ရဟန်းမင်းကြီးလီယို (၁၄) မှာ အိုလံပစ်အားကစားသမားများနှင့် တွေ့ဆုံအမှာစကားပြောကြား။

( ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ရဟန်းမင်းကြီး လီယို (၁၄) အီတလီ အိုလံပစ်နှင့် ပါရာလင်းပစ် အားကစားသမားများနှင့် တွေ့ဆုံစဉ်။)

ရဟန်းမင်းကြီးလီယို (၁၄) မှ အိုလံပစ်အားကစားသမားများသို့ မိန့်ကြားချက် �အခမ်းအနားနှင့် အဓိက တန်ဖိုး မီလန်-ကော်တီးနား (Milan-Cortina) ဆောင်းရာသီ အားကစားပြိုင်ပွဲများအပြီးတွင် ရဟန်း မင်း ကြီး လီယို (၁၄) သည် အီတလီအားကစားသမားများနှင့် တွေ့ဆုံခဲ့သည်။ အားကစားကို ယှဉ်ပြိုင်မှု သက် သက်ထက် လူသားအချင်းချင်း တွေ့ဆုံဆုံစည်းရာနှင့် မိမိကိုယ်ကိုယ် ထိန်းကျောင်းနိုင်မှု (self-mastery) ကို လေ့ကျင့်ရာ အရေးကြီးသောနေရာအဖြစ် ချီးမွမ်းပြောကြားခဲ့သည်။�

�အားကစားသည် ကြံ့ကြံ့ခံနိုင်ရည်ကို ဖော်ပြသည့် ဘာသာစကားဖြစ်ခြင်း စစ်မှန်သောအားကစားသည် စွမ်းဆောင်ရည်ပြသမှုသက်သက်ထက် သာလွန်ကြောင်း၊ ၎င်းသည် ကြိုးပမ်းအားထုတ်မှု၊ ရှုံးနိမ့်မှုနှင့် အသစ်ပြန်လည်စတင်ဝံ့သည့် သတ္တိတို့ဖြင့် တည်ဆောက်ထားသော “မြင့်မြတ်သော သတင်းစကား” ဖြစ် ကြောင်း ရဟန်းမင်းကြီးက အလေးပေးမိန့်ကြားခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုတိုင်း၏ နောက် ကွယ်တွင် စည်းကမ်းရှိမှုနှင့် ပေးဆပ်စွန့်လွှတ်မှု များရှိကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။�

�ပါရာလင်းပစ်ပြိုင်ပွဲ၏ ထူးခြားသော သင်ခန်းစာ ပါရာလင်းပစ် (Paralympic) အားကစားပြိုင်ပွဲများကို အထူးရည်ညွှန်းကာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များသည် အတားအဆီးများမဟုတ်ဘဲ အရည် အချင်းသစ်များအဖြစ် “အသွင်ပြောင်းလဲ” (transfigured) သွားနိုင်ကြောင်းနှင့် လူသားတစ်ဦး၏ စွမ်း ဆောင်နိုင်ရည်ကို ဖော်ပြရာနေရာဖြစ်ကြောင်း မိန့်ကြားခဲ့သည်။� �စိတ်ဓာတ်နှင့် ဝိညာဉ်ရေးရာ မိသားစု များနှင့် အသင်းအဖွဲ့များ၏ ပံ့ပိုးမှုကို အသိအမှတ်ပြုရင်း အားကစားကို “ဘဝ၏ သင်ခန်းစာများ သင်ယူ ရာကျောင်း” ဟု တင်စားခဲ့သည်။ အားကစားသမားများသည် မိမိတို့၏ ခန္ဓာကိုယ်ကို ရုပ်တုဆင်းတုကဲ့သို့ အလွန်အကျွံ ကိုးကွယ်ခြင်း (idolizing) မပြုဘဲ စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်ရန် ခိုင်မာသော ဝိညာဉ် ရေးရာ လိုအပ်ကြောင်း ထောက်ပြခဲ့သည်။

�သဟဇာတဖြစ်မှုနှင့် ဆက်ဆံရေး ၂၀၂၆ ခုနှစ်တွင် ထုတ်ပြန် ခဲ့သည့် “ကြွယ်ဝသော အသက်တာ” (Life in Abundance) စာချွန်လွှာကို ကိုးကား၍ စစ်မှန်သော အောင်မြင်မှုဆိုသည်မှာ လူမှုဆက်ဆံရေးများ၏ အရည်အသွေးနှင့် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အကြား ဟန်ချက်ညီမှုပေါ်တွင် တည်ကြောင်း ရှင်းလင်း ခဲ့သည်။� �ငြိမ်းချမ်းရေး၏ ပရောဖက်ပြုချက် ရှေးဟောင်းအစဉ်အလာဖြစ်သော “အိုလံပစ် စစ်ရပ်စဲ ရေး” (Olympic truce) ကို ရည်ညွှန်းကာ အားကစားသမားများသည် “ငြိမ်းချမ်းရေး၏ ပရောဖက်များ” (prophecy of peace) ဖြစ်ကြောင်း ချီးမွမ်းခဲ့သည်။ ပြိုင်ဆိုင်မှုထက် တွေ့ဆုံဆုံစည်းမှုကို ရွေးချယ်ခြင်း ဖြင့် အကြမ်းဖက်မှုနှင့် သဘောထားကွဲလွဲမှုများအတွက် ငြိမ်းချမ်းသော အစားထိုးမှုကို ပြသနိုင်ခဲ့သည်။

� �စီးပွားဖြစ် လုပ်ဆောင်မှုများ၏ အန္တရာယ် အနိုင်ရရှိရေးကိုသာ ဦးစားပေးသည့် “မည်သည့်နည်း ဖြင့် မဆို အနိုင်ရရမည်” ဟူသော စိတ်ဓာတ်ကို သတိပေးခဲ့ပြီး၊ အထူးသဖြင့် ဆေးဝါးသုံးစွဲ၍ ယှဉ်ပြိုင် ခြင်း (doping) နှင့် လူသားများကို ကျော်ကြားသူ သို့မဟုတ် ကိန်းဂဏန်းများအဖြစ်သာ မြင်စေသည့် စီးပွား ရေးဖိအားများကို ဝေဖန်ခဲ့သည်။� �လူသားချင်း ပြန်လည်သင့်မြတ်ရာ နေရာ အမုန်းတရားကင်းစင်စွာ ယှဉ်ပြိုင်နိုင်ကြောင်းနှင့် ရှုံးနိမ့်သည့်တိုင် မိမိကိုယ်ကိုယ် တန်ဖိုးထားမှုကို မဆုံးရှုံးစေနိုင်ကြောင်း သက် သေပြခဲ့သည့်အတွက် အားကစားသမားများကို ကျေးဇူးတင်ခဲ့သည်။ စနစ်ကျသော အားကစားသည် ကွဲပြားမှုများကို အရင်းအမြစ်တစ်ခုအဖြစ် လက်ခံသည့် “လူသားချင်း ပြန်လည်သင့်မြတ်ရာ ဓာတ်ခွဲ ခန်း” ကဲ့သို့ဖြစ်ကြောင်း ဆိုခဲ့သည်။� �တာဝန်ပေးအပ်ခြင်း အားကစားသမားအားလုံး၏ မျှော်လင့်ချက် နှင့် ဆင်းရဲဒုက္ခများကို စုစည်းထားသည့် “အားကစားသမားများ၏ လက်ဝါးကပ်တိုင်” (Cross of Athletes) ကို ရည်ညွှန်းလျက် နိဂုံးချုပ်ခဲ့သည်။ အားကစားကဏ္ဍတိုင်းတွင် “လူသား” သည်သာ အဓိကဗ ဟိုချက်ဖြစ်စေရန် အထူးတာဝန် (mission) ကို အားကစားသမားများထံ အပ်နှံခဲ့သည်။�

Fr. Peter Kyi Maung

Photo Credit: Vatican news

Website: rvamyanmar.org

/ @rvamyanmar8152

Original Link: https://www.vaticannews.va/…/pope-leo-xiv-italian…

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *