မည်သည့်အသက်အရွယ်တွင်မဆို ဘုရားသခင်၏ ချစ်လှစွာသော သားသမီးများဖြစ်ကြသည်။

အထူးသဖြင့် ဖျားနာမှုများနှင့် ရင်ဆိုင်ရချိန်တွင် သက်ကြီးရွယ်အို အများအပြား ခံစားရလေ့ရှိသည့် အထီးကျန်ဆန်မှုနှင့် အမေ့လျော့ခံရခြင်း၏ နာကျင်ဖွယ်ရာ လက်တွေ့ဘဝကို ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောကြားခဲ့သည်။ ကမ္ဘာ့ဘိုးဘွားများနှင့် သက်ကြီးရွယ်အိုများနေ့သည် အသင်းတော်သည် အားလုံး၏ မိခင်ဖြစ်ကြောင်း ပြန်လည်အမှတ်ရရန် အရေးကြီးသော အခွင့်အရေးတစ်ခုဖြစ်ပြီး၊ မည်မျှ ပင် အသက်ကြီးရင့်လာပါစေ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ချစ်လှစွာသော သားသမီးများအဖြစ် အမြဲ တမ်း တည်ရှိနေကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

လူငယ်များသို့လည်း ဖိတ်ခေါ်ခြင်း

ရဟန်းမင်းကြီးက အားလုံးကို၊ အထူးသဖြင့် လူငယ်များကို ၎င်းတို့၏ ဘိုးဘွားများ၊ သက်ကြီးရွယ်အို ဆွေမျိုးများနှင့် အထူးသဖြင့် လာရောက်တွေ့ဆုံမည့်သူမရှိဘဲ အထီးကျန်နေသူများထံ သွားရောက်တွေ့ ဆုံသည့် “လှပသော ဓလေ့ထုံးတမ်း” ကို ပြန်လည်အသက်သွင်းရန် တိုက်တွန်းထားသည်။ လူငယ်များ၏ ရောက်ရှိလာမှုမှတစ်ဆင့် ပုပ်ရဟန်းမင်းကြီး၏ မေတ္တာနှင့် ရင်းနှီးနွေးထွေးမှုကို သက်ကြီးရွယ်အိုများထံ အရောက်ပို့ပေးရန် ၎င်းက တိုက်တွန်းခဲ့သည်။ အသင်းတော်သည် သက်ကြီးရွယ်အိုများ၏ ဆင်းရဲ ဒုက္ခ ကို နက်နက်ရှိုင်းရှိုင်း နားလည်ကြောင်းနှင့် ဘုရားသခင်သည် သူတို့ကို “မကုန်ခမ်းနိုင်သော မေတ္တာ” ဖြင့် ကြည့်ရှုစောင့်ရှောက်ကာ ကာကွယ်ပေးတတ်သော ဖခင်တစ်ဦးကဲ့သို့လည်းကောင်း၊ မိခင်တစ်ဦး ကဲ့သို့ လည်းကောင်း အမြဲရှိနေကြောင်း သက်ကြီးရွယ်အိုများကို အမှတ်ရစေခဲ့သည်။

ဘုရားသခင်၏ ရင်ခွင်တော်သို့ ပြန်လည်လာရောက်ရန် ဖိတ်ခေါ်ခြင်း

အသက်ကြီးရင့်လာခြင်းသည် ဘုရားသခင်၏ သားသမီးများဖြစ်ကြသည့် ကျွန်ုပ်တို့၏ အခြေခံအမှတ် အသားကို ပြောင်းလဲပစ်နိုင်ခြင်းမရှိကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက ထောက်ပြခဲ့သည်။ ဘုရား သခင်၏ ရင်ခွင်တော်တွင် ခိုလှုံရန် ဖိတ်ခေါ်ချက်သည် မည်သည့်အသက်အရွယ်တွင်မဆို အကျုံးဝင်ပြီး၊ လူအများစုအတွက် ဘုရားသခင်၏ နူးညံ့သိမ်မွေ့မှုကို အမှန်တကယ် သိရှိနားလည်လာခြင်းသည် ဘဝ တစ်လျှောက်လုံး၊ သို့မဟုတ် ဘဝ၏ နောက်ဆုံးအချိန်ပိုင်းများအထိ တဖြည်းဖြည်း ဖြစ်ပေါ်လာ တတ် သော လှပသည့် ခရီးစဉ်တစ်ခု ဖြစ်သည်။

ကိုယ်တော်ထံ လှည့်ပြန်ရန် မည်သည့်အခါမျှ နောက်မကျခြင်း

ခေတ်သစ်ကမ္ဘာတွင် လူများသည် စစ်မှန်သော သက်ဝင်ယုံကြည်မှု အတွေ့အကြုံ မရှိဘဲ အသက်ကြီး ရင့်သည့် အရွယ်သို့ ရောက်ရှိလာကြခြင်းမှာ ပိုမိုများပြားလာကြောင်း ပုပ်ရဟန်းမင်းကြီးက သတိပြုမိ ခဲ့ သည်။ သို့သော်လည်း ဘုရားသခင်သည် လူတိုင်းနှင့် အမြဲနီးကပ်စွာ ရှိနေဆဲဖြစ်ကြောင်း ၎င်းက စိတ်ချမှု ပေးခဲ့ပြီး၊ ကိုယ်တော်ထံတော်သို့ လှည့်ပြန်ရန် မည်သည့်အခါမျှ နောက်မကျကြောင်း အလေးအနက် ပြောကြားခဲ့သည်။

အသက်ကြီးရင့်ချိန်တွင် အသစ်တဖန် မွေးဖွားခြင်း

သက်ကြီးရွယ်အိုများအနေဖြင့် မိမိတို့၏ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အားနည်းချက် (Fragility) များကို မကြောက်ရွံ့ကြရန် အားပေးရင်း၊ အိုမင်းခြင်းသည် နက်ရှိုင်းသော ဝိညာဉ်ရေးရာ အသစ်တဖန် မွေးဖွားခြင်းနှင့် ခေါ်ယူခြင်း ခံရသည့် အချိန်အခါတစ်ခု ဖြစ်နိုင်ကြောင်း ပုပ်ရဟန်းမင်း ကြီး က အခိုင်အမာ ပြောကြားခဲ့သည်။ လက်ရှိတွင် စစ်ပွဲများ၏ အကြမ်းဖက်မှုနှင့် လူမှုရေး မငြိမ်မသက်မှု များကြောင့် ပျက်စီးနေရသော ကမ္ဘာကြီးတွင် မိမိတို့၏ မြေးမြစ်များ ကြီးပြင်းလာရမည့် အနာဂတ် အတွက် သက်ကြီးရွယ်အိုများအနေဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းစေရန် မိမိနှင့်အတူ ထက်ထက်သန်သန် ဆုတောင်းပေးကြပါရန် ဖိတ်ခေါ်ခဲ့သည်။

“ကိုယ်တော်သည် ကျွန်ုပ်တို့ကို မည်သည့်အခါမျှ မမေ့လျော့ပါ”

အဆုံးသတ်အနေဖြင့် ပုပ်ရဟန်းမင်းကြီး လီယိုက သက်ကြီးရွယ်အိုများအားလုံး အထူးသဖြင့် စိပ်ပုတီး (Holy Rosary) စိပ်၍ မိမိအတွက် နေ့စဉ် ဝိညာဉ်ရေးရာ ပံ့ပိုးကူညီ ဆုတောင်းပေးနေကြသည့်အတွက် နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။ ထို့နောက် “ကျွန်ုပ်တို့ကို မည် သည့်အခါမျှ မမေ့လျော့သော အရှင်မြတ်သည် ကျွန်ုပ်တို့အား ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာ တရားတို့တွင် အမြဲတမ်း အသစ်တဖန် ဖြစ်စေတော်မူပါစေသတည်း” ဟု ဆုမွန်ကောင်းတောင်းလျက် သဝဏ်လွှာကို နိဂုံးချုပ်ခဲ့သည်။

Fr. Peter Kyi Maung

Photo Credit: Vatican News

Website: rvamyanmar.org

/ @rvamyanmar8152

#rvamyanmar #Tripledialogue See less

https://www.vaticannews.va/en/pope/news/2026-06/pope-leo-xiv-for-sixth-world-day-of-grandparents-and-elderly.html

rvamyanmar
rvamyanmar
Articles: 4007

Leave a Reply

Your email address will not be published. Required fields are marked *