ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) ၏ စပိန်နိုင်ငံ တမာန်တော် ခရီးစဉ် စတုတ္ထမြောက်နေ့ – မက်ဒရစ်မှ ဘာစီလိုနာသို့။

ဘာစီလိုနာ — ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) သည် စပိန်နိုင်ငံတစ်ဝှမ်း တစ်ပတ်ကြာ ခရီး စဉ်၏ စိတ်လှုပ်ရှားဖွယ်ရာ ဒုတိယပိုင်းသို့ ကူးပြောင်းသည့်အနေဖြင့် ယနေ့တွင် ဘာစီလိုနာမြို့သို့ ရောက် ရှိလာခဲ့ပြီ ဖြစ်သည်။ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဗဟိုချက်ဖြစ်သော မက်ဒရစ်မြို့မှသည် ကတ်တလိုးနီး ယား (Catalonia) ၏ ယဉ်ကျေးမှုနှင့် ဝိညာဉ်ရေးရာ နယ်ပယ်သို့ ကူးပြောင်းလာခြင်းသည် ၁၅ နှစ်တာ ကာလအတွင်း စပိန်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ဤသမိုင်းဝင်ခရီးစဉ်၏ ကွဲပြားစုံလင် သော ရည်ရွယ်ချက်များကို ပေါ်လွင်စေသည်။

စပိန်လွှတ်တော်၏ ပူးတွဲညီလာခံတွင် ပုပ်ရဟန်းမင်းကြီးတစ်ပါးအနေဖြင့် သမိုင်းတစ်လျှောက် ပထမ ဆုံးအကြိမ်အဖြစ် မိန့်ခွန်းပြောကြားခြင်း အပါအဝင် မက်ဒရစ်မြို့တော်ရှိ ကျပ်ညပ်လှသော အစီအစဉ် များကို အောင်မြင်စွာ အဆုံးသတ်ပြီးနောက်၊ ရဟန်းမင်းကြီးသည် ယနေ့နံနက်ပိုင်းတွင် မက်ဒရစ်မြို့ရှိ အဒေါလ်ဖို ဆွာရက်ဇ် ဘာရာဟတ်စ် အပြည်ပြည်ဆိုင်ရာလေဆိပ် (Adolfo Suárez Barajas International Airport) မှ လေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ ၎င်းသည် ဒေသစံတော်ချိန် မွန်းတည့် ၁၂:၂၅ နာရီတွင် ဂျိုဆက်ပ် တာရာဒဲလက်စ် ဘာစီလိုနာ-အယ်လ်ပရတ် အပြည်ပြည်ဆိုင်ရာလေဆိပ် (Josep Tarradellas Barcelona-El Prat International Airport) သို့ ဆိုက်ရောက်ခဲ့ပြီး ဒေသခံအရာရှိကြီးများနှင့် ကက်သလသာသနာတော်တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ပုပ်ရဟန်းမင်းကြီးသည် ဘာစီလိုနာ ကက်သီဒရယ်ဘုရားကျောင်း (Barcelona Cathedral) ရှိ နေ့လယ် ခင်း ဆုတောင်းပွဲသို့ တိုက်ရိုက်ကြွရောက်ခြင်းဖြင့် မြို့တော်၏ ဝိညာဉ်ရေးရာ အနှစ်သာရထဲသို့ ချက် ချင်းပင် စီးဝင်ခဲ့သည်။ စုဝေးရောက်ရှိနေကြသော သာသနာပြုများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ဘာသာသူများအား မိန့်ကြားသည့် ဒေသနာတော်တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က စည်း လုံးညီ ညွတ်ရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် အားတက်သရော တိုက်တွန်းနှိုး ဆော်ခဲ့ သည်။

ခရစ်ယာန်ဘာသာဝင်များ ညှဉ်းပန်းနှိပ်စက်ခံရစဉ်ကာလအတွင်း အသက်စွန့်ခဲ့သည့် ဘာစီလိုနာမြို့၏ သူတော်စင် ဆန့်အူလာလီယာ (Saint Eulalia) ၏ အမှတ်တရကို အခြေခံ၍ ရဟန်းမင်းကြီးက “တစ်သီး ပုဂ္ဂလဆန်သော အလားအလာများ၊ နိုင်ငံရေးသဘောထားကွဲလွဲမှုများနှင့် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများ ကြောင့် ပိုမိုပျက်စီးလာနေသော ကမ္ဘာကြီးတွင် စည်းလုံးညီညွတ်မှု၏ သက်သေများနှင့် ပရောဖက်များ ဖြစ်လာကြစေရန်” ဘာသာသူများအား တိုက်တွန်းခဲ့သည်။

“စစ်ပွဲတွေနဲ့ အကွဲအပြဲတွေကြောင့် စုတ်ပြတ်နေတဲ့ ကမ္ဘာကြီးမှာ၊ ပိုပြီးတော့ အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းထဲမှာ ကျွန်ုပ်တို့ဟာ သဟဇာတဖြစ်ခြင်းရဲ့ သက်သေတွေ ဖြစ်ချင်ကြပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားကာ၊ ပြင်ပပဋိပက္ခများကို ကျော်လွန်၍ လူသားဆန်မှုနှင့် ခရစ်ယာန်တို့ ၏ မရှိမဖြစ်တန်ဖိုးများကို အာရုံစိုက်ကြရန် ဒေသခံလူထုအား တောင်းဆိုခဲ့သည်။

ဘာစီလိုနာခရီးစဉ်သည် ယဉ်ကျေးမှု၊ လူမှုရေး ကူညီပံ့ပိုးမှုများနှင့် ဝိညာဉ်ရေးရာ အမွေအနှစ်များဆိုင်ရာ အကြောင်းအရာများကို အဓိကဗဟိုပြုထားသည်။ ယနေ့ညတွင် ပုပ်ရဟန်းမင်းကြီးသည် လူ့လူးဝစ် ကွန်ပန်းနစ် အိုလံပစ်အားကစားကွင်း (Lluís Companys Olympic Stadium) ၌ လူငယ်ဘုရားဖူး ထောင် ပေါင်းများစွာ တက်ရောက်ရန် မျှော်မှန်းထားသည့် အကြီးစား ဆုတောင်းပွဲကို ဦးဆောင်ကျင်း ပမည်ဖြစ် သည်။

ဤသိုးထိန်းခရီးစဉ်သည် မနက်ဖြန်တွင်လည်း နက်နဲသော အဓိပ္ပာယ်ဆောင်သည့် အစီအစဉ်များနှင့် အ တူ ဆက်လက်ရှိနေမည်ဖြစ်သည်။ လူ့အဖွဲ့အစည်း၏ ဘေးဖယ်ထားခြင်းခံရသူများကို ကူညီစောင့် ရှောက်ရန် ၎င်း၏စဉ်ဆက်မပြတ် အလေးထားမှုနှင့်အညီ၊ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် နံနက် ပိုင်းတွင် မြို့ပြင်ရှိ ဘရိုင်ယန် (၁) အကျဉ်းထောင် (Brians 1 Penitentiary Center) မှ အကျဉ်းသားများနှင့် ဝန်ထမ်းများထံ သွားရောက်တွေ့ဆုံခြင်းဖြင့် စတင်မည်ဖြစ်သည်။ ထို့နောက် သန့်ရှင်းသော မွန်ဆာ ရတ် တောင် (Montserrat) သို့ တက်ရောက်ကာ စိပ်ပုတီးစိပ် ဆုတောင်းခြင်းနှင့် ဘနဒစ်တင်း ဘုန်းတော်ကြီး အဖွဲ့နှင့် သီးသန့်တွေ့ဆုံခြင်းများကို ပြုလုပ်မည်ဖြစ်သည်။

ကတ်တလိုးနီးယားတွင် ၎င်းရှိနေမည့်အချိန်၏ အထူးခြားဆုံး အစီအစဉ်မှာ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင် အန်တိုနီ ဂေါ်ဒီ (Antoni Gaudí) ၏ ဗိသုကာလက်ရာမြောက်လှသော ဆာဂရာဒါ ဖာမီလီယာ (Sagrada Família) ဘုရားကျောင်း၌ ကျင်းပမည်ဖြစ်သည်။ ကျော်ကြားလှသော ဗိသုကာပညာရှင်ကြီး ၁၉၂၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က ကြေကွဲဖွယ် ကွယ်လွန်ခဲ့သည့် နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ပုပ်ရဟန်း မင်းကြီးသည် ဝတ်ပြုမစ္ဆားတရားတော်ကို ကျင်းပမည်ဖြစ်ပြီး၊ ကမ္ဘာ့အမြင့်ဆုံး ဘုရားကျောင်း အဆောက်အအုံ ဖြစ်လာစေမည့် အသစ်တည်ဆောက်ပြီးစီးသွားသော ဗဟိုမျှော်စင်ကြီးဖြစ်သည့် “ယေရှုခရစ်တော်မျှော်စင်” (Tower of Jesus Christ) ကိုလည်း တရားဝင် ဖွင့်လှစ်ပေးမည်ဖြစ်သည်။

ဘာစီလိုနာရှိ အစီအစဉ်များအပြီးတွင် ရဟန်းမင်းကြီးသည် ၎င်း၏ သိုးထိန်းခရီးစဉ် နောက်ဆုံးအဆင့် ဖြစ်သော ကနေရီကျွန်းစု (Canary Islands) သို့ ထွက်ခွာမည်ဖြစ်ပြီး၊ ထိုနေရာတွင် မြေထဲပင်လယ်နှင့် အတ္တလန္တိတ် ရွှေ့ပြောင်းနေထိုင်သူများ ကြုံတွေ့နေရသော အကျပ်အတည်းကို မီးမောင်းထိုးပြရန် အတွက် အနောက်အာဖရိက ရွှေ့ပြောင်းနေထိုင်သူများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းများနှင့် နှစ်ရက်ကြာ တွေ့ဆုံရန် စီစဉ်ထားသည်။

Fr. Peter Kyi Maung

Photo Credit: Vatican News

Original Link: https://www.vaticannews.va/en/pope/news/2026-06/day-four-in-spain-from-madrid-to-barcelona.html

rvamyanmar
rvamyanmar
Articles: 3988

Leave a Reply

Your email address will not be published. Required fields are marked *