

နှစ်ပေါင်း( ၂၅)နှစ်ကျော်မယ်တော့်တမန်တော်အသင်းအား လိုလေသေးမရှိ ကူညီထောက်ပံ့ပေးခဲ့သည့် ကျေးဇူးရှင် ဦးမြင့်ဝေအားကျေးဇူးတင် ဂုဏ်ပြုပွဲမစ္ဆားတရား။
မြန်မာနိုင်ငံလုံးဆိုင်ရာ မယ်တော့်တမန်တော် အသင်းအဖွဲများအား (၂၅)နှစ်ကျော် တိုင် တမန်တော်ခရီး လုပ်ဆောင်မှုများတွင် လိုအပ်သည်များကို လိုလေသေးမရှိ အမြဲကူညီထောက်ပံ့ပေးနေပြီး။ မယ်တော့် တမန်တော်အသင်းအဖွဲ့များကိုလည်း အမြဲအားပေးတတ်သူ နွေးထွေးစွာကြိုဆိုရင်း ကူညီဖေး မပေး သည့် ကျေးဇူးရှင် ဦးမြင့်ဝေအား ကျေးဇူးတင် ဂုဏ်ပြုပွဲမစ္ဆားတရားတော်ကို မန္တလေးကက်သလစ်ဂိုဏ်း ချုပ်သာသနာ၊ ချမ်းသာကုန်းကျေးရွာ၊ ဦးမြင့်ဝေ၏ နေအိမ်၌ မယ်တော့်တမန်အသင်း၏ ဝိညာဉ် လမ်းညွှန် ဘုန်းတော်ကြီး Rev.Fr. Paul Thet Khaing မှဦးဆောင်ပြီး (၁၈.၄.၂၀၂၆) စနေနေ့၊ နံနက် ၉းဝဝ နာရီအချိန်၌ ပူဇော်ပေးခဲ့ပါသည်။
ဤကျေးဇူးတင်ဂုဏ်ပြုပွဲကို မန္တလေးကက်သလစ်သာသနာအတွင်းရှိ သာသနာစီရင်စုအသီးသီးမှ မယ် တော့်တမန်တော်အသင်းအဖွဲ့များမှ ဦးဆောင်ကျင်းပခဲ့ပါသည်။ ဂုဏ်ပြုပွဲသို့ သာသနာအသီးသီးမှ မယ်တော့်တမန်တော် အသင်းအဖွဲ့ဝင်များ(၃၀၀) ကျော် လာရောက်ဂုဏ်ပြုခဲ့ကြပါသည်။
လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်လောက်ကတည်းက ဦးမြင့်ဝေသည် ဒီတမန်တော်အဖွဲ့ရဲ့ကျေးဇူးရှင် ဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့ သူ့ကိုဂုဏ်ပြုပွဲလုပ်ပေးချင်ကြောင့် မန္တလေးကော်မီဆီအုမ်းက အကူအညီ တောင်းတယ်။ Sr မပြောင်းခင်ဒီပွဲကျင်းပဖို့ ကူညီပေးပါဆိုတော့ တမန်တော်အသင်းသားအားလုံးရဲ့ သဘောတူညီချင်နဲ့ဒီပွဲကိုကျင်းပဖြစ်ခဲ့ပါတယ်။
အဓိက ကကျေးဇူရှင်ဖြစ်တဲ့အတွက် ဂုဏ်ပြုပွဲကို ခမ်းခမ်းနားနားလုပ်ချင်တဲ့အတွက် ခုလိုစုပေါင်း လုပ်ဖြစ်တာပါ။ ဒီပွဲကို မန္တလေးကက်သလစ်သာသနာအတွင်းရှိ သာသနာသဇုန်နယ် အသီးသိးမှ မယ်
တော့် တမန်တော်အဖွဲ့ဝင်များ (၃၀၀) ကျော်လေက်လာရောက်ဂုဏ်ပြုခဲ့ကြပါသည်။ ဟု ပွဲဖြစ်မြောက် ရေး ကော်မတီအဖွဲ့ဝင် Sr. Melania Ma chin Ein မှပြေားကြားခဲ့ပါသည်။
မစ္ဆားတရား၌ မယ်တော့်တမန်တော်အသင်း၏ ဝိညာဉ်လမ်းညွန်းဘုန်းတော်ကြီး Rev. Fr. Paul Thet Khaing မိန့်ကြားသည်မှာ
တမန်တော်လုပ်ငန်းလုပ်ဆောင်တဲ့ အချိန်မှာ ချစ်ခြင်းမေတ္တာရှိရမယ် နှိမ့်ချခြင်းလည်းရှိရမယ်။ မယ် တော်တမန်အသင်းသားများသည် မယ်တော်သခင်မကို အမြဲအတုယူကျင့်ကြံပြီး အသက်ရှင်နေထိုင် ဖို့လိုအပ်ပါသည်။
အန်ကယ်ဦးမြင့်ဝေ၏ ကျေးဇူးတရားသည် ကျွန်ပ်တို့ မယ်တော့်တမန်တော်အသင်းတွေအပေါ်အများ ကြီးရှိပါသည်။ အန်ကယ်သည် စိတ်သဘောထားပြည့်ဝပြီး မေတ္တာတရားတွေ အပြည့်အဝရှိတယ် နှိမ့်ချ ခြင်းစိတ်အပြည့်အဝရှိတယ်။ ကျွန်တော် အရင်က သက်ထွေးကလေးငယ်တွေကို တာဝန်ယူရတဲ့အချိန် ဒီကလေးတွေနဲ့ပတ်သက်ပြီး သင်တန်းတစ်ခုခုလုပ်တော့မယ်ဆိုရင် အန်ကယ်က စိတ်အားထက်သန်စွာ စားဖို့၊ နေဖို့၊ သွားလာကြိုပို့ဖို့ အကုန်လုံးကို လိုလေသေးမရှိ စီစဉ်ပေးတဲ့အတွက်လည်း အန်ကယ်ကို အများကြီးကျေးဇူးတင်ပါတယ်။
ဒါတင်မကသေးပါဘူး နှစ်ပေါင်း ၃ဝ ကျော် ဒီချမ်းသာကုန်းမှာ ကျင်းပကြတဲ့ ဘာသာရေးပွဲတိုင်း လူဦးရေဘယ်လောက်များများ အစားအသောက်များကို မပျက်မကွက် အန်ကယ်တို့က ကျွေးလေ့ရှိ တယ်။ ဒါကြောင့် အန်ကယ်ရဲ့မွန်မြတ်သောစိတ်ထားတွေကို ကျေးဇူးတင်သောအားဖြင့် ဒီနေ့လာပြီး ဂုဏ်ပြုဆုတောင်းပေးခဲ့ခြင်းဖြစ်ပါတယ်။
မယ်တော့်တမန်တော်အသင်းသူအသင်းသားများ အနေဖြင့်လည်း မိမိတို့ဟာ မယ်တော်ရဲ့တမန်တော် တွေဖြစ်တဲ့အတွက် နှိမ့်ချတဲ့စိတ်တွေထားရှိရမယ် ကိုယ့်ကို ရန်လုပ်တဲ့သူကိုတောင်မှ ကိုယ်ဆီကနေ ဘုရားရဲ့ချစ်ခြင်းမေတ္တာမြင်တွေ့သွားအောင် တစ်ပါးသူကို မေတ္တာတရားတွေပေးကြရမယ်။
ကျွန်ုပ်တို့လူသားတွေဆိုတာ လွဲမှားတတ်ကြပါတယ် မယ်တော့်တမန်တော်အသင်းသူအသင်းသားတွေ မှာလည်းပဲ လွဲမှားတတ်တဲ့ အနေအထားလေးတွေရှိတယ်။ ဒါကြောင့် ကျွန်ုပ်တို့ တစ်ဦးနှင့် တစ်ဦး အပြန် အလှန်ပြန်လည်တည့်မှတ်ပေးကြရမယ်။ အထူးသဖြင့် မယ်တော့်တမန်အသင်းသူအသင်းသားတွေက ဘုရားကျောင်းနဲ့ဝေးတဲ့သူတွေ၊ စက္ကရာမင်တူးနဲ့ ဝေးနေတဲ့သူတွေကို ပြန်ပြီးတည့်မှတ်ပေးဖို့ တာဝန်ရှိ ပါတယ်။
မယ်တော့်တမန်တော်အသင်းဥက္ကဌ Sr. Dorothy Thin Thin Min မှကျေးဇူးတင်စကားနှင့် လက်ရှိ လုပ် ဆောင်နေတဲ့ တမန်တော်လုပ်ငန်းအကြောင်းကို ပြောဆိုရာမှာ
အန်ကယ် ဦးမြင့်ဝေသည်ကျွန်မတို့မယ်တော့်တမန်တော်အသင်း တွေအခက်အခဲကြုံတွေ့တဲ့အချိန် အကူအညီမေ့နေတဲ့အချိန် မျှော်လင့်စရာမရှိတော့တဲ့အချိန်တွေမှာ ကျွန်မတို့ ဘယ်ချိန်ပဲ လာရောက်ပြီး တော့ အကူအညီတောင်းတောင်း ဘယ်တော့မှမငြင်းပဲ အမြဲထောက်ပံ့ကူညီပေးခဲ့ပါတယ်။ ဦးမြင့်ဝေ ဟာမယ်တော့်တမန်တော်အသင်းအတွက် ဘုရားပေးတဲ့လက်ဆောင်ဖြစ်ပါတယ်။ ဖော်မပြနိုင်လောက် အောင် မယ်တော့်တမန်တော်အသင်းသားများအား ကူညီထောက်ပံ့ခဲ့သော ကျေးဇူးရှင် အန်ကယ် ဦးမြင့် ဝေအား တမန်တော်အသင်းများမှ အထူးကျေးဇူးတင်ပါသည်။
ကျေးဇူးရှင်ဦးမြင့်ဝေအပေါ်၌လည်း မယ်တော်၏ ကာကွယ်စောင့်ရှောက်မှုဖြင့် လုပ်ငန်းများလည်း ပိမိုအောင်မြင်ပြီး အသက်ရှည်ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့အပ်ပါသည်။ လက်ရှိမှာကျွန် မတို့ မယ်တော့်တမန်တော်အဖွဲ့အနေနဲ့လုပ်ဆောင်နေတာက လက်တွေ့လုပ်ငန်းနှင့် ဆုတောင်းခြင်း ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဆုတောင်းခြင်းက မျိုးစုံပေါ့နော ဒုက္ခရောက်နေသူတွေ၊ နာမကျန်းဖြစ်နေသူ စိတ်ဓာတ်ကျနေသူများ၊ စစ်ဒဏ် ၊ သဘာဝဘေးဒဏ် ခံစားနေရသူများ စသည်ဖြင့် သူတို့အတွက် ဆုတောင်းပေးတဲ့ အစီအစဉ်တွေရှိပါတယ်။
လက်တွေ့လုပ်ငန်းတွေမှာတော့ စက္ကရာမင်တူးနဲ့ ကင်းကွာသွားသူများကို ပြန်လည်ရရီနိုင်ရန် ရဟန်း ဘုန်းတော်ကြီးများနှင့် တွေ့ဆုံပေးပြီးလမ်းညွန်မှုတွေယူစေတာတွေ၊ အကျဉ်းထောင်ကျနေသော သူများ ကိုလည်း တွေ့ခွင့်ရရင် သွားပြီးတော့ သူတို့ကို နှိပ်သိမ့်ပေးတယ်။ သူတို့နဲ့အတူစကားပြောပေးတယ် သူတို့ရဲ့ခံစားချက်တွေကို နားထောင်ပေးတာတွေလုပ်ဖြစ်ပါတယ်။
U Myint Wai မှ ရင်တွင်းဖြစ်စကားပြောကြားရာတွင်
ကျွန်ုပ်ကို ဒီလိုဂုဏ်ပြုတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် ကျွန်ုပ်က လွန်ခဲ့သော နှစ်ပေါင်း ၃၀ လောက် ကတည်းက မယ်တော်နဲ့ပတ်သက်တဲ့ တမန်တော်လုပ်ငန်းအရာမှန်သမျှ အကုန်လုပ်မယ် လို့ဆုံး ဖြတ်ထားပြီး အခုချိန်ထိ လုပ်ဆောင်နေပါတယ်။ ကျွန်ုပ်ကို ဂုဏ်ပြုတာတွေ၊ ကျေးဇူးတင်တာတွေကို ကျေးဇူးလည်းတင်တယ် လက်လည်းလက်ခံတယ်။ ပြောရမယ်ဆိုရင် တမန်တော်တွေဆိုတာ ဆင်းရဲ နွမ်းပါးပါတယ်။ ချမ်းသာတဲ့သူဆိုတာနည်းပါတယ် ဒါပေမဲ့ မယ်တော့်တမန်တော်တွေဆိုတာ ဆင်းရဲပေမဲ့ မယ်တော်ရဲ့ကျေးဇူးတွေကြောင့် ကျန်းမာရေးရော စိတ်ပိုင်းဆိုင်ရာတွေမှာရော အမြဲအေးချမ်းမှုတွေ ရှိကြပါတယ်။ ဒီမယ်တော့်တမန်တော်အသင်းကို ခုထိတိုင် ကူညီခွင့်ရတဲ့ အတွက်လည်း ဝမ်းသာ ပါတယ်။
သက်သေခံရမယ်ဆို ကျွန်ုပ်ဒီလိုလှူဒါန်းနိုင်တယ်ဆိုတာကလည်း မယ်တော်ပေးလို့လှူနိုင်တာဖြစ်တယ်။ ကျွန်ုပ်စီးပွားရေးလုပ်ငန်းတွေ အောင်မြင်အောင် မယ်တော်ဆီဆုတောင်းတယ် အလုပ်ကိုလည်း ကြိုးစား လုပ်တယ်။ ဒီလိုနဲ့ မယ်တော့်ကျေးဇူးကြောင့် စီးပွားရေးအောင်မြင်လာတဲ့အခါ ခုလိုမယ်တော့် တမန်တော်အသင်းတွေကို ပြန်လည်ပြီးတော့ ကူညီနိုင်တဲ့အတွက် ကျွန်ုပ်အရမ်းဝမ်းသာပါတယ်။
ကျွန်ုပ်ဖြတ်သန်းခဲ့တဲ့ဘဝခရီးတွေမှာ အဆိုးတွေလည်းအများကြီးဖြတ်သန်းခဲ့ရတယ်။ နိုင်ငံရေးတွေ ၊ သဘာဝဘေးအန္တရာယ်တွေပါတယ် ဒီလိုဒုက္ခအမျိုးမျိုးတွေရင်ဆိုင်တဲ့ကြား ကနေ ဒီမှာတစ်ယောက် တည်းနေပြီးတော့ ဒီမှာမယ်တော်ရဲ့ သာသနာပြုလုပ်ငန်းတွေ၊ မယ်တော်ပွဲတွေ ဘယ်လိုလုပ်မယ်ဆိုတာ အမြဲတမ်းစီစဉ်တယ်။ ပြီးတော့ရွာတွေက သူတွေအတွက်ဘယ််လိုကူညီရမလဲဆိုတာစဉ်းစားပြီး လိုအပ် တာတွေကိုကူညီပေးနေပါတယ်။ ဒါတွေကမယ်တော်ရဲ့လမ်းညွန်မှုနဲ့ သာသနာပြုနေတာပဲလေး နောက် နှစ်တွေများမှာလည်းဒီတမန်တော်အဖွဲ့အစည်း ဒီထက်မကပိုမိုများပြားတိုးတက်လာပြီး သာသနာပြု လုပ်ငန်းပိုလုပ်လာနိုင်တာကို မြင်ချင်ပါတယ်။
ဒီအတွက် ကျွန်ုပ်ဘာပဲလုပ်ပေးရလုပ်ပေးရ မယ်တော့်အတွက်ဆိုရင် အသက်တောင်ပေးပြီးသားပါ။ ဒါကြောင့် တမန်တော်လုပ်ငန်းအတွက် လိုအပ်တဲ့ အကူအညီရှိရင်တောင်းပါ တတ်နိုင်သလောက် ကူညီပေးဖို့ အဆင်သင့်ပါ။ ခုလိုလာပြီးဂုဏ်ပြုပေးတဲ့အတွက်လည်း အများကြီးကျေးဇူးတင်ပါတယ်။
Fr. Aung Kyaw Khaing
ကျွန်ုပ်တော်တို့က ဘုန်းကြီးတွေဆိုတော့ သာသနာနယ်တွေမှာ သာသနာလုပ်ငန်းလုပ်ဆောင်တဲ့ အချိန်မှာ လိုအပ်ချက်အချို့ကို ပိုက်ဆံရှိတဲ့ သူတွေဆီမှာသွားပြီးအလှူခံကြတယ်။ ပြီးတော့လိုအပ်တဲ့သူ တွေကို တစ်ခါပြန်ပြီးပေးတယ် အဲ့လိုနဲ့ တစ်ခါတလေကျတော့ အဲ့အလှူရှင်အိမ်ကို သွားပြီးအလှူခံဖို့ မျက်နှပူရတယ်။ ဒါပေမဲ့ အန်ကယ်ဦးမြင့်ဝေဆီကျွန်ုပ်တို့လာတိုင်း အန်ကယ်က တစ်ခါမှ မငြင်းဘူး အမြဲ ကူညီတယ်။ဒီချမ်းသာကုန်းမှာဆိုလည်း နှစ်ပေါင်း ၃၀ ကျော်တိုင် ဘာသာရေးပွဲတွေမှာ ဒိုင်ခံပြီး ထမင်းကျွေးတာ ပြီးတော့ အခု ဒီမှာ စစ်ရှောင်ဘာသာဝင်တွေကိုလည်း အန်ကယ်ဦးမြင့်ဝေကပဲ စောင့်ရှောက်ထားတာဖြစ်ပါတယ်။
အန်ကယ်ဟာ မယ်တော့်တမန်တော်အသင်းအတွက်သာမက မန္တလေးသာသနာရဲ့ သာသနာပြုလုပ်ငန်း တွေမှာလည်း များစွာ ထောက်ပံ့ကူညီခြံသူဖြစ်ပါတယ် အဲအတွက်ကြောင့်လည်းအန်ကယ်ကို အများ ကြီး ကျေးဇူးတင်ပါတယ်။
မစ္ဆားတရားအပြီးတွင် ကျေးဇူးရှင် ဦးမြင့်ဝေအား အမှတ်တရလက်ဆောင်ပေးခြင်း၊ ဂုဏ်ပြုသဝန်လွှာ
ဖတ်ကြားခြင်း၊ တေးသီချင်းဖြင့်ဂုဏ်ပြုခြင်းများကို ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ဦးမြင့်မှ လာရောက်ကြသော မယ်တော့်တမန်တော် အဖွဲ့ဝင်အယောက်စီတိုင်းကိုလည်း ဝတ္ထုငွေများ ထပ်မံ လှူဒါန်းခဲ့ပါသည်။


