
“စစ်ပွဲဆိုတာ စစ်ပွဲကိုပဲ ပိုမိုမွေးဖွားပေးတာပါ။

ဆူဒန်၊ ယူကရိန်းနှင့် ရုရှားတို့တွင် ငြိမ်းချမ်းရေးရရှိရန် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) အရေးပေါ် တိုက်တွန်း
တနင်္ဂနွေနေ့ Angelus ဆုတောင်းပွဲအပြီး စိန့်ပီတာရင်ပြင်တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကမ္ဘာတစ်ဝန်း မြင့်တက်လာနေသော အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် ချက်ချင်း သံတမန်ရေး အရ အဖြေရှာကြရန် ကမ္ဘာ့ခေါင်းဆောင်များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ အလေးအနက် တိုက် တွန်းပြောကြားလိုက်သည်။
ရဟန်းမင်းကြီး၏ မိန့်ခွန်းမှ အဓိကအချက်များမှာ –
ဆူဒန်အတွက် အရေးပေါ် ကူညီရေးလမ်းကြောင်းများ: အယ်လ်အိုဘေးဒ် (el-Obeid) မြို့တွင် ပိုမိုဆိုး ရွားလာသည့် အကျပ်အတည်းအတွက် အလွန်စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး၊ စစ်ပွဲအတွင်း ပိတ်မိနေ သော အရပ်သားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုံခြုံသော လမ်းကြောင်းများ အာမခံပေးရန် သက်ဆိုင်ရာ အာဏာပိုင်များကို တောင်းဆိုခဲ့သည်။ ထို့အပြင် သန်းပေါင်းများစွာသော ပြည်သူများ အစားအစာ၊ ရေနှင့် ဆေးဝါး ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသဖြင့် ချက်ချင်း အပစ်အခတ် ရပ်စဲရေးကို ကူညီဆောင်ရွက်ပေးကြရန် နိုင်ငံတကာခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။
ယူကရိန်းနှင့် ရုရှားတို့တွင် အကြမ်းဖက်မှုသံသရာ ရပ်တန့်ရေး:
ကလေးငယ်များအပါအဝင် အရပ်သား ထိခိုက်သေဆုံးမှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာ သည်ကို ထောက်ပြရင်း နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို အပြည့် အဝ လိုက်နာကြရန် ထပ်မံတောင်းဆိုခဲ့သည်။
“စစ်ပွဲဆိုတာ စစ်ပွဲကိုပဲ ပိုမိုမွေးဖွားပေးပြီး ကြီးမားတဲ့ ဆင်းရဲဒုက္ခတွေကိုပဲ ဖြစ်ပေါ်စေပါတယ်။ အကြမ်းဖက်မှု သံသရာကို ရပ်တန့်ပြီး ငြိမ်းချမ်းရေးဆီ ဦးတည်နိုင်ဖို့ သံတမန်ရေးရာနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို လမ်းဖွင့်ပေးရမယ့် အချိန်ရောက်ပါပြီ” ဟု ပုပ်ရဟန်းမင်းကြီးက အလေးအနက် မိန့်ကြားခဲ့သည်။
လူငယ်များအတွက် မျှော်လင့်ချက်သတင်းလွှာ
ဗာတီကန်စီးတီးတွင် စုဝေးရောက်ရှိနေကြသော လူငယ်အဖွဲ့အစည်းများကိုလည်း စိန့်ဒိုမီနစ် (Saint Dominic)၊ စိန့်ထရီဆာ ဗေနီဒစ်တာ (Saint Teresa Benedicta)၊ စိန့်လောရင့်စ် (Saint Lawrence) နှင့် စိန့်ကလဲ (Saint Clare of Assisi) တို့၏ အတုယူဖွယ် စံနမူနာများကို လေ့လာအတုယူကြရန် တိုက်တွန်းခဲ့သည်။
စစ်ပွဲကြောင့် ဒုက္ခရောက်နေရသော နိုင်ငံအသီးသီးတွင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိရန် အတူတကွ ဆုတောင်းပေးကြပါစို့။
Website: rvamyanmar.org
/ @rvamyanmar8152
Fr. Peter Kyi Maung
Photo Credit: Vatican News
Original Link: https://www.vaticannews.va/…/pope-leo-stop-spiral-of…
See less


