၂၀၂၆ ဧပြီလ ၁၂ရက်နေ့ ညနေပိုင်းတွင်ကွယ်လွန်သွားပြီဖြစ်တဲ့ ဖာသာရ် ပီတာဦးလှရွှေ(ငြိမ်း)၏ သမိုင်း အကျဉ်းချုပ်။

ဖာသာပီတာဦးလှရွှေ

မန္တလေးဂိုဏ်းချုပ်သာသနာ

ဖာသာရ်ပီတာဦးလှရွှေသည် ကျောက်ဆည်ခရိုင်စဉ့်ကိုင်မြို့နယ်ဇော်ဂျီရွာ၌ ၁၉၄၄ ခုမေလ၂၀ရက်နေ့ တွင် မွေးဖွားခဲ့ပါသည်။မိဘနှစ်ပါးမှဦးဖိုးရုံ+ဒေါ်ကြွေတို့ဖြစ်ပါသည်။

မန္တလေးမြို့မှာ ဖာသာလဖုန်းကျောင်းတွင်(၅)တန်းထိ ပညာသင်ကြားခဲ့ပြီး ၁၉၅၆ ခုနှစ်တွင်မေမြို့ စိန် အလွှိုက် ယှက်ရဟန်းဖြစ်သင်ကျောင်းသို့ ဝင်ရောက်ခဲ့သည်။ မေမြို့စိန်အယ်လ်ဘတ် အထက်တန်း ကျောင်းတွင်ဆယ်တန်းထိပညာသင်ကြားခဲ့ပြီးနောက် ၁၉၆၄ ခုမှ ၁၉၇၁ ခုနှစ်ထိရန်ကုန်မြို့မှာ ရဟန်း ဖြစ်တက္ကသိုလ်မေဂျာတွင်ဆက်လက် ပညာသင်ကြားခဲ့သည်။

၁၉၇၁ခုနှစ်၊ဇွန်လ၂၄ရက်နေ့တွင် နဘက်ရွာ၌ဆရာတော် ကြီး အေဦးဘခင်၏ လက်တော်မှ ရဟန်း သိက္ခာခံယူခဲ့ပါသည်။

ရဟန်းသိက္ခာခံယူပြီးနောက် ၁၉၇၁ ခုနှစ်မှ ၁၉၈၅ ခုနှစ်ထိ ချင်းပြည်နယ်မြောက်ပိုင်း ဆိုင်းဇံရွာတွင် ကျောင်းထိုင်ဘုန်တော်ကြီးအဖြစ်သာသနာအမှုတော်ကိုထမ်းရွက်ခဲ့ပါသည်။

၁၉၈၅ခုနှစ်အထိတွန်းဇံသာသနာနယ်ပါပူတွဲ၍တာဝန်ယူဆောင်ရွက်ခဲ့ရသည်။ ၁၉၈၅ ခုဒီဇင်ဘာလတွင် မေမြို့အပြစ်မဲ့သန္ဓေယူသောသခင်မှဘုရားကျောင်းမှာကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ်ပြောင်း ရွှေ့ အမှုထမ်းရသည်၊ စိန့်အလွှိုင်းယှက် ရဟန်းဖြစ်သင်ကျောင်းတွင်လည်း ဝိညာဉ်လမ်းညွှန်ဘုန်း တော် ကြီး အဖြစ်တာဝန်ယူရသည်၊ အနီးစခန်းစလေးရှင်းရဟန်းဖြစ်သင်ကျောင်းတွင်လည်းပဲ တစ်လတစ်ကြိမ် အာပတ်ဖြေနားထောင်ပေးရသည်။

မေမြို့အပြစ်မဲ့သန္ဓေယူတော်မူသောသခင်မကျောင်းတွင် အမှုထမ်းစဉ် ဟောခန်းမတစ်ဆောင် ဆောက် လုပ်နိုင်ခဲ့သည်၊ နာရေးအတွက်နိဗ္ဗာန်ယာဉ်တစ်စီးထူထောင်ခဲ့သည်။ ဘုရားရှိခိုးကြောင်းကိုအုတ် တံ တိုင်းကာရံနိုင်ခဲ့သည်။ဂိုဏ်းပေါင်းစုံခရစ်ယာန်အသင်းတော် များ၏ င်္သချိုင်းကော်မတီဥက္ကဋ္ဌ အဖြစ် လည်း တာဝန်ယူဆောင်ရွက်ပေးခဲ့သည် စိန့်အလွှိုင်းယှက်သီလရှင်အသင်းဂိုဏ်းအတွက် လည်း ဝိညာဉ်လမ်းညွန်ဘုန်းတော်ကြီးအဖြစ်တာဝန်ယူခဲ့သည်၂၀၀၂ခုနှစ်ဇွန်လမှစ၍မိတ္ထီလာမြို့စိန့် အန်ထော်နီ ဘုရားရှိခိုးကျောင်း ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်ပြောင်းတာဝန်ယူထမ်းဆောင်ရခဲ့ရပါသည်။

၂၀၀၂ နှစ် မှ ၂၀၀၉ ခုနှစ်ထိ မုံရွာမြို့ စိန့်ဂျိုးဇက် ဘုရားကျောင်း တွင်လည်ကောင်း၊ ၂၀၀၉ ခုမှ ၂၀၁၈ ခုနှစ် ထိ မန္တလေး စိန့်ဂျွန်း သာသနာအုပ်စုတွင် တာဝန်ထမ်းဆောင်ရင် ၂၀၁၉ ခုနှစ် သက်တော် ၇၅ နှစ် ရဟန်း ဝါတော် ၄၈ ဝါတွင် အနားယူခဲ့ကာ ပြင်ဦးလွင်မြို့ စိန့်မေရီ သာသနာအုပ်စု အတွင်းရှိ ဆွေမျိုး မိသာစုဝင် များ နှင့် အနားယူရင်း ၂၀၂၆ ဧပြီလ ၁၂ ရက်န့ ညနေပိုင်းတွင် ရဟန်းဝါတော် ၅၅ ဝါ၊ သက်တော် ၈၂ တွင် ဘုရားသခင်၏ ပြန်လည်သိမ်းပိုက်ခြင်းခံခဲ့ရပါသည်။

ဖာသာရ်ပီတာဦးလှရွှေ၏ စျာပန မစ္ဆားတရားကို ဧပြီလ ၁၄ ရက် ၂၀၂၆ ခု နေ့လည် ၁ နာရီတွင် ပြင်ဦး လွင်မြို့ စိန့်မေရီ ဘုရားကျောင်းတွင်ပူဇော်ပြီး ကုန်းဘော ခရစ်ယာန် သုသန်တွင် သင်ဂြိုမည် ဖြစ်ပါ သည်။

ဖာသာပီတာ ဦးလှရွှေ ၏ ဝိညာဉ်သည် အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာ ဘုရားရှင်၏ ဖာသာပီတာ ဦးလှရွှေ ၏ ဝိညာဉ်သည် အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာ ဘုရားရှင်၏ ရင်ခွင်တော်မှာ နားခိုနိုင်ရန် ဆုတောင်းပေးကြပါစို့။။ “May his soul rest in peace.”

Fr. Peter U Hla Shwe

Mandalay Archdiocese

Date of Birth 20 May 1944

Ordination: 24 June 1971

Priesthood 55 years (1971 – 2026)

Deceased 12 April 2026

Please pray for his soul to be rested in the Peace of Christ.

#rvamyanmar #ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *