
“သန့်ရှင်းမြင့်မြတ်သော သုံးပါးတစ်ဆူဘုရား၌ ကျွန်ုပ်တို့ ခိုလှုံရာအိမ်ကို တွေ့ရှိကြရသည်။”
ယနေ့ ကျရောက်သော သန့်ရှင်းမြင့်မြတ်သော သုံးပါးတစ်ဆူပွဲနေ့ (Solemnity of the Most Holy Trinity) တွင် ရဟန်းမင်းကြီး လီယို (၁၄) ဦးဆောင်ကာ စိန့်ပီတာရင်ပြင်၌ စုဝေးရောက်ရှိနေကြသော ထောင် ပေါင်းများစွာသော ဘုရားဖူးပြည်သူများနှင့်အတူ Angelus မေတ္တာဆိုတောင်းခြင်းကို ဆင်နွှဲခဲ့ပါသည်။ ရဟန်းမင်းကြီးက ဘုရားသခင်၏ အသက်တော်သည် ကျွန်ုပ်တို့၏ မကြာခဏ ပူပန်လှုပ် ရှားနေ တတ် သော နှလုံးသားများကို ငြိမ်းချမ်းမှု ပေးစွမ်းနိုင်ပုံကို လှပစွာ မြွက်ကြားသွားခဲ့သည်။
ကျမ်းစာလာ နိကောဒီးမူစ် (Nicodemus) ၏ အကြောင်းကို ပြန်လည်ဆင်ခြင်ရင်း ဘုရားသခင်သည် လောကကြီးကို ပြစ်ဒဏ်စီရင်ရန်မဟုတ်ဘဲ ကယ်တင်ရန်နှင့် ပြောင်းလဲပေးရန် ကြွလာခဲ့ခြင်း ဖြစ် ကြောင်း ရဟန်းမင်းကြီးက သတိပေးနှိုးဆော်ခဲ့သည်။ ကျွန်ုပ်တို့၏ နှလုံးသားများကို သန့်ရှင်းသော ဝိညာဉ်တော်ဘုရားထံ ဖွင့်လှစ်ပေးလိုက်သောအခါ ကျွန်ုပ်တို့အတွင်းရှိ အမှောင်ထုများသည် သမ္မာ တရားနှင့် အသစ်ပြုပြင်ခြင်းတို့ဖြင့် လင်းထိန်သွားမည် ဖြစ်သည်။
ရဟန်းမင်းကြီး၏ ဒေသနာတော်မှ အဓိကမှတ်သားဖွယ်ရာများ –
�ကျွန်ုပ်တို့သည် ဆက်နွှယ်မှုအတွက် ဖန်ဆင်းခံရသူများဖြစ်သည် – ဖန်ဆင်းခံအရာအားလုံးသည် တစ်ဦး နှင့်တစ်ဦး ဆက်ဆံရေး၊ ပေါင်းစပ်ညှိနှိုင်းမှုနှင့် ဆုံတွေ့မှုတို့အတွက် ရည်ရွယ်ဖန်ဆင်း ထားခြင်းဖြစ် ကြောင်း သုံးပါးတစ်ဆူဘုရားက သင်ကြားပေးနေပါသည်။� �စိတ်ဝမ်းကွဲပြားခြင်း၏ အန္တရာယ် – အုပ်စု ကွဲခြင်း၊ သဘောထားကွဲလွဲမှုများကို လက်မခံနိုင်ခြင်းနှင့် စိတ်ဝမ်းကွဲပြားခြင်းတို့သည် လောကကြီးကို ဝမ်းနည်းပူဆွေးမှု၊ ဗလာဖြစ်မှုနှင့် ပျက်စီးခြင်းတို့ဆီသို့သာ ဦးတည်သွားစေပါသည်။�
�ဝမ်းမြောက် ခြင်းရှိကြပါ – ဝိညာဉ်တော်ကို လက်ခံခြင်းက ကျွန်ုပ်တို့၏ စိတ်နှလုံးကို အစဉ်နုပျိုလန်း ဆန်းစေသည်။ “ဤဝိညာဉ်တော်ကို လက်မခံဘဲ ငြင်းပယ်သူသည် ဝမ်းနည်းပူဆွေးမှု၊ အထီးကျန် မှုများ နှင့်အတူ နှလုံးသားထဲတွင် မည်သည့်ဝမ်းမြောက်ခြင်းမျှမရှိဘဲ လျင်မြန်စွာ အိုမင်းရင့်ရော် သွားတတ် သည်။”�
ယနေ့တွင် အမိမယ်တော်မာရီယားကဲ့သို့ အတုယူကာ သန့်ရှင်းလွန်းလှသော သုံးပါးတစ်ဆူဘုရား၏ ချစ် ခြင်းမေတ္တာတော်ကို အသီးအပွင့်များ ဝေဆာစေမည့် “အလိုတော်အတိုင်း ဖြစ်ပါစေ” ဆိုသည့် ဆုတောင်းသံဖြင့် ခံယူလိုက်ကြပါစို့။
#PopeLeoXIV#Angelus#HolyTrinity#Faith#CatholicChurch#Peace
Fr. Peter Kyi Maung
Photo Credit : Vatican News
Website: rvamyanmar.org
https://www.youtube.com/@rvamyanmar8152 See less
See less


