
“ဘုရားသခင်၏ စားပွဲတော်သည် လူတိုင်းအတွက် ပြင်ဆင်ထားလျက်ရှိသည်”
တနင်္ဂနွေနေ့ အန်ဂျေလူး (Angelus) မေတ္တာဆိုရန် ကာစတယ် ဂန်ဒိုလ်ဖို (Castel Gandolfo) တွင် စုဝေးရောက်ရှိနေကြသော ဘုရားဖူးဧည့်သည်များအား မိန့်ခွန်းပြောကြားရာ၌ ပုပ်ရဟန်းမင်းကြီး လီယို သည် ဝေဒနာခံစားနေရသော သမီးဖြစ်သူအတွက် ယေဇူးခရစ်တော်ထံ အကူအညီ တောင်းခံ ခဲ့သည့် ခါနန်အမျိုးသမီး၏ ယုံကြည်ခြင်းအကြောင်းကို ဆင်ခြင်သုံးသပ်ရင်း ဘုရားသခင်၏ ကျေးဇူးတော်သည် သတ်မှတ်ထားသော နယ်နိမိတ်များ၏ အလွန်တွင် မည်သို့အလုပ်လုပ်သည်ကို အသိအမှတ်ပြုရန်၊ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည့် ခွဲခြားဆက်ဆံမှုများနှင့် အတားအဆီးများကို ကျော်လွှားကြရန် သာသနာတော်အား တိုက်တွန်းနှိုးဆော်ခဲ့သည်။
ပုပ်ရဟန်းမင်းကြီးသည် မနေ့က ကျရောက်ခဲ့သော အမိမယ်တော် သေခြင်းမှ ကင်းလွတ်၍ ကောင်းကင် ဘုံသို့ ပင့်ဆောင်ခြင်းခံရသည့် ပွဲတော် (Solemnity of the Assumption) အား ပြန်လည်အမှတ် ရစေ ခြင်းဖြင့် စတင်ခဲ့ပါသည်။ အဆိုပါပွဲတော်သည် မယ်တော် မာရီယား နှင့် သားတော်ခရစ်တော်သခင်တို့၏ သေခြင်းတရားသည် မခွဲခြားနိုင်သော ရုပ်ခန္ဓာနှင့် ဝိညာဉ်ရေးရာ ခိုင်မြဲသည့် ပေါင်းစည်းမှုကို သာသနာ တော်က ဆင်ခြင်အောက်မေ့ကျင်းပသည့် ပွဲတော်ဖြစ်သည်။
ဂျူးလူမျိုးမဟုတ်သူ ခါနန်အမျိုးသမီးသည် ယေဇူးခရစ်တော်၏ လူမျိုးစုထဲမှ မဟုတ်ဘဲ တိုင်းတစ်ပါး တွင် နေထိုင်သူဖြစ်သော်လည်း ခရစ်တော်နှင့် စကားပြောခွင့်ရရန် ဇွဲရှိစွာ ကြိုးစားခဲ့သည်။
သူမသည် ခရစ်တော်နှင့် သံယောဇဉ်နှောင်ကြိုး ရှိပြီးသား တပည့်တော်တစ်ဦးကဲ့သို့ နောက်တော်သို့ လိုက်ပါခဲ့ကြောင်း တစ်ကြိမ်မျှ မဆုံတွေ့ခဲ့ဖူးသော်လည်း ယုံကြည်ခြင်းသည် သူမ၏ စိတ်နှလုံးထဲတွင် ဆန်းကြယ်စွာ အမြစ်တွယ်နေခဲ့ပြီးဖြစ်သည် ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။
ထိုအမျိုးသမီးသည် မိမိကိုယ်တိုင်အတွက် ဘာတစ်ခုမျှ မတောင်းဆိုခဲ့ပါ။ ထို့ပြင် ခံစားနေရသော သမီး ဖြစ်သူအတွက် ငြိမ်းချမ်းမှုကို တောင်းခံခဲ့ပြီး ယေဇူးသခင်အား ဒါဝိဒ်၏အနွယ်ဝင် မက်ဆီးယ (ကယ်တင်ရှင်) အဖြစ် အသိအမှတ်ပြုကာ ကိုးစားအားကိုးခဲ့သည်။
ကျမ်းစာသည် သူမကြုံတွေ့ခဲ့ရသော အတားအဆီးများကို ဖုံးကွယ်မထားပါ။ တပည့်တော်များက သူမ အား ရှုပ်ရှုပ်ရှက်ရှက် လုပ်သူအဖြစ် သတ်မှတ်ခဲ့ကြပြီး ယေဇူးကိုယ်တိုင်ကလည်း အစတွင် သူမ၏ တောင်းပန်တောင်းခံမှုကို ငြင်းဆန်ခဲ့သည်။
သို့သော် မျှော်လင့်မထားသည်များ ဖြစ်ပျက်လာခဲ့သည်။ နောက်ဆုံးတွင် ခရစ်တော်က သူမအား “အမျိုး သမီး၊ သင်၏ယုံကြည်ခြင်းသည် ကြီးမြတ်လှ၏။ သင်အလိုရှိသည့်အတိုင်း ဖြစ်စေသတည်း” ဟု မိန့် တော်မူခဲ့သည်။
ဘုရားသခင်၏ အလုပ်တော်ကြောင့် အံ့အားသင့်ရခြင်း
ပုပ်ရဟန်းမင်းကြီးက ထိုတွေ့ဆုံမှုသည် ယနေ့ကာလ သာသနာတော်အတွက်လည်း အရေးကြီးသော သင်ခန်းစာတစ်ခုကို ပေးစွမ်းသည်ဟု မိန့်ကြားခဲ့သည်။
သာသနာတော်သည် ဘုရားသခင်၏ လုပ်ဆောင်မှု့ကြောင့် မိမိကိုယ်ကို အံ့အားသင့်ခွင့်ပြုရမည်ဖြစ်ပြီး ခရစ်တော်၏ ငြိမ်းချမ်းရေးကို သတ်မှတ်ထားသော နယ်နိမိတ်များ၏ အလွန်သို့ ပြန့်ပွားစေရမည်ဟု ရှင်းပြခဲ့သည်။
ဘုရားသခင်၏ ကျေးဇူးတော်သည် သာသနာတော်၏ သာသနာပြုလုပ်ငန်းများထက် စောလျင်စွာ ရောက်ရှိလေ့ရှိပြီး လူတို့၏ အသိစိတ်ဓာတ် အနက်ရှိုင်းဆုံးနေရာများတွင် အလုပ်လုပ်လျက်ရှိသည်။ ထို့ကြောင့် လက်ရှိ အစီအစဉ်များကို နှောင့်နှေးစေသည့် တွေ့ဆုံမှုများအပါအဝင် တွေ့ဆုံမှုတိုင်းသည် ခရစ်ယာန်များအား သေချာဂရုစိုက် နားထောင်ရန်နှင့် ဘုရားသခင် ဆက်သွယ်ပြောကြားလိုသည့် အရာ များအတွက် မျက်စိနှင့် နှလုံးသားကို ဖွင့်လှစ်ထားရန် လိုအပ်ပါသည်။
မည်သူမျှ အမှိုက်အစအနမျှဖြင့် ကျန်ရစ်မနေစေရ
ခါနန်အမျိုးသမီးထံမှ ခရစ်ယာန်များသည် နှိမ့်ချမှုနှင့် ဇွဲ၊ ဝိရိယ နှစ်ခုလုံးကို သင်ယူကြရကြောင်း သူမ၏ ယုံကြည်ခြင်းက “ဘုရားသခင်၏ စားပွဲတော်သည် လူတိုင်းအတွက် ပြင်ဆင်ထားလျက်ရှိသည်” ကို သင်ကြားပေးပြီး မည်သူမျှ အမှိုက်အစအနမျှဖြင့် ကျန်ရစ်မနေသင့်ကြောင်း၊ အကြောင်းမှာ လူတိုင်း သည် ခမည်းတော်ဘုရားထံတွင် နေရာတစ်ခုစီ ရှိကြသောကြောင့် ဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီး လီယို က ဆက်လက်မိန့်ကြားခဲ့သည်။
ဤယုံကြည်ခြင်း အလင်းရောင်ဖြင့် ကြည့်ရှုပါက ဘုရားသခင်၏ သားသမီးများ၏ ဂုဏ်သိက္ခာကို နင်း ချေနေသည့် မညီမျှမှုများ၊ ခွဲခြားဆက်ဆံမှုများနှင့် အတားအဆီးများသည် သည်းခံနိုင်ဖွယ်မရှိသော အရာများ ဖြစ်လာသည်။
မိမိ၏ ဆင်ခြင်သုံးသပ်မှုကို နိဂုံးချုပ်ရင်း ပုပ်ရဟန်းမင်းကြီး လီယိုက သာသနာတော်ကို “ငြိမ်းချမ်းရေး ကို ရှာဖွေနေသည့် ရုတ်ရုတ်သဲသဲ ဖြစ်နေသောကမ္ဘာကြီးတွင်” သက်ဝင်လှုပ်ရှားနေသော ယေဇူးခရစ် တော်၏ သာသနာတော်အဖြစ် ဖော်ပြခဲ့သည်။
‘မဂ္ဂနီဖီကတ်’ (Magnificat – မယ်တော်၏ ချီးမွမ်းသီချင်း) သည် “ထုတ်ဖော်ပြောဆိုဖူးသမျှတွင် အားအ ကောင်းဆုံးနှင့် အဆန်းသစ်ဆုံး ဓမ္မသီချင်း ဖြစ်သည်” ကို ပြန်လည်အမှတ်ရရင်း၊ ယုံကြည်သူများအား မယ်တော် မာရီယားထံ ဆုတောင်းမေတ္တာ ပို့သပေးရန် တောင်းခံကြရန် ဖိတ်ခေါ်ခဲ့သည်။
ထိုသီချင်းသည် ဘုရားသခင်၏ မျက်စိဖြင့် ပကတိအရှိတရားကို မြင်တွေ့ရသူ၏ သီချင်းဖြစ်ပြီး၊ ထိုအ ကြောင်းရင်းကြောင့်ပင် မည်သည့်အခါမျှ မျှော်လင့်ချက်မကုန်ဘဲ မေတ္တာတရားဖြင့် လုပ်ဆောင်သော သူ၏ သီချင်းဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။
Credit to Vatican News
Fr. Peter Kyi Maung
Website: rvamyanmar.org
https://www.youtube.com/@rvamyanmar8152 See less
https://www.vaticannews.va/…/pope-leo-angelus-address…
See less



