ကယ်တင်ရှင်သည် သမိုင်းကြောင်းမှ ဒဏ်ရာများကို အသွင်ပြောင်းလဲစေတော်မူ၏။

(ပုဒ်ရဟန်းမင်းကြီး လီယို (၁၄) မှ ဘာသာသူများနှင့်အတူ အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်း ကို ဦးဆောင်ပြုလုပ်စဉ် (@Vatican Media))

ဝါတွင်းကာလ ဒုတိယတနင်္ဂနွေနေ့တွင် ပြုလုပ်သော အန်ဂျေလူး (Angelus) မေတ္တာဆိုရာ၌ ပုပ်ရဟန်း မင်းကြီး လီယို (၁၄) က ကိုယ်တော်ရှင်၏ အဆင်းသဏ္ဍန် ပြောင်းလဲခြင်း (Transfiguration) နက်နဲမှုကို ပြန်လည်ထောက်ရှုခဲ့ပြီး၊ ကယ်တင်ရှင် ခရစ်တော်သည် သမိုင်းကြောင်း၏ ဒဏ်ရာများကို အသွင်ပြောင်း လဲစေကာ ဘုရားသခင်၏ ကယ်တင်ခြင်းဆုကျေးဇူးကို ဖော်ပြတော်မူကြောင်း ဝေမျှခဲ့ပါသည်။

တနင်္ဂနွေနေ့ ဧဝံဂေလိကျမ်းစာတွင် ဖော်ပြထားသော ယေရှုခရစ်တော်၏ အဆင်းသဏ္ဍန် ပြောင်းလဲ ခြင်း သည် “အီစတာပွဲတော်၏ အလင်းရောင်ကို ကြိုတင်နိမိတ်ပြခြင်းဖြစ်သည်” ဟု ပုပ်ရဟန်းမင်းကြီးက ၎င်း၏ ဘာသာတရားသင်ကြားခြင်း (catechesis) တွင် မိန့်ကြားခဲ့သည်။ “၎င်းသည် သေခြင်းနှင့် ရှင်ပြန် ထမြောက်ခြင်း၊ မှောင်မိုက်နှင့် အလင်းသစ်တို့၏ အဖြစ်အပျက်ဖြစ်ပြီး၊ ခရစ်တော်သည် အကြမ်းဖက် မှုကြောင့် နှိပ်စက်ခံရသူများ၊ နာကျင်မှုကြောင့် လက်ဝါးကပ်တိုင်တင်ခံရသူများ သို့မဟုတ် ဆင်းရဲဒုက္ခ ထဲတွင် စွန့်ပစ်ခံထားရသူများ၏ ခန္ဓာကိုယ်များအပေါ်သို့ ထိုအလင်းကို ထွန်းလင်းစေတော်မူသည်” ဟု ဆိုသည်။

ယေဇူခရစ်တော်နှင့်အတူ လိုက်ပါသွားသော တပည့်တော်များသည် ကိုယ်တော်၏ ဘုန်းတော်ကို မြင် တွေ့ခဲ့ရသော်လည်း၊ ၎င်းတို့ မြင်တွေ့ခဲ့ရသည်များကို နားလည်ရန် အချိန်ယူခဲ့ရသည်။ “နှုတ်ကပတ် တော်ကို နားထောင်ရန် တိတ်ဆိတ်ငြိမ်သက်မှု၊ ကိုယ်တော်ရှင်နှင့်အတူ ရှိနေခြင်းကို ခံစားနိုင်ရန်အတွက် နောင်တရ ပြောင်းလဲခြင်းတို့အတွက် အချိန်ယူရမည်၊ မိုးဇယ်နှင့် ဧလိယတို့မှတစ်ဆင့် ကိုယ်စားပြု ထားသော ပညတ်တော်နှင့် ပရောဖက်ကျမ်းများအကြားတွင် လူသားအဖြစ်သို့ ပြောင်းလဲလာသော နှုတ် ကပတ်တော် (ယေဇူးသခင်) ကို တပည့်တော်များ မြင်တွေ့ခဲ့ရသည်ကို ပြန်လည်သတိရစေခဲ့သည်။

“ဂျော်ဒန်မြစ်တွင် ယေဇူးသခင်ဆေးကြောခြင်း ခံယူသောနေ့၌ကဲ့သို့ပင်၊ ‘ဤသူသည် ငါချစ်မြတ်နိုးသော ငါ့သားဖြစ်သည်’ ဟု ကြွေးကြော်သော ခမည်းတော်၏ အသံတော်ကို ကျွန်ုပ်တို့ ကြားရသည်၊ ထိုအချိန် တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ယေဇူးသခင်ကို ‘တောက်ပသော မိုးတိမ်’ ဖြင့် လွှမ်းခြုံထားသည်” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက ရှင်းပြပါသည်။

“ဘုရားသခင်၏ လူသားဆန်သော ဘုန်းအာနုဘော်” ကို ဤကဲ့သို့ ထင်ရှားပြသခြင်းသည် ပေတရု၊ ယာ ကုပ်နှင့် ယောဟန်တို့အား “နှိမ့်ချသော ဘုန်းအာနုဘော်ကို ဆင်ခြင်ရန် အခွင့်ပေးခြင်းဖြစ်သည်။ ၎င်း သည် လူအုပ်ကြီးကို ပြသရန်အတွက် ဟန်ပြလုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ၊ မြင့်မြတ်သော ရင်းနှီး ကျွမ်း ဝင်မှုဖြင့် ပြသခြင်းဖြစ်သည်” ဟု လဲ ဆိုသည်။

လောကတွင် မကောင်းမှုများ ရှိနေလင့်ကစား ယေဇူးခရစ်တော်၏ ခန္ဓာကိုယ်သည် “ဘုရားသခင်၏ ဘုန်းတော်ဖြင့်” တောက်ပနေသည့် အဆင်းသဏ္ဍန် ပြောင်းလဲခြင်းက ကယ်တင်ရှင်သည် “သမိုင်း ကြောင်းမှ ဒဏ်ရာများကို အသွင်ပြောင်းလဲစေကာ ကျွန်ုပ်တို့၏ စိတ်နှလုံးကို အလင်းပေးတော်မူသည်။ ကိုယ်တော်၏ ဖော်ပြချက်သည် ကယ်တင်ခြင်းဆုကျေးဇူးပင်ဖြစ်သည်” ကို ဖော်ပြနေသည်။

ပုပ်ရဟန်းမင်းကြီး လီယိုက “ဤအချက်က ကျွန်ုပ်တို့ကို စွဲဆောင်ပါသလား။ ဘုရားသခင်၏ စစ်မှန်သော မျက်နှာတော်ကို အံ့သြခြင်းနှင့် ချစ်ခြင်းမေတ္တာဖြင့် ကြည့်ရှုမိပါသလား” ဟု မေးခွန်းထုတ်ခဲ့သည်။

ထို့နောက် ၎င်းက ဤသို့နိဂုံးချုပ်ခဲ့သည် -
”ဘုရားမဲ့ဝါဒ၏ စိတ်ပျက်အားငယ်မှုအပေါ် ခမည်းတော်၏ အဖြေမှာ ကယ်တင်ရှင် သားတော်ကို ပေးသနားခြင်းဖြစ်သည်။”
”သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား ထာဝရအသက်နှင့် ကျေးဇူးတော်၏ မိတ်သဟာယကို ပေးသနားခြင်းဖြင့် ဘုရားရှိမရှိ မသိနိုင်သောဝါဒ (agnosticism) ၏ အထီးကျန်မှုမှ ကျွန်ုပ်တို့ကို ကယ်တင်သည်။”
”ကျွန်ုပ်တို့၏ အား နည်းသော ယုံကြည်ခြင်းအတွက် တုံ့ပြန်မှုအနေဖြင့် နောင်လာမည့် ရှင်ပြန်ထမြောက်ခြင်း၏ ကတိတော်ကို ကြေညာပေးတော်မူသည်။

Translated by Fr. Peter Kyi Maung

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar

Photo Credit: Vatican News

https://www.vaticannews.va/en/pope/news/2026-03/pope-at-angelus-the-redeemer-transfigures-the-wounds-of-history.html

rvamyanmar
rvamyanmar
Articles: 3922

Leave a Reply

Your email address will not be published. Required fields are marked *