
June လရဲ့ကပ်ဘေးများ
အရင်အပတ်က video မှာ ကျွန်တော် "June လမှာဖြစ်ခဲ့မယ့် ငလျင်အကြောင်း" ကို ပြောပြခဲ့ပါတယ်၊၊ ဒီအပတ်မှာ video မှာတော့ အက်ဒီ June လမှာ ငလျင်အပြင်အခြား ဖြစ်ခဲ့တယ့် ကပ်ဘေး အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ အားလုံးပဲ မင်္ဂလာပါ ထိန်းသိမ်းကြစေ သဘာဝအမွေ အစီစဉ်မှ ပြန်လည် ကြိုဆိုပါတယ်။ ပီးခဲ့တယ့် လမှာဖြစ်ခဲ့တယ့် ငလျင် အကြောင်းကို ကျွန်တော် အရင်အပတ် video မှာပြောပီး ဒီဆိုတော့ ဒီတစ်ခါ ငလျင်အပြင်အခြားကပ်ဘေးတွေ ဖြစ်တဲ့ ရေကြီး၊ မူတွေ၊ တောမီးလောင်တယ် အကြောင်းတွေ ပြောပြပေးသွားမှာဖြစ်ပါတယ်။၊ ကျွန်တော်တို့ အနောက် Africa နိုင်ငံ မှာ ရှိတယ် Ghana နိုင်ငံ ဟာ ဆို ရင် (June လ 29, 2026) ခုနှစ်မှာ မိုးသည်းထန်စွာ ရွာ သွန်း ပီး ရေကြီးခဲ့ပါတယ်၊၊ Ghana နိုင်ငံမှာ ရှိတယ့် Accra မြို့ ဟာ ဆိုရင် (၂၄) နာရီ အတွင်း မိုးရေချိန် (၁၄၀) မီလီမီတာ ကျော် ရွာသွန်းခဲ့ပီး ဆိုးရွားတဲ့ ရာသီဥတု အရေးပေါ် အခြေအနေ ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုလို မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် Accra(အာကရာ) မြို့တော်ရဲ့ အဓိက စီးပွားရေးရဲ့ သွားလာရေး အချက်ချာကျတယ့် နေရာတွေ ဟာ ရေအောက်ကို ရောက်သွားခဲ့ပါတယ် ထို့ဒိလို ရေကြီးမှုကြောင့် နိုင်ငံသား (၄၀၀) ကျော် ပိတ်မိကာ စစ်တပ်နဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးလှေတွေကို သုံးခဲ့ရပါတယ်။ ရေကြီးမှု ကြောင့် အဆောက်အဦးပြိုကျမှုတွေ ကြောင့် လူဦးရေ အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ရပါတယ်။ ဒါဟာ Ghana နိုင်ငံ မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှု ကပ်ဘေးအကြောင်းဖြစ်ပါတယ်။၊ Ghana နိုင်ငံရဲ့ ရေကြီးမှု ပီးတော့ နောက်ထပ်ဖြစ်ပွားခဲ့တယ့် နိုင်ငံဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာ ရှိတယ့် ကချင်ပြည်နယ် ဟာဆိုရင် (ဇွန်လ ၂၄ရက် ၂၀၂၆) ခုနှစ် မှာ မိုးအဆက်မပြတ် ရွာသွန်း မှု ကြောင့် ကချင်ပြည်နယ် အတွင်း မှာ ရှိတယ့် မြို့တော်တော်များများဟာ ရေကြီးရေလျှံမှုတွေ တွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီရေကြီး မှု ရဲ့ နောက်ဆက်တွဲ ကြောင့် (June 28) ရက် နေ့ မှာ ဖားကန့် မြို့ ရှိ ကျောက်စိမ်းတွင်း ဒေသ မှာ ကြီးမားတဲ့ မြေစာ ပုံ ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီမြေပြိုမှု ကြောင့် အလုပ်သမား (၂၀) ခန့် ဟာ နွံနဲ့ မြေစာပုံ အောက် ကပ်မိပီး အသက်ဆုံးရှုံးခဲ့ရပီး လူအချို့ လည်း ပျောက်ဆုံးခဲ့ရပါတယ်။ ဒါဟာ June လအတွင်း ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း ဖြစ်ခဲ့တယ့် ရေကြီးမှု ပဲဖြစ်ပါတယ်။၊ နောက်ထပ် ရေကြီးမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံခဲ့ ရတဲ့ နိုင်ငံ ကတော့ ဥရောပနဲ့ အာရှ အစပ် မှာရှိတဲ့ (Georgia) နိုင်ငံပဲ ဖြစ်ပါတယ်။၊ June လ 27 ရက်ကနေ 29 ရက် အတွင်းမှာ မိုးသည်းထန်စွာ ရက်ဆက်တိုက် ရွာသွန်းခဲ့တာကြောင့် (Georgia) နိုင်ငံ အရှေ့ ပိုင်းနဲ့ အနောက် ပိုင်းက မြစ်တွေ ရေ လျှံတက်ခဲ့ပါတယ်။ လူနေအိမ် တွေရဲ့ မြေညီထပ်တွေ ရေမြုပ် ကုန်ပီး၊ လေပြင်းတွေ ကြောင့် အိမ်အမိုး တွေ လန်ထွက်ခဲ့ရသလို၊ မွေးမြူရေး တိရစ္ဆာန် တွေ လည်း ရေထဲမျော ပါ ဆုံးရှုံးခဲ့ရပါတယ်။ ကျွန်တော်တို့ အရှေ့ တောင် အာရှနိုင်ငံဖြစ်တယ် Philippines မှာ လည်း (Typhon) မုန်တိုင်း အစပျိုး မှုကြောင့် နေရာအနှံ့ အပြား ရေကြီးပီး ဒေသခံပြည်သူတွေ ဟာ နေအိမ်တွေကို စွန့်ခွာပြီး အရေးပေါ် ရွှေ့ပြောင်း ခဲ့ ရွ ပါတယ်။၊ ကျွန်တော်တို့ Asia တွင် သာမက အနောက် ကမ္ဘာ ခြမ်းက American နိုင်ငံမှာလည်း၊ (June 25 ရက်ကနေ 28ရက်အထိ) အတွင်းမှာ မုန်တိုင်းတွေ ကြောင့် မိုးရွာသွန်းပြီး ပြင်းထန်တဲ့ ရုတ်တရက် ရေကြီး မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။၊ ဒါဟာ June လ ထည်းမှာဖြစ်ပျက်ခဲ့တယ့် ရေကြီးမှုတွေ ပဲဖြစ်ပါတယ်။၊ June လထည်းမှာ ရေကြီးမှုတွေ အပြင် တောမီး လောင်တယ် ဖြစ်စဥ်တွေလဲ ရှိပါတယ်။ American ပြည်ထောင်စု United State နဲ့ (Canada) နိုင်ငံ တို့ဟာ ဆိုရင် June လ 2026 ခုနှစ်မှာ တောမီး အဆိုးရွားဆုံး ခံခဲ့ရတဲ့ နိုင်ငံ ကြီး နှစ်နိုင်ငံပဲ ဖြစ်ပါတယ်။၊ အမေရိကန်ပြည်ထောင်စု (United State) မှာ ဆိုရင် June 22 ရက်ကနေ 29 ရက် အထိ တောမီး ဟာ ဆိုးရွားစွာ လောင်ကျွမ်းနေ လို့ PL 4 သတိပေးချက်အထိ တိုးမြှင့်ခဲ့ ကြပါတယ်။ ဒီတောမီးလောင်ရခြင်း အဓီက အကြောင်းရင်းမှာ လျှပ်စီး အကြိမ်ကြိမ် ပစ်ခတ်မှု ကြောင့် မီးစတင်ကူး စက်ခဲ့တာဖြစ် ပြီး၊ အပူချိန် လွန်ကဲပြီး ခြောက်သွေ့နေတဲ့ ရာသီဥတု နဲ့ အတူ တစ်နာရီ မိုင် (70) နှုန်း အထက် တိုက်ခတ် တဲ့ လေပြင်းတွေ ကြောင့် (Utah) ပြည်နယ်က Cottonwood တောမီးနဲ့ Babylon တောမီး ကြီးတွေ ဟာ အရှိန်အဟုန်နဲ့ ကူးစက်ကျယ်ပြန့် သွားခဲ့ပါတယ်။ Canada နိုင်ငံ မှာ လည်း June လ 27 ရက်နေ့က စပီး တောမီး ဟာ နောက်ဆုံး အပတ် မှာ တော့ မီးဟာ အရှိန်အဟုန်နဲ့ စတင်မြင့်တက် လာခဲ့ပါတယ်၊၊ Canada တောမီးဟာ United State လိုပဲ လျှပ်စီးပစ်ခတ်မှုကြောင့် မီးစတင်လောင်ခဲ့တာ ဒါပဲဖြစ်ပါတယ်။၊ ဒီပြစ်ရပ်တွေအားလုံးဟာ June လ တစ်လထဲမှာ ပဲ ဖြစ်ပျက် ခဲ့တယ် ကပ်ဘေးတွေပဲဖြစ်ပါတယ်။၊ ဒါ့ကြောင့်မို့လည်း ဒီကပ်ဘေး ဖြစ်တယ့် အကြောင်းတွေ ကျွန်တော် ဘာကြောင့် ပြောနေရသလဲ ဆိုတာ နောက်တစ်ပတ် video လေးမှာ ပြောပြသွားမှာဖြစ်လို့ စောင့်ကြည့်ပေး ဖို့ တောင်းဆိုပရစေ။၊
Edited & Presented by Steven Htike



