ဉာဏ်ရည်တုကို ကောင်းကျိုးအတွက် အသုံးပြုခြင်းဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး

၂၀၂၆ (ဂျနီဗာမြို့၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၇ ရက်မှ ၁၀ ရက်အထိ) သို့ ပေးပို့သော သန့်ရှင်းမွန်မြတ်လှစွာသော ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) ၏ သဝဏ်လွှာ နိုင်ငံတော်အတွင်းရေးမှူး ကာဒီနယ် ပီယေ တရို ပါရိုလင် (Pietro Parolin) က လက်မှတ်ရေးထိုးသည်။

သန့်ရှင်းမွန်မြတ်လှစွာသော ရဟန်းမင်းကြီး လီယို (၁၄) သည် ကုလသမဂ္ဂ၏ အခြားသော အေဂျင် စီ များနှင့် ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး သမဂ္ဂ (ITU) မှ ကြီးမှူးကျင်းပပြီး ဆွစ်ဇာလန်အစိုးရက အိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပသည့် ဉာဏ်ရည်တုကို ကောင်းကျိုးအတွက် အသုံးပြုခြင်းဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး ၂၀၂၆(AI for Good Global Summit 2026) သို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များအားလုံးကို ရင်းနှီးလှိုက်လှဲစွာ နှုတ်ခွန်းဆက် သအပ်ပါ သည်။

 လူသားမျိုးနွယ်၏ အနာဂတ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ခေတ်ကာလ၏ အဓိကကျသော မေးခွန်းအချို့ကို ဖြစ်ပေါ်စေသည့် AI အကြောင်းကို ဝေဖန်သုံးသပ်ရန် သင်တို့ စုံညီတက်ရောက်လာကြချိန်တွင်၊ သန့်ရှင်း သောပလ္လင်တော် (Holy See) အနေဖြင့် ယခုကဲ့သို့ ခေတ်တစ်ခေတ်၏ အလှည့်အပြောင်းကာလ၌ အတူရှိနေပြီး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် အမြဲအသင့်ရှိနေကြောင်း ရဟန်းမင်းကြီးက အာမခံလို ပါသည်။

AI ခေတ်ကာလတွင် လူသားတို့၏ ဖြစ်တည်မှုကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ပြီး မကြာ သေးမီက ထုတ်ပြန်ခဲ့သည့် ရဟန်းမင်းကြီး၏ စာချွန်တော် (Encyclical Letter) ဖြစ်သော Magnifica Humanitas တွင် ရဟန်းမင်းကြီး လီယို (၁၄) က “ဘုံအကျိုးစီးပွားအတွက် လမ်းစသစ်များကို ဖော် ထုတ်ရန်နှင့် လူသားအားလုံး သိက္ခာရှိသော လူမှုဘဝကို ရရှိစေရန်” ရည်ရွယ်လျက် ယနေ့ခေတ်ကာလရှိ အမျိုးသား၊ အမျိုးသမီးအားလုံးနှင့် ဆွေးနွေးတိုင်ပင်လိုသည့် ၎င်း၏ ဆန္ဒကို ဖော်ပြခဲ့ပါသည်။

Magnifica Humanitas စာစောင်သည် “ကြီးမားလှသော ဒုက္ခဝေဒနာများကို သက်သာလျော့ ပါးစေနိုင် သည့် နည်းပညာရပ်များပေါ်တွင် စိတ်အားထက်သန်စွာဖြင့် ရိုးသားဖြောင့်မတ်စွာ လုပ်ဆောင်နေ ကြ သည့် သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများ၊ တရားမျှတသော စည်းမျဉ်းဥပဒေများကို ဇွဲလုံ့လဖြင့် ရှာဖွေနေကြသည့် နိုင်ငံရေးခေါင်းဆောင်များနှင့် ပြည်သူ့ဝန်ထမ်းများ၊ မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်အတွက် လေးနက်စွာ စိုးရိမ်ပူပန်နေကြသည့် မိဘများနှင့် ဆရာသမားများ” ၏ စကားသံ များကို နားထောင်ခြင်းမှတစ်ဆင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ၎င်းသည် အယ်လ်ဂိုရီသမ် (algorithms) များကို တလွဲအသုံးပြုလာနိုင်ခြေရှိမှုနှင့် အရေးကြီးသော ကဏ္ဍများတွင် လူသားတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ဆုံးရှုံးသွားနိုင်မှုတို့အပေါ် စိုးရိမ်ဖွယ်ရာ ဖြစ်ရပ် များကြောင့်လည်း တွန်းအားပေးခြင်း ခံခဲ့ရပါသည်။ [၁]

သင်တို့အနေဖြင့် အပြုသဘောဆောင်ပြီး အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမည့် ဆွေးနွေးမှုများကို ပြုလုပ်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သရင်း၊ ရဟန်းမင်းကြီးသည် “လူသားမျိုးနွယ်ကို အကျိုး ပြုရန်” သင်တို့၏ ကြိုးပမ်းအားထုတ်မှုများတွင် အစဉ်အမြဲ ဆုတောင်းပေးနေမည်ဖြစ်ကြောင်း အာမခံ ပါသည်။

နိုင်ငံတော်အတွင်းရေးမှူး ကာဒီနယ်

Vatican News

Fr. Peter Kyi Maung

Message of the Holy Father, signed by Cardinal Secretary of State Pietro Parolin, on the Occasion of the AI for Good Global Summit 2026 [Geneva, 7–10 July 2026] (8 July 2026)

rvamyanmar
rvamyanmar
Articles: 4071

Leave a Reply

Your email address will not be published. Required fields are marked *