ရဟန္တာမာရီယားမာဒလေနား ဘုရားကျောင်းပွဲကျင့်ပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ရွှေဘိုမြို့နယ်၊ ရွာတော်ကျေးရွာ၌တည်ရှိသော စိန့်မာရီယား မာဒလေနားဘုရားကျောင်းပွဲမစ္ဆားတရားကို (၂၂.၇.၂၀၂၆) ဗုဒ္ဓဟူးနေ့ နံနက် ၇:ဝဝနာရီအချိန်တွင် ဘုန်း တော်ကြီး Fr. Richard Kyaw Myo Hlaing မှဦးဆောင်ပူဇော်ပေးခဲ့ပြီး ဩဝါဒတရားကို မန္တလေး စိန့်မိုင်ကယ်(သံဝင်း)  ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Augustine Tin Maung Htun မှ မြွက်ကြား ခဲ့ပါ သည်။

ကျောင်းပွဲသို့ ရွှေဘိုဇုံသာသနာနယ်အတွင်းရှိ ကျေားရွာအသီးသီးမှ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဘာသာဝင်များလာရောက်ဝတ်ပြုဆုတောင်းကြပါသည်။ ဤကျောင်းပွဲအတွင်း ကလေးသူ ငယ်များ စုစုပေါင်း( ၃၅  ) ယောက် သည်လည်း မထမကိုယ်တော်မြတ်စက္ကရာမင်တူးကို ခံယူရရှိခဲ့ပါသည်။

မစ္ဆားတရားအတွင်း ဘုန်းတော်ကြီး Fr. Augustine Tin Maung Htun မှဩဝါဒမိန့်ကြားရာတွင်

“မာရီယားမာဒလေနားသည် သခင်ဘုရားကိုယုံကြည်တယ် ချစ်တယ် နားထောင်တယ် ဒါကြောင့် သခင် ယေဇူးအသက်တော်ထွက်တဲ့အချိန်မှာ ကျန်တပည့်တော်ကြီးများက ဘာဆက်လုပ်ရမယ်မသိပဲ ကြောက် ပြီး အိမ်ထဲမှာပဲစုပြီးဝမ်းနည်းနေကြတယ်။ ဒါပေမဲ့ မာရီယားမာဒလေနားက မနက်အစောကြီး ထ၍ သခင်ယေဇူးကိုသင်္ကြိုထားတဲ့ ဂူသင်္ချိုင်းဆီသွားခဲ့တယ် ဘာမှကြောက်ရွံမရှိဘူး။

ဒီနေ့မှာကျွန်ုပ်တို့သည်လည်းမာရီယားမာဒလေနားလို ဘုရားသခင်ကိုယုံကြည်နိုင်ဖို့ အတွက်ပြင်ဆင်ရ ပါမယ်။ ကျွန်ုပ်တို့ဘဝမှာ အခက်အခဲအမျိုးမျိုးရှိတဲ့ကြားကနေ ဘုရားသခင်ကိုယုံကြည်ပြီးဆုတောင်း ရင်းနဲ့ကြိုးစားမှရမှာဖြစ်ပါတယ်။ လက်မြောက်အရှုံးပေးနေရင်၊ စိတ်ဓာတ်ကျနေရင် ဘာမှတိုးတက်ဖြစ် မြောက်လာမှာမဟုတ်ဘူး။

ဇွဲလုံ့လနှင့်ကြိုးစားဖို့အရေးကြီးတယ် မာရီယားမာဒလေနားသည် ဇွဲလုံ့လရှိတဲ့အတွက် သခင်ယေဇူး၏ ရှင်ပြန်ထမြောက်တဲ့ သတင်းစကားကို ဦးစွာမြင်ခွင့်ကြားခွင့်ရရှိခဲ့ပါတယ်။ ဒါကြောင့်ကျွန်ုပ်တို့ဘဝတွေ မှာလည်းအခက်အခဲတွေကိုထိုင်း ညည်းမနေပဲဇွဲလုံ့လ၊ ယုံကြည်နှင့်ကြိုးစားရင်ဆိုင်ရင် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့စိတ်နှလုံးထဲမှာ ဘုရားသခင်ကိုအချိန်ပေးဖို့ မမေ့ကြဖို့လိုအပ်ပါတယ်။

ရဟန္တာမ မာရီယား မာဒလေနားကျောင်းပွဲကျင်းပခြင်းနှင့်ပတ်သက်ပြီး ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာ David Toe Wai Aung ပြောပြသည်မှာ

“ကျောင်းပွဲကို ဘယ်တုန်းကစတင်ကျင်းပလဲတော့ သေခြာမသိရပါဘူး သမိုင်းကြောင်းအရ ဒီရွာကို ၁၈၉၅ ခုနှစ်က MEP သာသနာပြု ဘုန်းတော်ကြီး နှစ်ပါး သာသနာပြု စတင်ရောက်လာတာကနေ စတင်ခဲ့ တာတော့ သိရပါတယ်။ ဘုရားကျောင်းဘွဲ့နာမ ကို မာရီယားမာဒလေးနားလို့ ပြင်သစ်သာသနာပြု တွေ ပေးသွားတာလို့ သိရပါတယ်။

ကိုဗစ် ၁၉ ကာလ စစ်ဖြစ်နေတဲ့အခြေနေတွေဆိုတော့ အရင်နှစ်တွေက ကျောင်းထိုင်ဘုန်းကြီး နဲ့ အနီးနာ က ဘုန်းကြီးတပါးနှစ်ပါး ရွားထဲက ဘာသာဝင်တွေလောက်နဲ့ပဲ ဘုရားကျောင်းပွဲကိုကျင်းပဖြစ်တယ် ဒိနှစ်မှာ ထူးခြားတာက နယ်ဝေးက ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေ လည်းကြွလာကြတယ် ဘာသာဝင် တထောင်ကျော်လောက်လည်း ဘုရားကျောင်းပွဲမှာ တရားနာ ခဲ့ကြတာ က ထူးခြားချက်ပါပဲ။

ရဟန္တာမ မာရီယားမာဒလေနားရဲ့ စောင့်ရှောက်မူ့လို့ပဲ ပြောမလား နိုဗီနာ ၉ ရက်ရော ပွဲနေပါ ဘာအ နှောက်အယှက် အခက်အခဲမရှိ ဘေးကင်လုံခြုံစွာနဲ့ ပွဲတော်ကျင်းပနိုင်တာ ထူးခြားတဲ့ကျေးဇူးတော် လို့ခံစားရပါတယ်။

 ဒီရွာမှာ ဘာသာခြား အနည်းငယ် အတူတကွရောနှောနေထိုင်ကြပါတယ် ၊ ဒီရွာမှာက ခွဲခြားဆက်ဆံတာ မရှိဘူး။ ဘာသာ မတူပေမဲ့လေးစားကြတယ် စည်းလုံးကြတယ် သူဖက်ကိုယ့်ဖက် မခွဲခြားပဲ အလှူဒါန တွေလည်းပြုကြတာဆိုတော့ ရပ်ရေးရွာရေး သာသနာရေး အခက်အခဲ မရှိသလောက်ပါပဲ။ လူငယ် အများစုက အပြင်ထွက် အလုပ်ကြရတာကြောင်းလူငယ်တွေနဲ့ထိတွေ့မူ နည်းပါးတဲ့အခက်အခဲ အနည်း ငယ်လောက်ပဲ ရှိတာပါ

မာရီယား မာဒလေနားစီက အတုယူစရာ စံနမူနာက အတိတ်က ဘယ်လိုအခြေအနေ၊ ဘယ်ဘဝ ရောက် ရောက် ဘုရားကို တွေ့အောင်ရှာပါ ၊ ဘုရားကိူ ရရင် အရာရာ ပြည့်စုံ သွားမယ် ဆိုတာလေး အားပေးခြင် ပါတယ်။

မ လွင်လွင်

ခါတိုင်းဆိုဒီကျောင်းပွဲကို ခုလိုစည်စည်ကားကားမကျင်းပနိုင်တာကြာပြီ ခုဒီနှစ်မှပြန်ကျင်းပနိင်ရတယ်။ ရဟန္တာမာရီယား မာဒလေနားထံဆုတောင်းပြီးဆုတောင်းပြည့်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။ ဒီမှာစိပ် ပုတီးစိပ်တဲ့အဖွဲ့တွေနဲ့လည်း နေ့တိုင်းလာစိပ်တယ် ကိုယ်တော်မြတ်ဖူးတဲ့အချိန်တွေလည်း နေ့တိုင်းလာ ဖူးဖြစ်တယ်။ ကျန်းမာရေးမကောင်းတဲ့အချိန်တွေမှာဒီမာရီယား မာဒလေနားထံဆုတောင်းတဲ့အချိန် ဆု တောင်းပြည့်ပြီး ကျန်းမာရေးပြန်ကောင်းလာတဲ့အကြောင်းတွေကိုလည်း အခြားသူများကိုဝေမျှပါ တယ်။

Sr. Lydia Myint Myint Maw

အခက်အခဲတွေကြားကနေကျင်းပရပေမဲ့ ဒီနှစ်မှာတော့ ရဟန်းတော်များ၊ သီလရှင်များ၊ ဘာသာဝင်တွေ အများကြီးနှင့် စည်စည်ကားကားကျင်းပနိုင်ခဲ့ပါတယ်။ ပြီးတော့ဒီနှစ်မှာ အခြားသော ဓမ္မမိတ်ဆွေ ဗုဒ္ဓ ဘာသာဝင်များလည်း အများကြီးလာရောက်ပါဝင်ခဲ့ကြပါတယ်။ မာရီမာမာဒလေနားရဲ့စောင်မမှုကြောင့် ဒီမှာက သူများတွေတစ်ခြားနေရာမှာ ပြေးနေရပေမဲ့ ဒီမှာကအေးဆေးနေလို့ရပါတယ်။ ခုပွဲနီးလာတော့ လည်းအေးအေးချမ်းချမ်းပဲကျင်းပချင်တယ်လို့ ဆုတောင်းတာ တကယ်ပဲခုပွဲပြီးတဲ့အထိ ရာသီဥတုရော အခြားအရာတွေရော အကုန်အေးဆေးစွာကျင်းပနိုင်ခဲ့ခြင်းဟာ မာရီယား မာဒလေနားရဲ့ စောင်မမှုဖြစ် တယ်လို့ ခံစားရပါတယ်။

rvamyanmar
rvamyanmar
Articles: 4093

Leave a Reply

Your email address will not be published. Required fields are marked *