သေးငယ်သော ကြင်နာမှုများသည် ဘဝ၏ ဝှက်ကွယ်နေသော နေ့စဉ်ကဗျာများဖြစ်သည်။

အီကွေတိုးရီးယား ဂီနီနိုင်ငံ မာလာဘိုမြို့ရှိ Jean Pierre Olie စိတ်ကျန်းမာရေးဆေးရုံ၌ ပုပ်ရဟန်း မင်း ကြီး လီယိုက ဆေးရုံများ၊ အထူးသဖြင့် ခရစ်ယာန်သာသနာပြုဆေးရုံများသည် “လူတစ်ဦးကို ရှိရင်းစွဲ အတိုင်း လက်ခံကြိုဆိုပြီး သူတို့၏ အားနည်းချက်များကို လေးစားတန်ဖိုးထားသည့်” မေတ္တာတရား ထွန်းကားသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
အီကွေတိုးရီးယားဂီနီနိုင်ငံ၊ မာလာဘိုမြို့ရှိ Jean Pierre Olie စိတ်ကျန်းမာရေးဆေးရုံသို့ ပုပ်ရဟန်းမင်း ကြီး လီယို (၁၄) ရောက်ရှိလာရာတွင် ကခုန်သီဆိုမှုများဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ ထိုသို့ကြို ဆိုမှုအတွက် ပုပ်ရဟန်းမင်းကြီးက ကျေးဇူးတင်စကား ပြောကြားပြီးနောက်၊ သူသည် ဆေးရုံများသို့ ရောက်ရှိသည့်အခါတိုင်း “ခံစားချက်အမျိုးမျိုး” ဖြစ်ပေါ်လေ့ရှိကြောင်း –
တစ်ဖက်တွင် လူနာများနှင့် ၎င်းတို့၏ မိသားစုများအတွက် ဝမ်းနည်းပူဆွေးမှုကို ခံစားရကြောင်း၊ လူနာ များထဲးတွင် အချို့သောသူများသည် “ကြီးလေးသော ဝန်ထုပ်ဝန်ပိုးများကို ထမ်းပိုးထားရပြီး၊ အချို့မှာ မြင်သာသော ဒဏ်ရာများဖြစ်ကာ အချို့မှာမူ မည်သူမျှ မမြင်နိုင်သော်လည်း မိမိတို့၏ နှလုံးသားနှင့် ဘဝထဲတွင် ခံစားနေရသော ဒဏ်ရာများဖြစ်ကြောင်း”။
အခြားတစ်ဖက်တွင်မူ “လူ့အသက်ကို အလုပ်အကျွေးပြုရန်” ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ အားလုံးအတွက် လေးစားအားကျကာ စိတ်သက်သာရာရမိကြောင်း ပြောကြားခဲ့ပါသည်။
ဤနေရာတွင် “ဝမ်းမြောက်ခြင်းက လွှမ်းမိုးနေသည်” ကို တွေ့ရကြောင်း ထိုဝမ်းမြောက်ခြင်းမှာ ဘုရား သခင်၏ နာမတော်၌ စုဝေးကြခြင်းနှင့် ကျန်းမာရေးချို့တဲ့သူများကို ပြုစုစောင့်ရှောက်ခြင်းမှ မြစ်ဖျားခံ လာခြင်း ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ဆိုသည်။
ယနေ့ခေတ် မေတ္တာတရား၏ နိမိတ်လက္ခဏာ
ဆေးရုံ ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ Bechir Ben Hadj Ali က “အမှန်တကယ် ကြီးမြတ်သော လူ့အဖွဲ့ အစည်းဆိုသည်မှာ မိမိ၏ အားနည်းချက်များကို ဖုံးကွယ်ထားသော အဖွဲ့အစည်းမဟုတ်ဘဲ၊ ထိုအား နည်းချက်များကို မေတ္တာဖြင့် ဝန်းရံစောင့်ရှောက်သော အဖွဲ့အစည်းဖြစ်သည်” ဟု ရှင်းလင်း ပြောကြား ခဲ့ရာ၊ ပုပ်ရဟန်းမင်းကြီးက ၎င်းသည် ခရစ်ယာန်ဘာသာအခြေခံသည့် လူ့ယဉ် ကျေးမှု၏ မူဝါဒဖြစ် ကြောင်း၊ ယေဇူးခရစ်တော်သည် “မသန်စွမ်းမှုကြောင့် အရှက်ရနေသူ များကို ကယ်တင်ရန်နှင့် အပြည့် အဝ ဂုဏ်သိက္ခာပြန်လည်ပေးအပ်ရန်” လောကသို့ ကြွလာခဲ့ခြင်း ဖြစ်တယ်၊ ထိုအရာကို ဆက် လက် လုပ်ဆောင်နိုင်ရန် တစ်ဦးချင်းရော လူမှုရေးအဆင့် အတန်းတွင်ပါ ကျွန်ုပ်တို့၏ ပူးပေါင်းဆောင် ရွက်မှု လိုအပ်ပါသည်။ လူတိုင်းကို မိမိတို့၏ ညီအစ်ကို မောင်နှမများသဖွယ် စကားဖြင့်သာမက အပြု အမူဖြင့် ပါ ချစ်ကြရန် ယေဇူးသခင်က ခေါ်ယူနေခြင်းဖြစ်သည်။
ကျွန်ုပ်တို့ကို ရှိရင်းစွဲအတိုင်း ချစ်ပါ
Jean Pierre Olie စိတ်ကျန်းမာရေးဆေးရုံရှိ လူနာတစ်ဦးဖြစ်သူ Pedro Celestino က ပုပ်ရဟန်း မင်းကြီးအား “ကျွန်ုပ်တို့ကို ရှိရင်းစွဲအတိုင်း ချစ်ပေးသည့်အတွက်” ကျေးဇူးတင်စကား ဆိုခဲ့ပါသည်။ သူ ၏စကားအပေါ် တုန်ပြန်ရာတွင် ရဟန်းမင်းကြီးက ဘုရားသခင်သည် လူတိုင်းကို ဤကဲ့သို့ပင် ချစ် မြတ်နိုးကြောင်း၊ သို့သော် ဘုရားသခင်က ကျွန်ုပ်တို့ကို ထာဝရဖျားနာနေစေချင်တာ မဟုတ်ဘဲ ကျန်း မာစေချင်တာပါ” ဟု မိန့်ကြားခဲ့ပါသည်။
“ဆေးရုံတစ်ခု၊ အထူးသဖြင့် ခရစ်ယာန်သာသနာပြုဆေးရုံတစ်ခုဟာ လူတစ်ဦးကို ရှိရင်းစွဲအတိုင်း ကြိုဆိုပြီး သူတို့ရဲ့ အားနည်းချက်တွေကို လေးစားတဲ့နေရာဖြစ်ရပါမယ်။ ဒါမှသာ သူတို့ကို ဘက်စုံ ရှု ထောင့်ကနေ ကျန်းမာလာအောင် ကူညီပေးနိုင်မှာပါ” ဤလုပ်ငန်းစဉ်တွင် ဝိညာဉ်ရေးရာ ခံစားချက် သည် မရှိမဖြစ်လိုအပ်ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။
ဘုရားသခင်သာလျှင် အပြည့်အဝ ဖတ်ရှုနိုင်သည်
အခမ်းအနားမပိတ်သိမ်းမီ ပုပ်ရဟန်းမင်းကြီးက Tarcisio ရေးစပ်ထားသော ကဗျာကို အခြေခံပြီး နေ့စဉ်ဘဝတွင် “စကားလုံးများဖြင့်မဟုတ်ဘဲ အချင်းချင်းဆက်ဆံရာတွင် သေးငယ်သော အပြုအမူများ၊ ထောက်ထားစာနာမှုနှင့် ကြင်နာမှုများ” သည် “ဖုံးကွယ်နေသော” ကဗျာများဖြစ်ကြောင်း ထိုက ဗျာများကို ဘုရားသခင်သည်သာလျှင် အပြည့်အဝ ဖတ်ရှုနိုင်သော ကဗျာဖြစ်ကြောင်း ပြောကြာရင်း
ပုပ်ရဟန်းမင်းကြီးသည် ဆေးရုံရှိ လူနာများအားလုံး၊ အထူးသဖြင့် အပြင်းထန်ဆုံး ဖျားနာနေသူများ၊ အထီးကျန်နေသူများအားလုံးနှင့် ထပ်တူထပ်မျှ ရှိနေကြောင်း ပြောကြားပြီး ဆေးရုံရှိ လူတိုင်းအပေါ် တမန်တော်များဆိုင်ရာ ကောင်းချီးမင်္ဂလာ (apostolic blessing) ကို ပေးသနားခဲ့ပါသည်။
Fr. Peter Kyi Maung
Photo Credit: Vatican News
Original Link: https://www.vaticannews.va/en/pope/news/2026-04/pope-hospital-small-acts-of-kindness-are-hidden-daily-poems.htmlအီကွေတိုးရီးယား ဂီနီနိုင်ငံ မာလာဘိုမြို့ရှိ Jean Pierre Olie စိတ်ကျန်းမာရေးဆေးရုံ၌ ပုပ်ရဟန်း မင်း ကြီး လီယိုက ဆေးရုံများ၊ အထူးသဖြင့် ခရစ်ယာန်သာသနာပြုဆေးရုံများသည် “လူတစ်ဦးကို ရှိရင်းစွဲ အတိုင်း လက်ခံကြိုဆိုပြီး သူတို့၏ အားနည်းချက်များကို လေးစားတန်ဖိုးထားသည့်” မေတ္တာတရား ထွန်းကားသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
အီကွေတိုးရီးယားဂီနီနိုင်ငံ၊ မာလာဘိုမြို့ရှိ Jean Pierre Olie စိတ်ကျန်းမာရေးဆေးရုံသို့ ပုပ်ရဟန်းမင်း ကြီး လီယို (၁၄) ရောက်ရှိလာရာတွင် ကခုန်သီဆိုမှုများဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ ထိုသို့ကြို ဆိုမှုအတွက် ပုပ်ရဟန်းမင်းကြီးက ကျေးဇူးတင်စကား ပြောကြားပြီးနောက်၊ သူသည် ဆေးရုံများသို့ ရောက်ရှိသည့်အခါတိုင်း “ခံစားချက်အမျိုးမျိုး” ဖြစ်ပေါ်လေ့ရှိကြောင်း –
တစ်ဖက်တွင် လူနာများနှင့် ၎င်းတို့၏ မိသားစုများအတွက် ဝမ်းနည်းပူဆွေးမှုကို ခံစားရကြောင်း၊ လူနာ များထဲးတွင် အချို့သောသူများသည် “ကြီးလေးသော ဝန်ထုပ်ဝန်ပိုးများကို ထမ်းပိုးထားရပြီး၊ အချို့မှာ မြင်သာသော ဒဏ်ရာများဖြစ်ကာ အချို့မှာမူ မည်သူမျှ မမြင်နိုင်သော်လည်း မိမိတို့၏ နှလုံးသားနှင့် ဘဝထဲတွင် ခံစားနေရသော ဒဏ်ရာများဖြစ်ကြောင်း”။
အခြားတစ်ဖက်တွင်မူ “လူ့အသက်ကို အလုပ်အကျွေးပြုရန်” ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ အားလုံးအတွက် လေးစားအားကျကာ စိတ်သက်သာရာရမိကြောင်း ပြောကြားခဲ့ပါသည်။
ဤနေရာတွင် “ဝမ်းမြောက်ခြင်းက လွှမ်းမိုးနေသည်” ကို တွေ့ရကြောင်း ထိုဝမ်းမြောက်ခြင်းမှာ ဘုရား သခင်၏ နာမတော်၌ စုဝေးကြခြင်းနှင့် ကျန်းမာရေးချို့တဲ့သူများကို ပြုစုစောင့်ရှောက်ခြင်းမှ မြစ်ဖျားခံ လာခြင်း ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ဆိုသည်။
ယနေ့ခေတ် မေတ္တာတရား၏ နိမိတ်လက္ခဏာ
ဆေးရုံ ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ Bechir Ben Hadj Ali က “အမှန်တကယ် ကြီးမြတ်သော လူ့အဖွဲ့ အစည်းဆိုသည်မှာ မိမိ၏ အားနည်းချက်များကို ဖုံးကွယ်ထားသော အဖွဲ့အစည်းမဟုတ်ဘဲ၊ ထိုအား နည်းချက်များကို မေတ္တာဖြင့် ဝန်းရံစောင့်ရှောက်သော အဖွဲ့အစည်းဖြစ်သည်” ဟု ရှင်းလင်း ပြောကြား ခဲ့ရာ၊ ပုပ်ရဟန်းမင်းကြီးက ၎င်းသည် ခရစ်ယာန်ဘာသာအခြေခံသည့် လူ့ယဉ် ကျေးမှု၏ မူဝါဒဖြစ် ကြောင်း၊ ယေဇူးခရစ်တော်သည် “မသန်စွမ်းမှုကြောင့် အရှက်ရနေသူ များကို ကယ်တင်ရန်နှင့် အပြည့် အဝ ဂုဏ်သိက္ခာပြန်လည်ပေးအပ်ရန်” လောကသို့ ကြွလာခဲ့ခြင်း ဖြစ်တယ်၊ ထိုအရာကို ဆက် လက် လုပ်ဆောင်နိုင်ရန် တစ်ဦးချင်းရော လူမှုရေးအဆင့် အတန်းတွင်ပါ ကျွန်ုပ်တို့၏ ပူးပေါင်းဆောင် ရွက်မှု လိုအပ်ပါသည်။ လူတိုင်းကို မိမိတို့၏ ညီအစ်ကို မောင်နှမများသဖွယ် စကားဖြင့်သာမက အပြု အမူဖြင့် ပါ ချစ်ကြရန် ယေဇူးသခင်က ခေါ်ယူနေခြင်းဖြစ်သည်။
ကျွန်ုပ်တို့ကို ရှိရင်းစွဲအတိုင်း ချစ်ပါ
Jean Pierre Olie စိတ်ကျန်းမာရေးဆေးရုံရှိ လူနာတစ်ဦးဖြစ်သူ Pedro Celestino က ပုပ်ရဟန်း မင်းကြီးအား “ကျွန်ုပ်တို့ကို ရှိရင်းစွဲအတိုင်း ချစ်ပေးသည့်အတွက်” ကျေးဇူးတင်စကား ဆိုခဲ့ပါသည်။ သူ ၏စကားအပေါ် တုန်ပြန်ရာတွင် ရဟန်းမင်းကြီးက ဘုရားသခင်သည် လူတိုင်းကို ဤကဲ့သို့ပင် ချစ် မြတ်နိုးကြောင်း၊ သို့သော် ဘုရားသခင်က ကျွန်ုပ်တို့ကို ထာဝရဖျားနာနေစေချင်တာ မဟုတ်ဘဲ ကျန်း မာစေချင်တာပါ” ဟု မိန့်ကြားခဲ့ပါသည်။
“ဆေးရုံတစ်ခု၊ အထူးသဖြင့် ခရစ်ယာန်သာသနာပြုဆေးရုံတစ်ခုဟာ လူတစ်ဦးကို ရှိရင်းစွဲအတိုင်း ကြိုဆိုပြီး သူတို့ရဲ့ အားနည်းချက်တွေကို လေးစားတဲ့နေရာဖြစ်ရပါမယ်။ ဒါမှသာ သူတို့ကို ဘက်စုံ ရှု ထောင့်ကနေ ကျန်းမာလာအောင် ကူညီပေးနိုင်မှာပါ” ဤလုပ်ငန်းစဉ်တွင် ဝိညာဉ်ရေးရာ ခံစားချက် သည် မရှိမဖြစ်လိုအပ်ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။
ဘုရားသခင်သာလျှင် အပြည့်အဝ ဖတ်ရှုနိုင်သည်
အခမ်းအနားမပိတ်သိမ်းမီ ပုပ်ရဟန်းမင်းကြီးက Tarcisio ရေးစပ်ထားသော ကဗျာကို အခြေခံပြီး နေ့စဉ်ဘဝတွင် “စကားလုံးများဖြင့်မဟုတ်ဘဲ အချင်းချင်းဆက်ဆံရာတွင် သေးငယ်သော အပြုအမူများ၊ ထောက်ထားစာနာမှုနှင့် ကြင်နာမှုများ” သည် “ဖုံးကွယ်နေသော” ကဗျာများဖြစ်ကြောင်း ထိုက ဗျာများကို ဘုရားသခင်သည်သာလျှင် အပြည့်အဝ ဖတ်ရှုနိုင်သော ကဗျာဖြစ်ကြောင်း ပြောကြာရင်း
ပုပ်ရဟန်းမင်းကြီးသည် ဆေးရုံရှိ လူနာများအားလုံး၊ အထူးသဖြင့် အပြင်းထန်ဆုံး ဖျားနာနေသူများ၊ အထီးကျန်နေသူများအားလုံးနှင့် ထပ်တူထပ်မျှ ရှိနေကြောင်း ပြောကြားပြီး ဆေးရုံရှိ လူတိုင်းအပေါ် တမန်တော်များဆိုင်ရာ ကောင်းချီးမင်္ဂလာ (apostolic blessing) ကို ပေးသနားခဲ့ပါသည်။
Fr. Peter Kyi Maung
Photo Credit: Vatican News
Original Link: https://www.vaticannews.va/en/pope/news/2026-04/pope-hospital-small-acts-of-kindness-are-hidden-daily-poems.html