မိဘတွေက ဘယ်လိုနည်းလေးတွေ သုံးပြီး မိမိသားသမီးလေးတွေကို စည်းကမ်းရှိ အောင် ပြုစုပျိုးထောင်ပေးမလဲ

ဒီနေ့မှာ မိဘတွေက ဘယ်လိုနည်းလေးတွေ သုံးပြီး မိမိသားသမီးလေးတွေကို စည်းကမ်းရှိ အောင် ပြုစုပျိုးထောင်ပေးမလဲဆိုတဲ့အကြောင်း sharing ပေးသွားချင်ပါတယ်။

            မိဘတိုင်းရဲ့ အခြေခံ ဦးတည်ချက်က အရွယ်ရောက်လာရင် စည်းကမ်းရှိတဲ့ သားသမီး အဖြစ် မြင်ချင်တယ်။ အများပတ်ဝန်းကျင်က ချီးမွမ်းတာကို ဂုဏ်ယူစွာ လက်ခံချင်ကြတာပါ။

            ဒါဆိုရင် ဘယ်လိုစည်းကမ်းရှိအောင် သင်ပေးမလဲ။ မိဘကိုယ်တိုင်က ဖြစ်နိုင်ချေရှိမဲ့ နည်းလမ်းတွေကို သိထားဖို့ လိုအပ်ပါတယ်။

            တခါတလေမှာ မိဘတွေက မိသားစု တာဝန်တွေက များတော့ စိတ်မရှည်တော့ဘဲ ဆူပူ အော်ဟစ်မယ် ရိုက်နှက်ဆုံးမမယ်။ သားသမီးကလည်း နားမထောင်ဘူး။ မိဘရဲ့ ဆုံးမမှုကို ကောင်းမှန်း ဆိုးမှန်း ဘာမှ မသိဘူး။ ငယ်သေးတော့ အယူအဆမှားလေးတွေ လုပ်မိတာ အမှန်ပါပဲ။ မိဘတွေက ကမ္ဘာမြေပေါ် သားသမီးလေးတွေထက် အရင်ရောက်ထားပေမယ် အမှားလုပ်မိကြသေး တာပဲ။ အဲဒီတော့ ကလေးလေးတွေ နေရာမှာ ဝင်တွေးကြည့်ပါ။ သူတို့ အသိမကြွယ်သေးဘူး။ မိဘ တွေက မျှော်လင့်ချက်တွေကို သားသမီး အမှန်တကယ် ဖြစ်နေတာနဲ့ ချိန်ညှိရမှာ မဟုတ်ဘူးလား။

            မိဘဆိုတာ ဆုံးမသွန်သင်နိုင်ဖို့ သားသမီးလေးတွေကို ကြည့်ပြီး မြင်တတ်ရမယ်။ ဆိုလိုတာ က တချို့ ကလေးက ဘယ်လိုသင်ရင် ရလဒ်ကောင်း ရနိုင်မလဲ။ တချို့ကလေးက အမြင်အာရုံနဲ့ စိတ်ကူးနဲ့ ပေါင်းပြီး သင်ပေးမှ မြင်မယ်။ သိမယ်။ တချို့ကလေးကျတော့ မိဘပြောတာကို နားထောင် မယ်၊ ကြားပြီး သင်ယူမယ်။ တချို့ကလေးကျတော့ လက်နဲ့ ထိတွေ့ပြီး သင်ပြမှ တတ်တဲ့ကလေးမျိုး တွေလည်း ရှိတယ်။ ဒီတော့ သားသမီး နားလည်နိုင်လောက်အောင် အဖြေရှာနိုင်တဲ့ learning style သင်ပုံသင်နည်းနဲ့ သင်ပေးဖို့ သိနေရမှာပါ။

            ဆုံးမနိုင်ဖို့အတွက် သားသမီးလေးတွေကို အချိန်ပေးပြီး တွေ့ဆုံစကားပြောကြရမှာပါ။ မအား လို့ မတွေ့ဆုံပါများလာရင် သားသမီးနဲ့ မိဘ ဝေးကွာသွားတတ်ပါတယ်။ စက္ခုအာရုံနဲ့ တွေ့ဆုံပြီး စကားပြောရင်း သင်ပေးရမှာပါ။

            သားသမီးလေးတွေရဲ့ ဦးနှောက်မှာ အရှေ့ပိုင်းခြမ်း၊ အလယ်ပိုင်ခြမ်း စသဖြင့် တည်ဆောက် ထားတာပါ။ သူတို့ဦးနှောက် အလုပ်လုပ်လာအောင် မိဘက ဒီမှာ သေသေချာချာ နားထောင်၊ သေသေ ချာချာကြည့်၊ ဒါက ဘယ်လိုလဲ? စသဖြင့် သင်ပေးရင် ကလေးရဲ့ အတွေးတွေက level မြင့်လာမယ်။ အဲဒါက ဦးနှောက်အရှေ့ပိုင်းကို အလုပ်လုပ်စေတာပါ။

            နောက်ပြီး သားသမီးလေးတွေကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ရွေးချယ်ခွင့်ပေးပါ။ မိဘ တွေ ကိုယ်တိုင်လည်း မိမိဘဝအတွက် လုပ်ပိုင်ခွင့်တွေ ရွေးချယ်ခဲ့သလို သားသမီးလေးတွေကိုလည်း မိဘက လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ရွေးချယ်ခွင့်ပေးပါ။

            တချို့ကလေးတွေက မိမိကိုယ်မိမိ လေးစားတန်ဖိုးထားမှု နိမ့်တယ်။ တချို့က မြင့်တဲ့အခါ သတ်သတ်မှတ်မှတ်ဖြစ်တဲ့ အကျိုးဆက်ကို ရမယ်ဆိုတာ သိတယ်။ အဲဒီတော့ မိဘရဲ့ အဆုံးစွန်သော ပန်းတိုင်က သူတို့ဘဝမှာ အမှန်တကယ်ရှိတဲ့ ဖြစ်တည်ခြင်းကို ရွေးချယ်တတ်အောင် သင်ပေးရမှာပါ။ ဒါမှ အကျိုးဆက်ကောင်းတွေ ရရှိမှာပါ။

            မိဘအနေနဲ့ အပြောင်းအလဲမရှိတဲ့ ဆုံးဖြတ်ချက်တွေ အပြောအဆိုတွေ ရှိဖို့က လိုသေးတယ်။ မိဘက ဘာတွေ ပြောနေလဲ။ သားသမီးက သိတယ်။ သားသမီးလေးတွေ လက်ခံနိုင်တဲ့ အနေအထား ကနေ မိဘက စသင်ပေးရမှာပါ။ မိဘက အပြောင်းအလဲ မရှိတဲ့ အနေအထားနဲ့ ဆိုရင် သားသမီးက လည်း မိဘကို ပိုပြီး ယုံကြည်လက်ခံလာမှာပါ။

            သားသမီးလေးတွေကို အကြမ်းဖက် ပြောဆိုတာ အတင်းအဓမ္မပြုလုပ်တာတွေ မလိုပါဘူး။ မေတ္တာရှေ့ထားပြီး အကြင်နာတွေ စာနာထောက်ထားမှုတွေနဲ့ သွန်သင်ပြသပေးရင် ရပါတယ်။

            အရေးကြီးဆုံးကတော့ မိဘတွေရဲ့ အပြုအမူ အပြောအဆိုတွေကို သားသမီးလေးတွေက အမြဲ ကြည့်ပြီး နားထောင်နေတာပါ။ မိမိက စည်းကမ်းဘောင်အတွင်းမှာပဲ နေထိုင်ပြောဆိုမယ်ဆိုရင် သားသမီးလေးတွေကလည်း ဒီစည်းကမ်းဘောင်အတွင်းမှာပဲ ကြီးပြင်းလာမှာပါ။ ဒီတော့ မိဘက သားသမီးတွေရဲ့ role model အဖြစ် တည်ရှိနေရာမှာပါ။

            ဒါမှသာ သားသမီးလေးတွေကို စံနမူနာပြရင်း စည်းကမ်းရှိမှုကို ထိထိရောက်ရောက် သင်ပေး နိုင်မှာဖြစ်သလို စည်းကမ်းရှိတဲ့ သားသမီးတွေ ဖြစ်လာမှာပါ။

rvamyanmar
rvamyanmar
Articles: 3944

Leave a Reply

Your email address will not be published. Required fields are marked *