စကော့တလန်နိုင်ငံမှသက်တော်အငယ်ဆုံးကက်သလစ်ရဟန်းတော်။

 သူ၏အမည်ကား Elgin-born Aidan Matheson ဖြစ်ပါသည်။ သူ့အကြောင်းကိုမေးမြန်း တွေ့ဆုံ သော အခါသူကလက်ရှိ၌စကော့တလန်နိုင်ငံရှိကက်သလစ်ဘုန်းတော်ကြီးများအနက်သက်တော်အ ငယ်ဆုံး ရဟန်းတစ်ပါးဖြစ်ကြောင်းသိရပါသည်။ လက်ရှိ၌သူသည် သက်တော် (၂၇) နှစ်ဖြစ်ပါသည်။ သူ သည်ယ ခုနှစ်ဇွန်လကထာ၀ရရဟန်းသိက္ခာကိုခံယူခဲ့သည်။ သူသည်ရဟန်းတစ်ပါးဖြစ်လာရန်အတွက်သင် ကြား ရမည့်ပညာရပ်များကို အီတလီနိုင်ငံ၊ ရောမမြို့၌သင်ကြားပြီးစီးခဲ့ခြင်းဖြစ်သည်။ ရဟန်းသိက္ခာမခံယူမီ ဦးပဥ္စင်းအဖြစ် Inverness မြို့ရှိ စိန့်မေရီဘုရားကျောင်း၌တစ်နှစ်တာအမှုတော်ထမ်းဆောင်ခဲ့သည်။

 သူသည်ရုပ်ရည်သန့်ပြန့်ပြီး၊ နွေးထွေးဖော်ရွေသော၊ အတွေးအခေါ်ရှိသော၊ ပြုပြင်တည် ဆောက်မှု ကိုရည်သန်သောခရစ်ယာန်လူငယ်တစ်ဦးဖြစ်သည်။ သူ၏ခရစ်ယာန်ဘ၀ကိုအကောင်းဆုံးရှင် သန်လို ကြောင်း၊ သူသည်ငယ်စဉ်ကစမိဘ၊ ညီအစ်များနှင့်အတူမစ္ဆားတရားကိုကြည်ညိုစွာဖြင့်ပုံမှန်ပါ၀င်ပူ ဇော်ခဲ့ကြောင်း၊ သူ၌ညီငယ် (၃) ဦးရှိကြောင်း၊ ဘုရားသခင်၏အဖြစ်အမှန်သည် သူ၌ရှိနေခဲ့ ပြီဖြစ် ကြောင်း၊ ငယ်ရွယ်စဉ်ကပင်သူသည် လေယာဉ်မှူးဖြစ်ရန် (သို့) ကျောင်းဆရာဖြစ်ရန် ရည်မှန်းချက် ရှိခဲ့ ကြောင်း၊ သို့ သော်အသက် (၁၅) နှစ်အရောက်၌သူ၏ခေါ်တော်မူခြင်းကိုရှင်းလင်းပြတ်သားစွာ သိရှိလာ ခဲ့ရကြောင်း၊ သူ သည်ကက်သလစ်လူငယ်များ၏ပွဲတစ်ခု၌ပါ၀င်နေစဉ်၌ရဟန်းဘ၀ကို တက်လှမ်းလို သောစိတ်ဖြစ်ပေါ်ခံစား ရကြောင်း၊ အစပိုင်း၌သူ၏ရဟန်းဘ၀ခေါ်တော်မူခြင်းရှိ၊ မရှိကိုမသေချာ ခဲ့ကြောင်း၊ ဘုရားကိုသာအရာရာ ထက်ချစ်သောကြောင့် လောက၏အသက်မွေး၀မ်းကျောင်း အသက် တာ၊ အိမ်ထောင်ပြုခြင်း၊ မိသားစုဘ၀ ကိုစွန့်ခြင်းတို့ကိုအမှန်တကယ်ပြုလုပ်နိုင်မည်၊ မလုပ်နိုင်မည် ကိုဆုံးဖြတ်ရန်ခက်ခဲခဲ့ကြောင်း၊ သူသည်ဤကဲ့သို့အ တွင်း၌ကြိတ်၍ရုန်းကန်နေခဲ့သည်ကိုနှစ်နှစ်ကြာ သည်အထိအဘယ်သူ့ကိုမျှထုတ်ဖော်မပြောခဲ့ကြောင်း၊ သို့ သော် ဆုတောင်းသည်။ စဉ်းစားသည်။ သင်ကြားရမည့်စာများကိုအကောင်းဆုံးသင်ယူခဲ့သည်။ ဤသို့ဖြင့် တစ်စတစ်စသူ၏ဧ၀ံဂေလိ တရား တော်ကိုအခြေခံသောခရစ်ယာသမ္မာတရားအသက်တာသည်ပို၍သေချာပြတ်သားလာခဲ့သည်။

သူသိလာရသည်မှာဘ၀အကောင်းဆုံးရှင်သန်ခြင်းဟူသည် ရဟန်းဘ၀ကိုခံယူရှင်သန် ခြင်းဖြစ်သည် ဟုဖြစ်သည်။ ထို့ကြောင့်ဘုရားသခင်ကိုသူ၌ရှိသမျှနှင့်အစေခံမည်ဟူသောပြင်းပြသည့်ဆန္ဒဖြင့် (၂၀၁၇) ၌ရဟန်းလောင်းကျောင်းသို့၀င်ရောက်ရန်လျှောက်လွှာတင်ခဲ့သည်။

 ဆယ်ကျော်သက်အရွယ်၌သူသည် ခရစ်ယာန်တစ်ဦး၏အသက်တာနှင့်ဆန့်ကျင်သောအခြေ အနေ၊ အသိုင်းအ၀ိုင်းများကြောင့်ရုန်းကန်ခဲ့ရသည်။ သို့သော်သူသည်သူ၏ဘာသာရေးသက်၀င်ယုံကြည် ချက် နှင့်စပ်လျင်း၍ဖုံးကွယ်မထား။ သူငယ်ချင်းများအားပွင့်လင်းစွာပြောဆိုထုတ်ဖော်လေ့ရှိသည်။ စနေနေ့ ပါတီပွဲများနှင့်စပ်လျင်း၍သူ၏အမြင်၊ ခံယူချက်များကိုသူငယ်ချင်းများကမေးမြန်းလေ့ရှိသည်။

 ယခုအခါရဟန်းတစ်ပါးအနေဖြင့် လူများနှင့်အတူရင်းနှီးနီးကပ်စွာအလုပ်လုပ်ကိုင်လို ကြောင်း၊ ၄င်းတို့ ၏ဖြစ်ကြောင်းကုန်စင်ကိုနားထောင်ပေးခြင်း၊ သူတို့နှင့်အတူဆုတောင်းခြင်း၊ အာပတ်ဖြေ နားထောင် ပေးခြင်း၊ အပြစ်ခွင့်လွှတ်ပေးခြင်း၊ ဘာသာတူတို့၏ဘ၀ကိုထပ်ဟပ်စေမည့်ဩ၀ါဒပြင်ဆင်၍ ဟော ကြားကာခွန်အားရစေခြင်း၊ ဧ၀ံဂေလိအသက်တာကိုရှင်သန်စေခြင်းလိုကြောင်း၊ မိမိတို့၏ဘ၀လျှောက် လှမ်းနှင့်စပ်လျင်း၍သပ်သပ်မှတ်မှတ်ဘောင်ချထားသူများ၊ မရေမရာဖြစ်နေသူများအား လက်ခံတွေ့ ဆုံလျှက် ဆွေးနွေးပြောဆိုကာမှန်ကန်သောဆုံးဖြတ်ချက်ကိုချမှတ်ဆန်းစစ်နိုင်ရန်ကူညီပေးလိုကြောင်း၊ သို့မှသာဘု ရားသခင်သူတို့၏ဘ၀ကိုမည်သို့ အသုံးပြုရန်အလိုရှိသည်ကို ကောင်းစွာသိနိုင်မည်ဖြစ် ကြောင်းဖြေကြားခဲ့သည်။

 ဘာသာတူများအနေဖြင့်လည်းဤသို့သော်ရဟန်းမျိုးကိုရရှိခြင်းအတွက် ရှုပ်ထွေးပွေလီ သောဘ၀ ကို ဖြတ်သန်းရှင်သန်နေကြသောလူ့အဖွဲ့အစည်းအတွက်သူသည်မှန်ကန်သောရွေးချယ်မှု၊ ဆုံး ဖြတ်ချက်ကို ကူညီ‌ပေးနိုင်သည့်အာမခံချက်ကိုပေးနိုင်သူဖြစ်ကြောင်း၊ ခရစ်ယာန်အသက်တာကိုကောင်းစွာ ရှင်သန် ခက်ခဲနေကြသောသူများအတွက်တိုင်ပင်ဆွေးနွေးရာဖြစ်ကြောင်းဘာသာတူများကလည်းကျေနပ် ပျော်ရွှင်နေကြသည်။

 ခရစ်ယာန်ဖြစ်လာရခြင်းဦးတည်ချက်သည်ကယ်တင်ခြင်းရရန်ဖြစ်သည်။ ဘုရားသခင်၌ ကျွန်ုပ်တို့ သနားခြင်းကိုတွေ့ရှိနိုင်သည်။ မည်သည့်အခြေအနေမျိုးကိုမထောက်ထားသောချစ်ခြင်းမေတ္တာမျိုး ကို မျှော်လင့်နိုင်သည်။ ခရစ်ယာန်အသက်တာကိုအစပျိုးမကောင်းခဲ့သော်လည်း ကြိုးစားသူအဖို့မျှော်လင့် ချက်ကားအစဉ်ရှိနေသည်။ 

 သူ၏ခေါ်တော်မူခြင်းသူ၏ဆေးကြောခြင်းအမည်ကိုခံယူထားသည့်ရဟန္တာကဆုတောင်းပေး ခြင်းဖြစ် မည်လောဟုမေးမြန်းကြည့်ရာသူ၏မျက်လုံးများလင်းထိန်သွားခဲ့သည်။ ဆေးကြောခြင်းခံယူစဉ်ခံယူ ခဲ့သောရဟန္တာဖြစ်သည့် Aidan သည် (၇) ရာစုကခရစ်ယာန်တရားကိုအဂ်လန်မြောက်ပိုင်းရှိ Northumbria သို့ခရစ်ယာန်တရားကိုစတင်သယ်ဆောင်အလင်းပြခဲ့သူဖြစ်သည်။ ရဟန္တာသည် ပေါင်း ရေးကိုထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ သူယုံကြည်သည့်အတိုင်းဟောပြောသည်။ ဟောပြော သည့်အတိုင်းရှင်သန်သူဖြစ်ခဲ့ သည်။ ဘာသာတူတို့စိတ်သို့အမှန်တရားကိုရဲရင့်ပြတ်သားစွာ၊ မှန်ကန်စွာ၊ သိမ့်မွေ့စွဟောပြောရဲသော ကြောင့်ဘာသာတူများချစ်ကြသည်။ ယခုရဟန်းသစ်၌လည်းဤအမှတ် လက္ခဏာမျိုးကိုမြင်တွေ့နေရသည်။ ကောင်းမွန်စွာရှင်သန်ခြင်းသည်ဘုရားသခင်၏ ချစ်ခြင်း၌ရှင် သန်ခြင်းဖြစ်သည်ကိုသိသူ၊ သူ့အားဘုရားသခင် ချစ်နေသည်ဟုသိသူဖြစ်ကြောင်းမြင်တွေ့ရသည်။      

ဘာသာပြန် Fr. Clement Ate

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3921

Leave a Reply

Your email address will not be published. Required fields are marked *