အာဖရိကတမန်တော်ခရီးစဉ် ရှစ်ရက်မြောက်နေ့တွင် အန်ဂိုလာနိုင်ငံ လူအန်ဒါမြို့ရှိ သာသနာ့ဝန် ထမ်း များနှင့် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) တွေ့ဆုံ။

(ဖာတီးမား မယ်တော် သာသနာ၌ ဒေသခံ သာသနာ့ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း (@ဗာတီကန် မီဒီယာ)

သာသနာပြုခြင်း၊ အတူတကွခရီးနှင်ခြင်းနှင့် တက်ကြွသော အသင်းတော် (A missionary, synodal, dynamic Church) ပုပ်ရဟန်းမင်းကြီးသည် အန်ဂိုလာရှိ သာသနာတော်၏ သမိုင်းတစ်လျှောက် အကြမ်း ဖက်မှုများကြားတွင် ငြိမ်းချမ်းရေးမျိုးစေ့ကို ရဲဝံ့စွာ စိုက်ပျိုးခဲ့သည့် လုပ်ရပ်ကို ချီးကျူးခဲ့ပြီး၊ သာသနာ တော်အနေဖြင့် အခြားသော ခရစ်ယာန်ဂိုဏ်းခွဲများ၊ အစ္စလာမ်ဘာသာဝင်များနှင့်ပါ ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးအဖြေရှာနေမှုကို အသိအမှတ်ပြုပြီး၊ သာသနာပြုလုပ်ငန်းများတွင် ပိုမိုတက်ကြွစွာ ပါဝင် ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါသည်။

ခရစ်ယာန်အဆုံးအမသင်ကြားပေးသူဓမ္မဆရာများ၏ အရေးပါမှု (The importance of catechists)

လူငယ်များအနေဖြင့် ဘုရားသခင်၏ ခေါ်တော်မူခြင်းကို ရဲဝံ့စွာ ထူးရန်နှင့် ခရစ်တော်နောက်သို့ လိုက်ရန် အားပေးရင်း၊ အထူးသဖြင့် အာဖရိကတိုက်ရှိ ခရစ်ယာန်ဘာသာတရားအဆုံးအမ သင်ကြားပေး သူဓမ္မ ဆရာများ (Catechists) ၏ အခန်းကဏ္ဍသည် တစ်ကမ္ဘာလုံးရှိ ကက်သလစ်လူထုအတွက် စံနမူနာယူ ထိုက်သည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ကို အလေးထား မိန့်ကြားခဲ့ပါသည်။

ငြိမ်းချမ်းရေးကို ကြေညာခြင်း (Proclaiming peace)

ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းသည် ကောင်းမြတ်ခြင်း၏ အာမခံချက်ဖြစ်ကြောင်း၊ သာ သနာတော်၏ လူမှုရေးလုပ်ငန်းများသည် မေတ္တာတရားအပေါ် အခြေခံရမည်ဖြစ်ကြောင်း၊ လောကီထုံးစံ များကြားတွင် ခရစ်တော်အပေါ် သစ္စာရှိရန်နှင့် ငြိမ်းချမ်းရေးသတင်းစကားကို မရပ်မနား ဟောပြောရန် တိုက်တွန်းခဲ့သည်။

လေ့လာသင်ယူခြင်းနှင့် ဆင်ခြင်နှလုံးသွင်းခြင်း (Formation and contemplation)

မှားယွင်းသော သတင်းစကားများနှင့် အယူသီးမှုများက ဧဝံဂေလိတရားကို မဖုံးလွှမ်းနိုင်စေရန်အတွက် စနစ်တကျ လေ့လာသင်ယူမှု (Formation) ရှိရန် လိုအပ်ကြောင်း သတိပေးခဲ့ပြီးထိုသို့ လေ့လာရာတွင် အနုပညာ၊ အားကစားနှင့် စာပေတို့ကိုပါ အသုံးချရန်၊ မိမိတို့၏ အတွင်းစိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ရန် ဆုတောင်းခြင်း၊ ဆင်ခြင်နှလုံးသွင်းခြင်းတို့ ပြုလုပ်ရန် အကြံပြုခဲ့သည်။

ညီအစ်ကိုစိတ်ဓာတ် မွေးမြူခြင်းနှင့် လိုအပ်သူများကို ကူညီခြင်း (Fostering fraternity, assisting those in need) သာသနာ့ဝန်ထမ်းများအချင်းချင်း ပွင့်လင်းမြင်သာသော ညီအစ်ကိုစိတ်ဓာတ်ဖြင့် ဆက်ဆံရန်၊ မာန်မာနနှင့် အခွင့်ထူးခံလိုစိတ်များကို စွန့်လွှတ်ကြရန် အထူးသဖြင့် ဆင်းရဲသားများနှင့် ကင်းကွာခြင်း မရှိဘဲ ၎င်းတို့အနားတွင် အမြဲရှိနေပေးရန် တိုက်တွန်းခဲ့သည်။

ပြန်လည်သင့်မြတ်ခြင်းကို ဖော်ဆောင်ခြင်း (Promoting a reconciled memory)

အန်ဂိုလာနိုင်ငံရှိသာသနာတော်သည် စစ်ပွဲ၏ ဆိုးကျိုးများကို ရဲဝံ့စွာ ဆန့်ကျင်ခဲ့ပြီး ဒုက္ခသည်များဘက်မှ ရပ်တည်ခဲ့သည့်အတွက် ဂုဏ်ပြုခဲ့သည်။ သို့သော် ထိုတာဝန်သည် မပြီးဆုံးသေးကြောင်းနှင့် အတိတ်က နာကျင်စရာများကို ခွင့်လွှတ်ခြင်း၊ ပြန်လည်သင့်မြတ်ခြင်းတို့ဖြင့် ကုစားကာ လူတိုင်းကို ငြိမ်းချမ်း ရေးလမ်းစဉ်သို့ ပို့ဆောင်ပေးရန် တိုက်တွန်းခဲ့ပါသည်။

အန်ဂိုလာနိုင်ငံရှိသာနာတော်ရဲ့ ရဲရင့်မှုကို ပုပ်ရဟန်းမင်းကြီးက အသိအမှတ်ပြုရင်း အထူးသဖြင့် အာဖရိ ကက ခရစ်ယာန်ဘာသာတရားအဆုံးအမ သင်ကြားပေးသူဓမ္မဆရာများ Catechists တွေကို တစ်ကမ္ဘာ လုံးအတွက် စံပြအနေနဲ့ ချီးမွမ်းပြောကြားသွားခဲ့ပါသည်။။

Fr. Peter Kyi Maung

Photo Credit to Vatican News Original Link: https://www.vaticannews.va/en/pope/news/2026-04/pope-promote-reconciled-memory-by-educating-everyone-in-harmony.html

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *