
ပြင်သစ်နိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး၏ သမိုင်းဝင်ခရီးစဉ် သတင်းထုတ်ပြန်

ဗာတီကန်သတင်းဌာနက ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) ၏ ၅ ကြိမ်မြောက် သာသ နာပြုခရီးစဉ် တရားဝင်အစီအစဉ်ကို ထုတ်ပြန်လိုက်ပြီဖြစ်သည်။ စက်တင်ဘာ ၂၅ မှ ၂၈ ရက်အထိ ၄ ရက်ကြာ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးသည် ပဲရစ်၊ စိန့်ဒေနစ်၊ လူ့စ် နှင့် မက်ဇ် မြို့များသို့ ကြွ ရောက်မည်ဖြစ်သည်။
ဤခရီးစဉ်သည် ၂၀၀၈ ခုနှစ် ပုပ်ရဟန်းမင်းကြီး ဘာနေဒစ် ၁၆ ကြွရောက်ခဲ့ပြီးနောက်ပိုင်း ပြင်သစ် နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် တရားဝင် ချစ်ကြည်ရေးကြွရောက်သည့် သမိုင်းဝင်ခရီးစဉ်ဖြစ်သည်။
တစ်ရက်ချင်းစီ၏ အဓိကအစီအစဉ်များ
စက်တင်ဘာ ၂၅ (သောကြာ) – ပဲရစ်နှင့် စိန့်ဒေနစ်
• နံနက် ၁၀:၀၀ နာရီတွင် ရောမမြို့မှ ပဲရစ်မြို့ အော်လီလေဆိပ်သို့ ရောက်ရှိမည်။
• အီလီဇေနန်းတော်၌ သမ္မတ အီမန်နုအယ် မက်ခရွန် နှင့် တွေ့ဆုံမည်။
• ယူနက်စကို (UNESCO) ဌာနချုပ်တွင် မိန့်ခွန်းပြောကြားမည်။
• နိုထရဒမ် ကာသီဒရယ်ဘုရားကျောင်း၌ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်မည်။
• စိန့်ဒေနစ်ရှိ Stade de France အားကစားကွင်း၌ လူငယ်များနှင့်အတူ ဆုတောင်းပွဲကျင်းပမည်။
စက်တင်ဘာ ၂၆ (စနေ) – ပဲရစ်မှ လူ့စ် စုပေါင်းကူညီစောင့်ရှောက်ရေး ဗဟိုဌာနသို့ သွားရောက်မည်။ ကက်သလစ်တက္ကသိုလ်၌ တွေ့ဆုံပွဲပြုလုပ်မည်။ Place de la Concorde ကွင်းပြင်၌ မစ္ဆား တရား ပူဇော်မည်။ လူ့စ်မြို့သို့ ရောက်ရှိပြီး မယ်တော်၏ ဂူ၌ ဝတ်ပြုဆုတောင်းမည်။
စက်တင်ဘာ ၂၇ (တနင်္ဂနွေ) – လူ့စ် ပြင်သစ်ဆရာတော်များနှင့် တွေ့ဆုံပြီး လူထုပရိပ်သပ်အတွက် မစ္ဆားတရားပူဇော်ကျင်းပမည်။ Accueil Notre Dame ဂေဟာရှိ ဝန်ထမ်းများနှင့် ဝေဒနာရှင်များကို သွားရောက်တွေ့ဆုံမည်။ ညနေပိုင်းတွင် မီးထွန်းပုတီးစိတ်ဆုတောင်းပွဲ၌ ပါဝင်မည်။
စက်တင်ဘာ ၂၈ (တနင်္လာ) – မက်ဇ် မှ ရောမ ဘာသာပေါင်းစုံ တွေ့ဆုံပွဲနှင့် ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်မည်။ စိန့်စတီဖင် ကာသီဒြယ်ဘုရားကျောင်း၌ နောက်ဆုံးမစ္ဆားမင်္ဂလာ ပူဇော်ကျင်း ပမည်။ ည ၇:၀၀ နာရီတွင် ရောမသို့ ပြန်လည်ထွက်ခွာမည်။
ဆောင်ပုဒ်နှင့် အထိမ်းအမှတ်
• ဆောင်ပုဒ်: ကမ္ဘာလောကကြီး အသက်ရှင်သန်ခွင့်ရစေရန် မျှော်လင့်ခြင်းနှင့် ညီညွတ်ရေးအတွက် နှိုးဆော်ချက်ဖြစ်သည်။
• အမှတ်တံဆိပ်: ဂေါသစ်စတိုင် ပြတင်းပေါက် မှန်ဆေးဆွဲပုံစံ၊ ကားတိုင်နှင့် ငြိမ်းချမ်းရေးသင်္ကေတ ဂျိုးငှက်တို့ ပါဝင်သည်။
ကုစားမှုနှင့် အနာဂတ်
ပုပ်ရဟန်းမင်းကြီးသည် အသင်းတော်အတွင်း မတရားပြုကျင့်ခံခဲ့ရသူများနှင့် သီးသန့်တွေ့ဆုံရန် လည်း စီစဉ်ထားသည်။
#PopeLeoXIV #PapalVisit #France #Paris #Lourdes #VaticanNews
Fr. Peter Kyi Maung
Credit to Vatican News


