
အေအိုင်ဒီအက်စ် (AIDS) ကာကွယ်ကုသရေးမှာ ဘယ်သူ့ကိုမှ နောက်ချန်မထားခဲ့ပါနဲ့။

ကုလသမဂ္ဂရဲ့ HIV/AIDS ဆိုင်ရာ အဆင့်မြင့်အစည်းအဝေးမှာ ဗာတီကန်သံရုံး (Holy See) က အခုလို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးမှာ တိုးတက်မှုတွေ ရှိနေပေမဲ့ လူတိုင်း၊ အထူးသဖြင့် ကလေးငယ်တွေနဲ့ အားနည်းတဲ့ လူမှုအသိုင်းအဝိုင်းတွေ ဆေးဝါးကုသခွင့် ရရှိဖို့ ပိုပြီး ကြိုးစားကြဖို့ လိုအပ်နေပါသေးတယ်။
ရရှိထားတဲ့ တိုးတက်မှုနဲ့ လိုအပ်ချက်များ
၂၀၁၀ ပြည့်နှစ်နောက်ပိုင်းကစလို့ ကမ္ဘာ့ဒေသအတော်များများမှာ HIV ကူးစက်မှုအသစ်တွေ သိသိသာ သာ လျော့ကျသွားခဲ့ပါတယ်။ အိတ်ချ်အိုင်ဗီဆန့်ကျင်ရေးဆေး (ART) တွေကို ပိုမိုကျယ်ပြန့်စွာ ရရှိလာ တာကြောင့်လည်း ဝေဒနာရှင်တွေ သက်တမ်းပိုရှည်ပြီး ကျန်းမာစွာ နေထိုင်နိုင်ကြပြီ ဖြစ်ပါတယ်။
ဒါပေမဲ့… ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူအများအပြားဟာ အသက်ကယ်ဆေးဝါးတွေကို လက်လှမ်းမမီဘဲ ရှိနေဆဲပါ။
ကလေးငယ်များအတွက် အထူးစိုးရိမ်ရမှု�ကလေးငယ်တွေဟာ HIV ဝေဒနာရှင်အားလုံးရဲ့ ၃ ရာခိုင်နှုန်း သာ ရှိပေမဲ့၊ ရောဂါရှာဖွေတွေ့ရှိမှုနဲ့ ကုသမှုအပိုင်း လိုအပ်ချက်တွေကြောင့် သေဆုံးသူစုစုပေါင်းရဲ့ ၁၂ ရာခိုင်နှုန်း အထိ ရှိနေပါတယ်။�ဒါကြောင့် မိခင်တွေအတွက် အရည်အသွေးပြည့်ဝတဲ့ ကိုယ်ဝန် ဆောင်/ မွေးဖွားစဉ်နဲ့ မွေးဖွားပြီးကာလ စောင့်ရှောက်မှုတွေ၊ ကလေးတွေနဲ့ သင့်တော်တဲ့ ဆေးဝါးတွေ စောစော စီးစီး ရရှိဖို့ အရေးတကြီး လိုအပ်နေပါတယ်။�”သာယာဝပြောမှုဆိုတဲ့ အမှားအယွင်းရှိတဲ့ ဒဏ္ဍာရီတွေကို ဆုပ်ကိုင်ပြီး အရှိန်အဟုန်အပြည့်နဲ့ ရှေ့သို့ပြေးနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ကျွန်ုပ်တို့ စိတ်ကူးလို့ မရပါဘူး။ တစ်ချိန်တည်းမှာပဲ ဆင်းရဲမွဲတေမှုနဲ့ ထိခိုက်လွယ်တဲ့ အခြေအနေများစွာကိုလည်း လျစ်လျူ ရှုထားလို့ မရပါဘူး။”
(ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ မိန့်ခွန်းမှ)
ကက်သလစ်အသင်းတော်ရဲ့ ကတိကဝတ်
ကမ္ဘာတစ်ဝှမ်းက HIV ဆိုင်ရာ စောင့်ရှောက်မှုတွေရဲ့ လေးပုံတစ်ပုံ (၂၅%) ခန့်ကို ကက်သလစ်ကျန်း မာရေးအဖွဲ့အစည်းတွေက ကူညီပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။
ဝေဒနာရှင်အားလုံး လူသားတစ်ဦးရဲ့ မွေးရာပါ ဂုဏ်သိက္ခာနဲ့အညီ ထိုက်တန်တဲ့ ကုသမှုနဲ့ စောင့်ရှောက် မှုတွေ ရရှိစေဖို့ ကက်သလစ်အသင်းတော်အနေနဲ့ ဆက်လက်ပြီး အစွမ်းကုန် ပါဝင်ဆောင်ရွက် သွားမယ်လို့ ထပ်လောင်း ကတိပြုထားပါတယ်။
Website: rvamyanmar.org
https://www.youtube.com/@rvamyanmar8152
#VaticanNews#HolySee#HIV#AIDS#GlobalHealth#LeaveNoOneBehind#Vatican#UnitedNations
Fr. Peter Kyi Maung
Photo Credit to Vatican News
https://www.vaticannews.va/…/holy-see-united-nations…
See less


