Regina Caeli မေတ္တာဆိုရာတွင် ပုဒ်ရဟန်းမင်းကြီးက အကြမ်းဖက်မှုများကြောင့် အရှိန်သတ်ခံ ထားရ သော မျှော်လင့်ချက်များကို အသံပြန်လည်ဖော်ဆောင်ပေးရန် ခရစ်ယာန်ဘာသာဝင်များကို တိုက်တွန်း

(Pope at Regina Caeli)

အီစတာတနင်္လာနေ့တွင် စိန့်ပီတာရင်ပြင်၌ ပြုလုပ်သော Regina Caeli ဝတ်ပြုမှုတွင် ပုဒ်ရဟန်းမင်းကြီး လီယို (၁၄) က မှားယွင်းသော သတင်းအချက်အလက်များ၊ ပဋိပက္ခများနှင့် လူမှုရေးအရ ချို့တဲ့မှုများ များပြားနေသည့် အခြေအနေများကြားတွင် ဧဝံဂေလိတရားတော်ကို သက်သေခံကြရန် တိုက်တွန်း ခဲ့ သည်။

လွတ်နေသော ဂူသင်္ချိုင်းနှင့်ပတ်သက်သည့် ဧဝံဂေလိကျမ်းစာကို ထောက်ရှုရင်း၊ ဖြစ်ရပ်တစ်ခုတည်းမှ ကွဲပြားသော ဖြစ်ရပ်မှန်တင်ပြချက်နှစ်ခု ထွက်ပေါ်လာကြောင်း ရဟန်းမင်းကြီးက မှတ်ချက်ပြုခဲ့သည်။

တစ်ခုမှာ ရှင်ပြန်ထမြောက်တော်မူသော ယေဇူးသခင်နှင့် တွေ့ဆုံခဲ့ပြီး ကိုယ်တော်ရှင် ရှင်ပြန်ထမြောက် ကြောင်း သတင်းစကားပါးခဲ့သော အမျိုးသမီးများ၏ သက်သေခံချက်ဖြစ်ပြီး၊

အခြားတစ်ခုမှာ ကိုယ်တော်၏ရုပ်အလောင်းကို ခိုးယူသွားကြသည်ဟု ဆိုသော ကင်းစောင့ရဲမက်များ၏ အစီရင်ခံချက်ဖြစ်သည်။

ဤအဖြစ်မှန်တစ်ခုတည်းမှပင် အသက်ရှင်ခြင်းကို ကြွေးကြော်သည့် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ၎င်းကို ငြင်းပယ်သည့် ဆန့်ကျင်ဘက် အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ဟူ၍ နှစ်မျိုးထွက်ပေါ်လာကြောင်း

အမှန်တရားကို ဆက်သွယ်ပြောဆိုခြင်းသည် မကြာခဏ အဟန့်အတားခံနေရသောကြောင့် ဤဆန့် ကျင်ဘက် အခြေအနေသည် ယနေ့ခေတ်တွင်လည်း ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း

“အမှန်တရားကို ကြွေးကြော်ခြင်းဟာ ကျနော်တို့ ဒီနေ့ခေတ်မှာ ခေါ်ဆိုနေကြတဲ့ ‘သတင်းမှားများ’ ဖြစ်တဲ့ လိမ်ညာမှုတွေ၊ သွယ်ဝိုက်စွပ်စွဲမှုတွေနဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကြောင့် ဖုံးကွယ်ခြင်း ခံနေရတတ်ပါတယ်” ဟု ပုဒ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါသည်။

ထို့ပြင် “သမိုင်းကို ပုပ်သိုးပျက်စီးစေပြီး အမှားအမှန်သိစိတ်ကို ရှုပ်ထွေးစေသော မကောင်းဆိုးဝါးများ၏ ဖိနှိပ်ခြင်းကို ခံနေရသူများ” ထံသို့ ဧဝံဂေလိ အမှန်တရား ရောက်ရှိရန် အရေးကြီးပုံကို လဲ အလေးပေး ပြောကြားခဲ့သည်။ သို့မှသာ အီစတာ၏ နက်နဲသော အမှန်တရားသည် “နှုတ်ကပတ်တော်အားဖြင့်ရော အလုပ်အားဖြင့်ပါ” မျှော်လင့်ချက်အတွက် အသံသစ်တစ်ရပ် ဖြစ်လာစေမည်ဖြစ်သည်။

ဧဝံဂေလိတရားကို ကြွေးကြော်ရန် မကြောက်ရွံ့ကြပါနှင့်

ယနေ့ခေတ်တွင် ရှုပ်ထွေးမှုများ လွှမ်းမိုးနေသော်လည်း အမှန်တရားသည် ပျောက်ကွယ်သွား မည်မ ဟုတ်ပါ၊ ယေဇူးသခင်၏ “မကြောက်ကြနှင့်၊ သွား၍ ပြောကြလော့” ဟူသော စကားတော်ကို ပြန်လည် အမှတ်ရစေပြီး၊ ဤညွှန်ကြားချက်သည် ခရစ်ယာန် သက်သေခံချက်အတွက် အရေးကြီးသော မှတ် ကျောက်ဖြစ်နေဆဲ ဖြစ်ပါသည်။

လက်ရှိ ကမ္ဘာ့အခြေအနေတွင် လူပုဂ္ဂိုလ်များနှင့် လူ့အဖွဲ့အစည်းများက အကြမ်းဖက်မှုနှင့် ချို့တဲ့မှုဒဏ် များကို ခံစားနေရသော အခြေအနေများစွာရှိကြောင်း၊ အထူးသဖြင့် စစ်ပွဲဒဏ်သင့်နေသော ပြည်သူများ၊ ယုံကြည်ခြင်းကြောင့် နှိပ်စက်ညှဉ်းပန်းခံနေရသော ခရစ်ယာန်များနှင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရ သော ကလေးငယ်များအကြောင်း ကို ထည့်သွင်းပြောကြားခဲ့ပါသည်။

“ခရစ်တော်၏ အီစတာနက်နဲသောအရာကို နှုတ်ကပတ်တော်အားဖြင့်ရော အလုပ်အားဖြင့်ပါ ကြွေး ကြော်ခြင်းဆိုသည်မှာ မျှော်လင့်ချက်အတွက် အသံသစ်တစ်ခု ဖော်ဆောင်ပေးခြင်းပင်

ဖြစ်သည်”။ ထိုမျှော်လင့်ချက်သည် မကြာခဏဆိုသလို “အကြမ်းဖက်သူများ၏ လက်ချက်ကြောင့် အရှိန်သတ်ခံထားရသော” မျှော်လင့်ချက်မျိုး ဖြစ်သည်။

ဧဝံဂေလိတရားတော်ကို လိုက်နာကျင့်သုံးပြီး ကြွေးကြော်သည့် မည်သည့်နေရာတွင်မဆို မှောင်မိုက် ထဲသို့ အလင်းဆောင်ယူလာပေးပြီး ရှုပ်ထွေးမှုများကြားတွင် အဓိပ္ပာယ်ကို ပြန်လည် ဖော်ဆောင် ပေးကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

Fr. Peter Kyi Maung

Photo Credit: Vatican News

: https://www.vaticannews.va/en/pope/news/2026-04/pope-leo-xiv-regina-caeli-easter-monday-truth-gospel.html

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *