အာဖရိကတမန်တော်ခရီးစဉ် ခုနစ်ရက်မြောက်နေ့တွင် အန်ဂိုလာပြည်သူများအား မိခင်တစ်ဦး၏ နှလုံး သားဖြင့် အသစ်တစ်ဖန်စတင်ကြရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အာဖရိကခရီးစဉ်၏ ခုနစ်ရက်မြောက်နေ့တွင် လူထုအခမ်းအနား နှစ်ခုသာ ပြုလုပ်ခဲ့သော်လည်း ယင်းမှာ ပြည်သူများ၏ စိတ်အားထက်သန်မှုနှင့် နေ့ရက်၏ လေးနက်မှုကို လျော့ပါးသွားစေခြင်း မရှိခဲ့ပေ။

မြို့တော်လုအန်ဒါအနီးရှိ ကီလမ်ဘာ (Kilamba) မြို့သစ်တွင် ကျင်းပသော မစ္ဆားတရားတော်၌ ပုပ်ရ ဟန်းမင်းကြီးက အန်ဂိုလာပြည်သူများအား ခွန်အားပေးရာတွင် အန်ဂိုလာနိုင်ငံ၏ ရှည်လျားလှသော ပြည်တွင်းစစ်ဒဏ်ရာများ၊ ဆင်းရဲမွဲတေမှုနှင့် ကွဲပြားမှုများကို ထောက်ပြကာ၊ ယင်းအခက် အခဲများ ကြားတွင် ဘုရားသခင်သည် ပြည်သူများနှင့်အတူရှိနေကြောင်း အတိတ်က ဒဏ်ရာများကို ကျော်လွှားပြီး “မိခင်တစ်ဦး၏ မေတ္တာတရားဖြင့် အသစ်တစ်ဖန် ပြန်လည်စတင်ကြရန်” တိုက်တွန်းခဲ့ပါသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း

အန်ဂိုလာနိုင်ငံအတွက်သာမက လက်ရှိစစ်ပွဲဒဏ်ခံနေရသော ယူကရိန်းပြည်သူများ အတွက် ကိုယ်ချင်း စာကြောင်း နှင့် လက်ဘနွန်နိုင်ငံ တွင်လည်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများနှင့် သံတမန် ရေးရာ ကြိုးပမ်းမှုများ ပြုလုပ်ရန် တောင်းဆိုပေးခဲ့ပါသည်။

အန်ဂိုလာ၏ အထွတ်အမြတ်ထားရာ မူးဆီးမား (Muxima) ဘုရားကျောင်းဆောင်သို့ သွားရောက်ကာ ပုတီးစိပ်ဆုတောင်းခြင်း အခမ်းအနားတွင် ပုတီးစိပ်ဆုတောင်းခြင်းသည် မိမိကိုယ်ကို ဆင်းရဲသား များ အတွက် မြှုပ်နှံရန် ကတိပြုခြင်းဖြစ်ကြောင်းနှင့် လက်တွေ့ကျသော ချစ်ခြင်းမေတ္တာကို ဖော်ဆောင် ရန်ဖြစ်ကြောင်း အလေးထား မိန့်ကြားခဲ့သည်။

လူငယ်များသို့ ပေးစာ

လူငယ်များအနေဖြင့် စစ်ပွဲ၊ မတရားမှုနှင့် အဂတိလိုက်စားမှုများ ကင်းစင်သော ကမ္ဘာကြီးကို တည် ဆောက်ကြရန် တိုက်တွန်းခဲ့ပြီး “စစ်ပွဲက မဟုတ်ဘဲ၊ ချစ်ခြင်းမေတ္တာကသာ အောင်ပွဲခံရမည်” ဟူသော ငြိမ်းချမ်းရေးသဝဏ်လွှာကို ပေးအပ်ခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး၏ ဤခရီးစဉ်သည် စစ်ဒဏ်ရာရခဲ့သော နိုင်ငံတစ်ခုကို မိခင်မေတ္တာဖြင့် ကုစားရန်နှင့် မျှော်လင့်ချက်အသစ်ဖြင့် ရှေ့ဆက်ရန် နှိုးဆော်ခဲ့သော နေ့တစ်နေ့ ဖြစ်ပါသည်။

Fr. Peter Kyi Maung

Photo credit: Vatican News

Original link: https://www.vaticannews.va/en/pope/news/2026-04/day-seven-africa-angolans-called-to-begin-anew-with-mother-love.html

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *