
ပုပ်ရဟန်းမင်းကြီးက သာသနာတော်အတွက် ဘနဒစ်တင်း သာသနာပြုများ ပြုလုပ်ပေးခဲ့သော ကောင်း မှုများအတွက် ကျေးဇူးတင်စကားဆို။

(ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ဘနဒစ်တင်း ဘုန်းတော်ကြီးကျောင်း အသိုက်အဝန်း သုံးခုကို ကြိုဆိုစဉ်)
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဘင်နီဒစ်တင်း သာသနာပြုတို့၏ အထူးကျေးဇူးတော် (charism) တန်ဖိုးကို ဆင်ခြင်သုံးသပ်ရန်အတွက် ဗာတီကန်တွင် ဘနဒစ်တင်း သီလရှင် အသိုက်အဝန်း သုံးခုနှင့် ဘနဒစ်တင်း ဘုန်းတော်ကြီး အဖွဲ့တစ်ဖွဲ့ကို ကြိုဆိုခဲ့ပါသည်။ အစဉ်မပြတ် ဆုတောင်းခြင်း၊ အစေခံ ခြင်း နှင့် သက်သေခံခြင်းတို့မှတစ်ဆင့် အသင်းတော်အတွက် ၎င်းတို့ပြုလုပ်ပေးခဲ့သည့် “ကြီးမားလှပြီး ကွယ် ဝှက်နေသည့် ကောင်းမှုများ” အတွက် ကျေးဇူးတင်ရှိကြောင်း မိန့်ကြားခဲ့သည်။ စိန့်ဘနဒစ်၏ သွန်သင် ချက်ကို ကိုးကား၍ ကျမ်းစာတော်မြတ်ကို ဆုတောင်းလျက် ဖတ်ရှုခြင်းသည် ၎င်းတို့အား သတိရှိစေရန်၊ မိမိတို့၏ အားနည်းချက်များကို နားလည်စေရန်နှင့် ဆက်ကပ်အပ်နှံခြင်းကို ပိုမိုခိုင်မာစေရန် အထောက် အကူပြုကြောင်း ပုပ်ရဟန်းမင်းကြီးက အလေးပေးပြောကြားခဲ့သည်။
သန့်ရှင်းခြင်းသို့ သွားရာလမ်း အတူတကွ လျှောက်လှမ်းသော ခရီး- သီလရှင်တစ်ပါး၏ သန့်ရှင်းခြင်းသို့ သွားရာလမ်းသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ခရီးတစ်ခုတည်း မဟုတ်ဘဲ အခြားသူများအား အစေခံခြင်းဖြင့် အသိုက်အဝန်းနှင့်အတူ ရှင်သန်ရမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ အတူတကွ လျှောက် လှမ်းခြင်း- ဒေသန္တရ သာသနာတော်နှင့် စည်းလုံးစွာဖြင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှု အောက်တွင် အပြန်အလှန် နားထောင်ခြင်းနှင့် အသိုက်အဝန်းအလိုက် ပိုင်းခြားဝေဖန်ခြင်းတို့ကို ကျင့်သုံး ရန် တိုက်တွန်းခဲ့သည်။
ဘုရားသခင်၏ လူမျိုးတော်အားလုံးအတွက် စံနမူနာ လုပ်ဆောင်မှုထက် တည်ရှိနေထိုင်မှုကို ဦးစားပေး ခြင်း- တစ်ကိုယ်ကောင်းဆန်မှု မြင့်မားသော ကမ္ဘာတွင် ဘုန်းတော်ကြီးဘဝသည် စံနမူနာတစ်ခုအဖြစ် တည်ရှိပြီး၊ သာသနာပြုတစ်ဦး ဖြစ်ခြင်းသည် လက်တွေ့လုပ်ဆောင်သည့် အရာများထက် မိမိတို့၏ တည်ရှိနေထိုင်ပုံနှင့် အခြားသူများနှင့် ဆက်ဆံရေးများ ရှင်သန်ပုံ ပေါ်တွင် ပိုမိုမူတည်ကြောင်း သက်သေ ပြနေသည်။ ကြားဝင်ဆုတောင်းခြင်း၏ စွမ်းအား- ဆုတောင်းခြင်းသည် ၎င်းတို့၏ အခြေခံအကျဆုံး အလုပ်ဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့ပြီး၊ ဤသို့ အပ်နှံထားသော ဘဝပုံစံ၏ အကောင်းဆုံး စံနမူနာ အဖြစ် ဗိမာန်တော်တွင် နေ့ညမပြတ် ဘုရားသခင်ကို အစေခံခဲ့သည့် ပရောဖက်မ အန္နားကို ထောက် ပြခဲ့သည်။
မေတ္တာတရား၏ ဦးစားပေးမှုနှင့် ခရစ်တော်၏ ချစ်ခြင်းမေတ္တာ စဉ်ဆက်မပြတ် ကြီးထွားခြင်း- ခရစ်တော်၏ ချစ်ခြင်းမေတ္တာ၌ နက်ရှိုင်းစွာ အခြေခံထားသော စဉ်ဆက်မပြတ် လေ့ကျင့် ပျိုးထောင် ခြင်းများကို လုပ်ဆောင်ရန် ပုပ်ရဟန်းမင်းကြီးက အားပေးခဲ့သည်။ ဘုန်းတော်ကြီးကျောင်းတိုင်းကို “ထာဝရဘုရား၏ အစေခံခြင်းဆိုင်ရာ ကျောင်းတော်” ဖြစ်လာစေရန် ကြိုးပမ်းမှုများကို ချီးမွမ်းခဲ့ပြီး ၎င်းတို့၏ သာသနာပြုလုပ်ငန်းများကို မင်္ဂလာရှိသော အမိမယ်တော်နှင့် ဘနဒစ်တင်း သူတော်စင်များထံ အပ်နှံခဲ့ပါသည်။
Fr. Peter Kyi Maung
Photo Credit: Vatican News
Original Link: https://www.vaticannews.va/en/pope/news/2026-03/pope-welcomes-three-communities-of-benedictine-nuns.html

