
စစ်ပွဲကြောင့် ဂျေရုဆလင်မြို့ရှိ မေတ္တာပန်းတနင်္ဂနွေ စီတန်းလှည့်လည်ပွဲကို ဖျက်သိမ်း။

(ဂျေရုဆလင်မြို့ရှိ သန့်ရှင်းသောသင်္ချိုင်းတော် ဘုရားကျောင်း အဝင်ဝ မြင်ကွင်း (AFP or Licensors)
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ယခုနှစ် ဂျေရုဆလင်မြို့ရှိ လက်တင် ကက်သလစ် အသင်းတော် (Latin Patriarchate of Jerusalem) က သံလွင်တောင်မှ ဂျေရုဆလင်သို့ ချီတက်မည့် အစဉ်အလာ မေတ္တာပန်းတနင်္ဂနွေ (Palm Sunday) လှည့်လည်ပွဲကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာ ခဲ့သည်။ ယင်းအစား သတ်မှတ်ထားသော နေရာတစ်ခုတွင် မြို့တော်အတွက် ဆုတောင်းခြင်းဖြင့် အစား ထိုးသွားမည် ဖြစ်သည်။
သာမန်လူထု အခမ်းအနားများ ကျင်းပနိုင်မည်မဟုတ်
ကာဒီနယ် Pierbattista Pizzaballa က လုံခြုံရေး အခြေအနေများကြောင့် ယခင်ကကဲ့သို့ လူစုလူဝေး ဖြင့် လူထုအခမ်းအနားများ ကျင်းပနိုင်မည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။ ဆီကောင်းကြီးပေးပွဲ (Chrism Mass): သန့်ရှင်းသော သောကြာနေ့မတိုင်မီ ကြာသပတေးနေ့တွင် ပြုလုပ်လေ့ရှိသော ဆီ ကောင်းကြီးပေးပွဲကို အခြေအနေပေါ်မူတည်၍ အီစတာကာလအတွင်း ကျင်းပနိုင်ရန် အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်သည်။ နေ့စဉ်အခြေအနေကြည့် စီစဉ်ခြင်း: ပဋိပက္ခမှာ အမြဲတစေ ပြောင်းလဲနေ သဖြင့် ကြိုတင်သတ်မှတ်ထားသော အစီအစဉ်များအစား နေ့စဉ်အခြေအနေပေါ် မူတည်၍သာ စီစဉ် သွားမည်ဖြစ်သည်။ ဒေသတွင်း ဝတ်ပြုမှုများ: စီတန်းလှည့်လည်ပွဲကြီးများကို ဖျက်သိမ်းထားသော် လည်း ဘုရားကျောင်းများကို ဖွင့်လှစ်ထားမည်ဖြစ်ရာ ဘာသာသူများအနေဖြင့် အီစတာ ဝတ်ပြုပွဲများ တွင် တတ်နိုင်သမျှ ပါဝင်ဆုတောင်းနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်သည်။
ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော နောက်ထပ်ဒဏ်ရာတစ်ခု
ဝါတွင်းကာလနှင့် အီစတာပွဲတော်ကို အတူတကွ စုပေါင်းမဆင်နွှဲနိုင်ခြင်းသည် စစ်ပွဲကြောင့် ခံစားနေ ရ သော နာကျင်မှုများအပေါ် ထပ်ဆင့်လာသည့် “ဒဏ်ရာ” တစ်ခုဖြစ်ကြောင်း ကာဒီနယ်က ဖော်ပြခဲ့သည်။ သို့သော်လည်း စိတ်ဓာတ်မကျဘဲ ဆုတောင်းခြင်းကို မရပ်တန့်ရန် တိုက်တွန်းထားသည်။
မတ်လ ၂၈ ရက်၊ စနေနေ့တွင် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း
မတ်လ ၂၈ ရက်၊ စနေနေ့တွင် လူတိုင်းအနေဖြင့် မိသားစုများ၊ ဘာသာရေးအဖွဲ့အစည်းများအလိုက် အထူးငြိမ်းချမ်းရေးဆုတောင်းပွဲ ပြုလုပ်ရန် ဖိတ်ခေါ်ထားသည်။ ပုတီးစိပ်ခြင်း: အထူးသဖြင့် စစ်ပွဲ ကြောင့် ဒုက္ခရောက်နေသူများအတွက် ငြိမ်းချမ်းရေးနှင့် အေးချမ်းသာယာမှုရရှိစေရန် ပုတီးစိပ်ဆု တောင်းရန် တိုက်တွန်းထားသည်။ ဝိညာဉ်ရေးရာ စည်းလုံးမှု: ရုပ်ပိုင်းဆိုင်ရာအရ ကွဲကွာနေသော်လည်း ဆုတောင်းခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်မှုကို ခံစားနိုင်ရန် ရည်ရွယ်သည်။
မည်သည့် အမှောင်ထုကမျှ နောက်ဆုံးစကား မပြောနိုင်
အကန့်အသတ်များ ရှိနေသော်လည်း အီစတာ၏ မျှော်လင့်ချက်မှာ ရှင်သန်နေဆဲဖြစ်သည်။ ကာဒီနယ်က “မည်သည့်အမှောင်ထု၊ စစ်ပွဲ၏အမှောင်ထုပင် ဖြစ်စေကာမူ နောက်ဆုံးစကား မပြောနိုင် (အနိုင်မရနိုင်)” ဟု အလေးပေးပြောကြားခဲ့ပြီး၊ အီစတာသည် မုန်းတီးမှုအပေါ် အသက်ရှင်ခြင်း၏ အောင်နိုင်မှုဖြစ် ကြောင်း သတိပေးခဲ့သည်။
သန့်ရှင်းသောနေရာများတွင် ဆုတောင်းခြင်းများ ဆက်လက်ရှိနေသည်
ဂျေရုဆလင်ရှိ Franciscan ဘုန်းတော်ကြီးများသည် သန့်ရှင်းသောသင်္ချိုင်းတော် (Holy Sepulchre) တွင် ဆုတောင်းခြင်းများကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ပြုလုပ်နေကြသည်။
လုံခြုံရေးအရ ဘာသာသူများ ဝင်ရောက်မှု ကန့်သတ်ထားသော်လည်း ဘုန်းတော်ကြီးများသည် နေ့စဉ် ဝတ်ပြုမှုနှင့် စီတန်းခြင်းများကို အစဉ်အလာအတိုင်း ဆက်လက်လုပ်ဆောင်နေသည်။ ကိုယ်စားပြု ဆု တောင်းခြင်း: ဤသို့ ဆက်လက်တည်ရှိနေခြင်းသည် ကမ္ဘာတစ်ဝန်းရှိ ကက်သလစ်အသင်း တော်တစ်ခု လုံးကို ကိုယ်စားပြု၍ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် ဆုတောင်းပေးနေခြင်းဖြစ်သည်။
Fr. Peter Kyi Maung
Photo Credit: Vatican News
Website: rvamyanmar.org
/ @rvamyanmar8152


