှတ်ရရင်း

“သင်တို့တစ်ဦးစီဟာ တေးဂီတအဖွဲ့တစ်ဖွဲ့ ဖြစ်လာကြပါစေ။ စည်းလုံးညီညွတ်မှုမှာ သဟဇာတဖြစ်ပြီး ဘုရားသခင်ရဲ့ သံစဉ်ကို တစ်စည်းတစ်လုံးတည်း ရယူကာ ယေဇူးခရစ်တော်အားဖြင့် ခမည်းတော်ထံ အသံတစ်သံတည်းနဲ့ သီချင်းဆိုနိုင်မှာ ဖြစ်ပါတယ်။ 

ဒါမှ ဘုရားသခင်ဟာ သင်တို့ရဲ့ အသံကို ကြားရပြီး သင်တို့ ပြုလုပ်တဲ့ ကောင်းသော လုပ်ရပ်တွေကနေ သင်တို့ဟာ သူ့သားတော်ရဲ့ အစိတ်အပိုင်းများဖြစ်ကြောင်း အသိအမှတ်ပြုမှာ ဖြစ်ပါတယ်” ဟု ရဟန်းမင်းကြီးက မိန့်ကြားနိဂုံးချုပ်ခဲ့ပါသည်။

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/en/pope/news/2026-08/pope-leo-general-audience-sacred-music-sacrosanctum-concilium.html

rvamyanmar
rvamyanmar
Articles: 4166

Leave a Reply

Your email address will not be published. Required fields are marked *