
ဗာတီကန်ဥယျာဉ်အတွင်း ငြိမ်းချမ်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာ စိပ်ပုတီးစိပ်ခြင်းကို ပုပ်ရဟန်းမင်းကြီး ဦးဆောင်မည်။

စစ်ပွဲများရပ်တန့်ရန် ထပ်ခါတလဲလဲ တောင်းဆိုမှုများနှင့်အတူ၊ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် မေလ ၃၀ ရက် (စနေနေ့) ညနေ ၇:၀၀ နာရီတွင် ဗာတီကန်ဥယျာဉ်ရှိ လုစ်
မယ်တော်သခင်မဂူ၌ သန့်ရှင်းသော စိပ်ပုတီးစိပ်ခြင်းကို အလှည့်ကျကြီးမှူးဦးဆောင်သွားမည်ဖြစ်သည်။
မေလ၏ မယ်တော်လအထိမ်းအမှတ် ပိတ်ပွဲအဖြစ် ကျင်းပမည့် ဤဝတ်ပြုဆုတောင်းပွဲတွင် ပုပ်ရဟန်း မင်းကြီးနှင့်အတူ ကမ္ဘာတစ်ဝန်းရှိ လူသားအားလုံးနှင့် မယ်တော်ဘုရားကျောင်းများမှ အတူတကွ ပူး ပေါင်းပါဝင်ကြရန် ဖိတ်ခေါ်ထားပါသည်။
ရဟန်းမင်းကြီးသည် “ဝမ်းမြောက်ဖွယ်ရာနက်နဲးလှစွာသောအချက်များ” (Joyful Mysteries) ကို ရွတ်ဆို ဆုတောင်းမည်ဖြစ်ပြီး၊ စိပ်ပုတီးတစ်ဆယ်လုံးစီကို စစ်ပွဲနှင့် အကြမ်းဖက်မှုဒဏ်ခံနေရသူများအတွက် အထူးရည်စူး၍ ငြိမ်းချမ်းရေးဘုရင်မ အမိမယ်တော်မာရိယားထံ အပ်နှံဆုတောင်းပေးသွားမည်ဖြစ်သည် –
– [ ] ပထမဝမ်းမြောက်ဖွယ်ရာနက်နဲးလှစွာသောအချက်- စစ်ပွဲကြောင့် ထိခိုက်ခံစားရသူများ (အထူး သဖြင့် အကာအကွယ်မဲ့ဆုံးသူများ) အတွက်။
– [ ] ဒုတိယဝမ်းမြောက်ဖွယ်ရာနက်နဲးလှစွာသောအချက်- စစ်ဘေးသင့်ပြည်သူများထံ မျှော်လင့်ချက်နှင့် ယုံကြည်ခြင်းနှစ်သိမ့်မှု သယ်ဆောင်ပေးနေသူများအတွက်။
– [ ] တတိယဝမ်းမြောက်ဖွယ်ရာနက်နဲးလှစွာသောအချက်- လူသားချင်းစာနာမှုအကူအညီပေးနေသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက်။
– [ ] စတုတ္ထဝမ်းမြောက်ဖွယ်ရာနက်နဲးလှစွာသောအချက်- စစ်ပွဲကြောင့် ဒုက္ခရောက်နေသူများ၊ သုံ့ပန်း များနှင့် လူသားဂုဏ်သိက္ခာ စော်ကားခံနေရသူများအတွက်။
– [ ] ပဉ္စမဝမ်းမြောက်ဖွယ်ရာနက်နဲးလှစွာသောအချက်- စစ်ပွဲများချုပ်ငြိမ်းပြီး ကမ္ဘာပေါ်တွင် တည် တံ့ခိုင် မြဲသော ငြိမ်းချမ်းရေး ထွန်းကားလာစေရန်။
အတူတကွပါဝင် စိပ်ပုတီးစိပ်ရန် အတည်ပြုထားသည့် ကမ္ဘာ့အဓိကမယ်တော်ဘုရားကျောင်းအချို့ -�ဘုရားသခင်၏မယ်တော်ဘုရားကျောင်း (ယူကရိန်း)�ငြိမ်းချမ်းရေးနှင့် ဘေးကင်းသောခရီးစဉ် မယ်တော် သခင်မဘုရားကျောင်း (ဖိလစ်ပိုင်)�စိပ်ပုတီးမယ်တော်သခင်မဘုရားကျောင်း (ပေါ်တူဂီ)�ငြိမ်းချမ်း ရေး ဘုရင်မ မယ်တော်သခင်မဘုရားကျောင်း (ဘော့စနီးယား)�လုစ်မယ်တော်သခင်မဘုရားကျောင်း (ပြင်သစ်)�စိန့်ရှာဘယ်လ်အာနာယာ ဘုရားကျောင်း (လေဘနွန်)�လိုရီတို သန့်ရှင်းသောအိမ်တော် ဘုရား ကျောင်း (အီတလီ)�
ရောမမြို့ရှိ ဘုရားဖူးများနှင့် ဘာသာတူများသည်လည်း စိန့်ပီတာရင်ပြင် (St. Peter’s Square) တွင် တပ်ဆင်ထားသော စခရင်ကြီးများမှတစ်ဆင့် ပါဝင်နိုင်ကြမည်ဖြစ်ပါသည်။
ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် အတူတကွ ဆုတောင်းကြပါစို့။
#VaticanNews#PopeLeoXIV#PrayForPeace#HolyRosary#Catholic#Vatican
Fr. Peter Kyi Maung
Photo Credit : Vatican News
Website: rvamyanmar.org
https://www.youtube.com/@rvamyanmar8152
Original Link: https://www.vaticannews.va/…/pope-preside-over-rosary…
See less


