
နည်းပညာဆိုတာ အမှန်တရားနဲ့ အများကောင်းကျိုးအတွက် အသုံးတော်ခံရမယ်”

ချီလီနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၇) ကြိမ်မြောက် အသင်းတော် ဆက်သွယ်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲသို့ ပေးပို့သော ဗာတီကန်၏ သဝဏ်လွှာတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က – မာတီမီဒီယာ ကျွမ်းကျင်သူများ၊ သုတေသီများနှင့် သာသနာပြု လုပ်သားများအနေဖြင့် AI ကဲ့သို့သော သစ်လွင် ဆန်း သစ်သည့် နည်းပညာများကို အသုံးပြုရာတွင် လူသားတို့၏ ဂုဏ်သိက္ခာကို အစဉ်အမြဲ ကာကွယ် စောင့် ရှောက်သွားကြရန် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ် ပီထရို ပါရိုလင်း (Pietro Parolin) လက်မှတ်ရေးထိုး ပေးပို့ခဲ့သည့် ပုပ်ရဟန်းမင်းကြီး၏ သဝဏ်လွှာတွင် AI နည်းပညာ၏ စိန်ခေါ်မှုများကို ပညာဉာဏ်၊ တာဝန်ယူမှုတို့ဖြင့် ရင်ဆိုင်ဖြေရှင်းကြရန်နှင့် နည်းပညာဆိုင်ရာ ကိရိယာတိုင်းကို “အမှန်တရားနှင့် အများကောင်းကျိုး အတွက် အသုံးတော်ခံရန်” တိုက်တွန်းထားပါတယ်။
စန်တီယာဂိုမြို့တွင် ကျင်းပခဲ့သည့် အခမ်းအနား ဖွင့်ပွဲမှ အဓိက အချက်အလက်များ –
လူသားတို့၏ ဂုဏ်သိက္ခာကို ဗဟိုပြုခြင်း –
စန်တီယာဂို မြို့ပြကက်သလစ်ဆရာတော် ကာဒီနယ် ဖာနန်ဒို နာတာလီယို ချိုမာလီ ဂါရစ်ဘ် (Fernando Natalio Chomalí Garib) က AI နည်းပညာနှင့် ပတ်သက်၍ သုံးသပ်ရာတွင် လူသားကို ဗဟိုပြုရမည်ဟု မိန့်ကြားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး၏ Magnifica humanitas စာချွန်လွှာကို ကိုးကား၍ ဆက်သွယ် ရေး လုပ်ငန်းစဉ်များသည် အမှန်တရား၊ ကောင်းမွန်ခြင်း၊ အလှတရားနှင့် အသုံးဝင်မှု ဆိုသည့် မရှိမဖြစ် လိုအပ်သော စံနှုန်း (၄) ချက်ပေါ်တွင် အခြေခံရမည်ဟု အလေးပေး ပြောကြားခဲ့ပါတယ်။
ဗာဗုလုန်ရဲတိုက် မဟုတ်ဘဲ ဂျေရုဆလင်မြို့ကို တည်ဆောက်ခြင်း –
ကာဒီနယ် ချိုမာလီက ကျင့်ဝတ်စံနှုန်းများပေါ်တွင် အခြေခံသည့် ဆက်သွယ်ရေးသည် တစ်ဦးချင်းစီ (Individualism)ပိုဆန်လာသော ယနေ့ကမ္ဘာကြီးတွင် စိတ်ဝမ်းကွဲပြားမှုများကို မဖန်တီးဘဲ၊ စစ်မှန်သော ညီအစ်ကိုမောင်နှမစိတ်နှင့် တွေ့ဆုံဆွေးနွေးမှုများကို တိုးတက်စေမည်ဖြစ်ကြောင်း ထည့်သွင်းပြော ကြားခဲ့ပါတယ်။
ဘုံသဘောတူညီချက် စံမူများ –
ချီလီဆရာတော်များအဖွဲ့ဥက္ကဋ္ဌ အာခ်ျဘိရှော့ပ် ရေနေး အော့စ်ဝယ်ဒို ရီဘိုယေဒို ဆာလီနက်စ် (René Osvaldo Rebolledo Salinas) ကလည်း “ထိပါးကျူးလွန်၍မရသော လူသားတို့၏ ဂုဏ်သိက္ခာသည် နည်းပညာ ထွန်းကားမှုနှင့် သိပ္ပံပညာ တိုးတက်မှုတို့၏ မူလစံနှုန်း၊ စိစစ်စရာ စံချိန်စံညွှန်းနှင့် အဓိက ပန်းတိုင် ဖြစ်ရမည်” ဟု ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အတုပြုလုပ်ထားသော ဥာဏ်ရည်တု (AI) နည်းပညာသည် ကျွန်ုပ်တို့၏ ကမ္ဘာကြီးကို ဆက်လက် ပုံဖော်နေသည်နှင့်အမျှ နည်းပညာသည် လူသားများကို အစားထိုးပစ်လိုက်ခြင်းမရှိဘဲ လူသားထုကို မည်သို့ အကျိုးပြုနိုင်မည်ဟု သင်ထင်ပါသလဲ။
#PopeLeoXIV#ChurchCommunication#ArtificialIntelligence#EthicalAI#MagnificaHumanitas#Vatican#FaithAndTech
Fr. Peter Kyi Maung
Photo Credit : Vatican News



