အင်ဒိုနီးရှား ငလျင်ဒဏ်ခံရသူများအတွက် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ မှ စာနာထောက်ထားကြောင်း သဝဏ်လွှာပေးပို့

ဩဂုတ်လ ၁၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက် စီးမှုများအတွက် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က အလွန် စိတ်မကောင်းဖြစ်ရ ကြောင်းနှင့် ဘေးဒဏ်ခံရ သူများနှင့်အတူ စိတ်ဓာတ်ရေးရာ စာနာထောက်ထားစွာ ရပ်တည် လျက်ရှိကြောင်း ဗာတီကန် သတင်း ဌာနက ထုတ်ပြန်လိုက်ပါသည်။

ဗာတီကန် နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ် ပီယက်ထရို ပါရိုလင်း လက်မှတ်ရေးထိုး ပေးပို့သော အဆိုပါ သဝဏ်လွှာတွင် -
ဘေးအန္တရာယ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများ၊ ဒဏ်ရာရရှိသူများနှင့် ထိခိုက်ခံစား ရသူ အားလုံးအတွက် မေတ္တာပို့ ဆုတောင်းပေးခြင်း
ပြန်လည်ထူထောင်ရေးနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်နေသည့် အသင်းတော်၊ အရပ်ဘက် အာဏာပိုင်များနှင့် အရေးပေါ် ဝန်ထမ်းများ၏ ကြိုးပမ်းမှုကို ချီးကျူးအားပေးခဲ့ပြီး
သေဆုံးသွားသူများအား ဘုရားသခင်၏ မေတ္တာ ကရုဏာတော်ထံ အပ်ကာ၊ ကျန်ရစ်သူများအတွက် နှစ်သိမ့်ခြင်းနှင့် ခွန်အား ကောင်းချီးများ ရရှိပါစေ ကြောင်း ဆုတောင်းပေးထားပါသည်။


ထိခိုက်ပျက်စီးမှု အခြေအနေ

အရှေ့နူဆာတန်ဂါရာ (East Nusa Tenggara) ဒေသ၊ ဖလိုရက်စကျွန်းနှင့် ဆူမားတြားကျွန်းတို့တွင် လှုပ် ခတ်ခဲ့သော အင်အားပြင်း ငလျင်များကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ ၅၃ ဦး၊ ဒဏ်ရာရသူ ၁၃၅ ဦးနှင့် အိုးမဲ့အိမ်မဲ့ဖြစ်သူ ၁၃,၀၀၀ ခန့် ရှိလာခဲ့ပြီ ဖြစ်သည်။

ထို့အပြင် နေအိမ် ၁,၃၅၀ ကျော်နှင့် ကျောင်းများ၊ ဘုရားကျောင်းများ ပါဝင်သည့် အများပြည်သူဆိုင်ရာ အဆောက်အအုံ ၁၆၇ ခု ပျက်စီးခဲ့ရပြီး ဘေးဒဏ်ခံရသူ ထောင်ပေါင်းများစွာသည် ယာယီခိုလှုံရေး စခန်းများတွင် ခိုလှုံနေကြရသည်။

#VaticanNews #PopeLeoXIV #IndonesiaEarthquake #PrayForIndonesia

Fr.Peter Kyi Maung

Credit to Vatican news

https://www.vaticannews.va/en/pope/news/2026-08/pope-leo-deeply-saddened-by-indonesia-earthquake.html

rvamyanmar
rvamyanmar
Articles: 4159

Leave a Reply

Your email address will not be published. Required fields are marked *