အာဏာပိုင်များအနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို ဆွေးနွေးပွဲများမှတစ်ဆင့် ဖော် ဆောင်ရမည်

(Pope Leo in Castel Gandolfo (file photo)  (@VaticanNews)

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် Castel Gandolfo ရှိ သတင်းထောက်များအား ထုတ်ပြန်သော ကြေ ညာချက်တိုတစ်ခုတွင် “လက်နက်ဖြင့်မဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ကြရန်” သူ၏ တောင်းဆိုချက်ကို ထပ်လောင်းပြောကြားခဲ့ပြီး မုန်းတီးမှု၊ အကြမ်းဖက်မှုနှင့် သေဆုံးမှုများ မြင့်တက် လာခြင်းကို ရှုတ်ချခဲ့သည်။

“ကျွန်ုပ်အနေဖြင့် အပစ်အခတ်ရပ်စဲရန်နှင့် ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်ကြရန် တောင်းဆိုချက်ကို ထပ်လောင်းပြောကြားလိုပါသည်။ သို့သော် လက်နက်များဖြင့် မဟုတ်ဘဲ လူတိုင်းအတွက် အဖြေတစ်ခု ကို အမှန်တကယ်ရှာဖွေနိုင်မည့် ဆွေးနွေးညှိနှိုင်းမှုများဖြင့် လုပ်ဆောင်ကြရန် ဖြစ်ပါသည်။”

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အင်္ဂါနေ့ညနေပိုင်းက Castel Gandolfo ရှိ Villa Barberini နေအိမ်အပြင်ဘက်တွင် စောင့်ဆိုင်းနေသော သတင်းထောက်အဖွဲ့အား ထုတ်ပြန်သည့် ကြေညာ ချက်တို တွင် အဆိုပါ ငြိမ်းချမ်းရေးတောင်းဆိုချက်ကို ထပ်လောင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာအခြေအနေကို ပြန်လည်သုံးသပ်ရင်း ပုပ်ရဟန်းမင်းကြီးက “မုန်းတီးမှုများ မြင့်တက် လာနေသည်၊ အကြမ်းဖက်မှုများက ပိုမိုဆိုးရွားလာနေသည်၊ လူပေါင်းတစ်သန်းကျော်မှာ အဆက် အသွယ်ပြတ်တောက်ကာ အထီးကျန်နေကြရပြီး သေဆုံးသူများလည်း အလွန်များပြားနေပြီ ဖြစ်သည်”

“ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးလိုပါသည်။ သို့သော် အာဏာပိုင်အားလုံးအနေဖြင့် ပြဿနာများကို ဖြေရှင်းရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် အမှန်တကယ် ကြိုးပမ်းလုပ် ဆောင်ကြရန် ကျွန်ုပ် တိုက်တွန်းပါသည်” ဟု ပုပ်ရဟန်းမင်းကြီးက ဆိုခဲ့သည်။

သီးခြားအနေဖြင့် ပြီးခဲ့သည့် တနင်္ဂနွေနေ့က Angelus ဒေသနာတော်ဟောကြားခြင်းတွင် ပုပ်

ရဟန်းမင်းကြီး လီယို (၁၄) က အရှေ့အလယ်ပိုင်းဒေသ “စစ်ပွဲနှင့် အကြမ်းဖက်မှုဒဏ် ခံနေရသော” ကမ္ဘာ့အခြားဒေသများရှိ အခြေအနေများအပေါ် ၎င်း၏ “စိတ်မသက်မသာဖြစ်မှု” ကို ဖော်ပြခဲ့သည်။

“ဤပဋိပက္ခများ၏ သားကောင်ဖြစ်နေရသည့် ခုခံကာကွယ်နိုင်စွမ်းမရှိသော လူအများအပြား၏ ဒုက္ခ များ အပေါ် ကျွန်ုပ်တို့ နှုတ်ဆိတ်မနေနိုင်ပါ။ ၎င်းတို့ကို ထိခိုက်နာကျင်စေခြင်းသည် လူသားမျိုးနွယ် အားလုံးကို ထိခိုက်နာကျင်စေခြင်းပင် ဖြစ်သည်။ ဤစစ်ပွဲများကြောင့် ဖြစ်ပေါ်လာသော သေဆုံးမှုနှင့် နာကျင်မှုများသည် လူသားမိသားစုတစ်ရပ်လုံးအတွက် အရှက်ရစရာဖြစ်ပြီး ဘုရားသခင်ထံသို့ တိုင် တည်နေသည့် အော်ဟစ်သံများပင် ဖြစ်သည်” ဟု ထိုစဉ်က ထဲ့သွင်းမိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက ဆက်လက်၍ “တိုက်ခိုက်မှုများ ရပ်တန့်သွားရန်နှင့် စစ်မှန်သော ဆွေးနွေး ညှိနှိုင်း မှုနှင့် လူသားတိုင်း၏ ဂုဏ်သိက္ခာကို လေးစားမှုအပေါ် အခြေခံသည့် ငြိမ်းချမ်းရေးလမ်းစများ ပေါ်ပေါက် လာရန်အတွက် ဆုတောင်းခြင်း၌ ဆက်လက်တည်ကြည်ကြရန် ကျွန်ုပ် ပြင်းပြင်းထန်ထန် ထပ်လောင်း တိုက်တွန်းပါသည်” ဟု မိန့်ကြားခဲ့ပါသည်။

Fr. Peter Kyi Maung

Photo Credit: Vatican News

Original Link: https://www.vaticannews.va/en/pope/news/2026-03/pope-leo-brief-appeal-castel-gandolfo-24-march-2026.html

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *