ပြင်သစ်နိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး၏ သမိုင်းဝင်ခရီးစဉ် သတင်းထုတ်ပြန်

ဗာတီကန်သတင်းဌာနက ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) ၏ ၅ ကြိမ်မြောက် သာသ နာပြုခရီးစဉ် တရားဝင်အစီအစဉ်ကို ထုတ်ပြန်လိုက်ပြီဖြစ်သည်။ စက်တင်ဘာ ၂၅ မှ ၂၈ ရက်အထိ ၄ ရက်ကြာ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးသည် ပဲရစ်၊ စိန့်ဒေနစ်၊ လူ့စ် နှင့် မက်ဇ် မြို့များသို့ ကြွ ရောက်မည်ဖြစ်သည်။

ဤခရီးစဉ်သည် ၂၀၀၈ ခုနှစ် ပုပ်ရဟန်းမင်းကြီး ဘာနေဒစ် ၁၆ ကြွရောက်ခဲ့ပြီးနောက်ပိုင်း ပြင်သစ် နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် တရားဝင် ချစ်ကြည်ရေးကြွရောက်သည့် သမိုင်းဝင်ခရီးစဉ်ဖြစ်သည်။

တစ်ရက်ချင်းစီ၏ အဓိကအစီအစဉ်များ

စက်တင်ဘာ ၂၅ (သောကြာ) – ပဲရစ်နှင့် စိန့်ဒေနစ်

• နံနက် ၁၀:၀၀ နာရီတွင် ရောမမြို့မှ ပဲရစ်မြို့ အော်လီလေဆိပ်သို့ ရောက်ရှိမည်။

• အီလီဇေနန်းတော်၌ သမ္မတ အီမန်နုအယ် မက်ခရွန် နှင့် တွေ့ဆုံမည်။

• ယူနက်စကို (UNESCO) ဌာနချုပ်တွင် မိန့်ခွန်းပြောကြားမည်။

• နိုထရဒမ် ကာသီဒရယ်ဘုရားကျောင်း၌ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်မည်။

• စိန့်ဒေနစ်ရှိ Stade de France အားကစားကွင်း၌ လူငယ်များနှင့်အတူ ဆုတောင်းပွဲကျင်းပမည်။

စက်တင်ဘာ ၂၆ (စနေ) – ပဲရစ်မှ လူ့စ်
စုပေါင်းကူညီစောင့်ရှောက်ရေး ဗဟိုဌာနသို့ သွားရောက်မည်။
ကက်သလစ်တက္ကသိုလ်၌ တွေ့ဆုံပွဲပြုလုပ်မည်။
Place de la Concorde ကွင်းပြင်၌ မစ္ဆား တရား ပူဇော်မည်။
လူ့စ်မြို့သို့ ရောက်ရှိပြီး မယ်တော်၏ ဂူ၌ ဝတ်ပြုဆုတောင်းမည်။


စက်တင်ဘာ ၂၇ (တနင်္ဂနွေ) – လူ့စ်
ပြင်သစ်ဆရာတော်များနှင့် တွေ့ဆုံပြီး လူထုပရိပ်သပ်အတွက် မစ္ဆားတရားပူဇော်ကျင်းပမည်။
Accueil Notre Dame ဂေဟာရှိ ဝန်ထမ်းများနှင့် ဝေဒနာရှင်များကို သွားရောက်တွေ့ဆုံမည်။
ညနေပိုင်းတွင် မီးထွန်းပုတီးစိတ်ဆုတောင်းပွဲ၌ ပါဝင်မည်။


စက်တင်ဘာ ၂၈ (တနင်္လာ) – မက်ဇ် မှ ရောမ
ဘာသာပေါင်းစုံ တွေ့ဆုံပွဲနှင့် ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်မည်။
စိန့်စတီဖင် ကာသီဒြယ်ဘုရားကျောင်း၌ နောက်ဆုံးမစ္ဆားမင်္ဂလာ ပူဇော်ကျင်း ပမည်။
ည ၇:၀၀ နာရီတွင် ရောမသို့ ပြန်လည်ထွက်ခွာမည်။


ဆောင်ပုဒ်နှင့် အထိမ်းအမှတ်

• ဆောင်ပုဒ်: ကမ္ဘာလောကကြီး အသက်ရှင်သန်ခွင့်ရစေရန် မျှော်လင့်ခြင်းနှင့် ညီညွတ်ရေးအတွက် နှိုးဆော်ချက်ဖြစ်သည်။

• အမှတ်တံဆိပ်: ဂေါသစ်စတိုင် ပြတင်းပေါက် မှန်ဆေးဆွဲပုံစံ၊ ကားတိုင်နှင့် ငြိမ်းချမ်းရေးသင်္ကေတ ဂျိုးငှက်တို့ ပါဝင်သည်။

ကုစားမှုနှင့် အနာဂတ်

ပုပ်ရဟန်းမင်းကြီးသည် အသင်းတော်အတွင်း မတရားပြုကျင့်ခံခဲ့ရသူများနှင့် သီးသန့်တွေ့ဆုံရန် လည်း စီစဉ်ထားသည်။

#PopeLeoXIV #PapalVisit #France #Paris #Lourdes #VaticanNews

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/en/pope/news/2026-08/pope-leos-packed-schedule-4-day-apostolic-journey-to-france.html

rvamyanmar
rvamyanmar
Articles: 4143

Leave a Reply

Your email address will not be published. Required fields are marked *