ခရစ်တော်၏ကိုယ်တော်မြတ်ပွဲနေ့ စီတန်းလှည့်လည်ခြင်း သက်သေခံ ချက်ကို ဆက်လက်ရှင်သန်စေကြစို့။

ဗုဒ္ဓဟူးနေ့တိုင်း ပြုလုပ်သော အပတ်စဉ် လူထုတွေ့ဆုံခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကြာ သပတေးနေ့မှာ ကျရောက်မယ့် ခရစ်တော်၏ကိုယ်တော်မြတ်ပွဲနေ့ (Solemnity of Corpus Christi) အကြောင်းကို သတိပေးနှိုးဆော်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ Corpus Christi ခရစ်တော်၏ကိုယ်တော်မြတ်ပွဲနေ့ စီတန်းလှည့်လည်ပွဲတွေ က တစ်ဆင့် ထင်ရှားစွာမြင်တွေ့ရတဲ့ “လူထုရှေ့မှောက် ယုံကြည်ခြင်းဆိုင်ရာ သက်သေခံချက်” ကို ဆက် လက်ရှင်သန်စေဖို့ ဘာသာတူအားလုံးကို တိုက်တွန်းခဲ့တာပါ။

ဒါ့အပြင် အရှေ့အလယ်ပိုင်း ဒေသမှာ ရှိနေကြတဲ့ ကက်သလစ်ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေ အတွက်လည်း ဆုတောင်း ပေးနေပြီး အတူရှိနေမယ့်အကြောင်း ရင်ထဲကလာတဲ့ အားပေးစကားတွေကို မိန့်ကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး၏ လမ်းညွှန်ချက်

“ကိုယ်တော်မြတ်အပေါ် အစဉ်အလာအရ ကြည်ညိုသဒ္ဓါပွားခြင်းကို မြို့ရွာတွေနဲ့ နိုင်ငံအများအပြားရဲ့ လမ်းမတွေပေါ်မှာ ပြုလုပ်ကြတဲ့ သန့်ရှင်းသော ကိုယ်တော်မြတ် စီတန်းလှည့်လည်ပွဲတွေမှာ တွေ့ရှိ နိုင် ပါတယ်။ လူထုရှေ့မှောက်မှာ ယုံကြည်ခြင်းကို သက်သေခံတဲ့ ဤလှပတဲ့ ထင်ရှားပြသမှုကို ဆက်လက် ရှင်သန်စေကြဖို့ သင်တို့ကို ကျွန်ုပ်တိုက်တွန်းပါတယ်”

ပုပ်ရဟန်းမင်းကြီးက “ကိုယ်တော်မြတ် (Eucharist) အတွင်းမှာ ကျွန်ုပ်တို့တစ်ဦးစီအတွက် ဖဲ့ဖဲ့ပေး သနားတော်မူတဲ့ မုန့်ဖြစ်တဲ့ ယေဇူးခရစ်တော်ကို ကျွန်ုပ်တို့ မျှော်မှန်းတထောက်ရှုကြတယ်” လို့ ပြန်လည် အမှတ်ရစေရင်း၊ ဘာသာတူတွေအနေနဲ့ ဒီအစဉ်အလာမှာ တက်ကြွစွာ ပါဝင်ကြဖို့ တိုက်တွန်း ထားပါ တယ်။

အရှေ့အလယ်ပိုင်းဒေသနှင့် သာသနာပြုဂိုဏ်းများအတွက် ဆုတောင်းစကား

အရှေ့အလယ်ပိုင်းဒေသမှာ သာသနာပြုနေကြတဲ့ ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေကိုလည်း အထူး သတိရလျက် –

“သင်တို့ရဲ့ သာသနာပြုလုပ်ငန်းတွေနဲ့ သင်တို့သက်ဆိုင်ရာ နိုင်ငံတွေရဲ့ မျှော်လင့်ချက်တွေကို ကျွန်ုပ်ရဲ့ ဆုတောင်းခြင်း၊ ကောင်းချီးပေးခြင်းတို့နဲ့အတူ အမြဲရှိနေပါတယ်” လို့ မိန့်ကြားခဲ့ပါတယ်။

ဒါ့အပြင် ‘(ယေဇူးရွှေနှလုံးတော်) ခရစ်တော်၏ အသန့်ရှင်းဆုံးသော နှလုံးတော်သမီးပျိုများ’ (Daughters of the Sacred Heart of Jesus)၊ မောင့်ဖို့တ်ဂိုဏ်းဝင်များ (Montfortian Family) နဲ့ ‘စေတနာ့ဂေဟာရှိ ကျွန်ုပ်တို့၏မယ်တော်သီလရှင်များ’ (Sisters of Our Lady of the Cenacle) တို့ကိုလည်း –

“ဘုရားသခင်၊ ကိုယ်တော်၏သမ္မာတရားနှင့် ငြိမ်းချမ်းရေးကို ဆာငတ်နေကြသူအားလုံးအတွက် မျှော် လင့်ချက်ရဲ့ လက္ခဏာတစ်ရပ် ဖြစ်လာကြပါစေ” လို့ လှုံ့ဆော်အားပေးခဲ့ကြောင်း သိရပါတယ်။

မှတ်ချက်။ ။ မြန်မာပြည် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ လမ်းညွှန်စာအုပ်တွင် Corpus Christi (ခရစ် တော်၏ကိုယ်တော်မြတ်ပွဲနေ့) ကို လာမည့်တနင်္ဂနွေ (၇-ဇွန်-၂၀၂၆) နေ့ သို့ရွှေ့ပြောင်းထားပါသည်။။

#PopeLeo#CorpusChristi #CatholicChurch #Vatican #Eucharist

Fr. Peter Kyi Maung

Photo Credit: Vatican News

#rvamyanmar

Website: rvamyanmar.org

https://www.youtube.com/@rvamyanmar8152

rvamyanmar
rvamyanmar
Articles: 3971

Leave a Reply

Your email address will not be published. Required fields are marked *