
ဂျီဟတ်ဝါဒီများ၏လက်ချက်ဖြင့်ခရစ်ယာန် (၂၂) ဦးခေါင်းဖြတ်သတ်ခံရ။

နိုင်ဂျီးရီးယားနိုင်ငံ၌ခရစ်ယာန်များကိုအကြမ်းဖက်သည့်သတင်းကမ္ဘာကြီး၌ပွတ်လောရိုက် နေ၍စိုးရိမ် စိတ်မြင့်တက်နေချိန် မိုဇမ်းဘစ်နှင့်ကွန်ဂိုသမ္မတနိုင်ငံတို့၌ထပ်တူအကြမ်းဖက်သတ်ဖြတ်မှုမျိုးဖြစ် ပွား လာပြန်သည့်သတင်းတက်လာပြန်သည်။ အစ္စလာမ်အစွန်းရောက်အကြမ်းဖက်တို့နှင့်ပက်သက်ဆက် နွယ်သောအဖွဲ့အစည်းများ၏လက်ချက်ဖြင့် အထက်ကဆိုခဲ့သောနှစ်နိုင်ငံအတွင်းခရစ်ယာန် (၂၂) ဦးရက် စက်စွာခေါင်းဖြတ်သတ်ခံခဲ့ရသည်။ MEMRI (the Middle East Media Research Institute သုတေ သနပြု သောအရှေ့အလယ်ပိုင်းသတင်းဌာန) ၏သတင်းထုတ်ပြန်ချက်အရ အာဖရိကအလယ် ပိုင်း ဒေသရှိ (ISCAP Islamic State Central Africa Province) အဖွဲ့အစည်း၏လက်ချက်ဖြင့် လူ (၁၈) ဦးကွန်ဂိုသမ္မတနိုင်ငံ၌ ခေါင်းဖြတ်ခံရသည်ဟုဆိုထားပါသည်။
နို၀င်ဘာ (၁၂) ရက်နေ့ Lubero နယ်နိမိတ်အတွင်းရှိ Mayba ရွာ၌ ခရစ်ယာန် (၁၂) ဦးသတ် ဖြတ်ခံခဲ့ ရသည့်အခင်းလည်းဖြစ်ပွားခဲ့သည်။ အလားတူပင် ယခုလအစောပိုင်းက Ituri ပြည်နယ် Mazenze ရွာ၌ လည်း လူ (၆) ဦးသတ်ဖြတ်ခံခဲ့ရပြီး၊ အိမ် (၂၀) ခန့်မီးရှိုဖျက်ဆီးခဲ့ကြောင်း MEMRI သတင်းဌာနကထုတ် ပြန်ထားသည်။
မိုဇမ်းဘစ်နိုင်ငံ၊ Cabo Delgado ပြည်နယ်၌လည်း ခရစ်ယာန် (၄) ဦးအသတ်ခံရပြီး၊ ကျန် (၂) ဦးမှာ ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ အဆိုပါအခင်းကြောင့် ဒေသခံများစွာနေရပ်စွန့်၍ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရသည်။
ယခုကဲ့သို့ခရစ်ယာန်များအကြမ်းဖက်သတ်ဖြတ်ခံနေရသောဒေသ၏သာသနာပိုင်ဆရာ တော်တစ် ပါး ဖြစ်သော Nacala သာသနာပိုင်ဆရာတော် Alberto Vera က နို၀င်ဘာ (၁၀) ရက်နေ့မှစ၍သူ ၏သာ သနာအတွင်းလူနေထိုင်သောနေရာများစွာ၌တိုက်ခိုက်ဖျက်ဆီးခံရကြောင်း၊ လူထောင်နှင့်ချီ၍နေရပ် စွန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ရာနှင့်ချီသောအိမ်များလည်းမီးရှိုဖျက်ဆီးခံခဲ့ရကြောင်း Aids to the Church in Need (အကူအညီလိုအပ်သောသာသနာများကို ကူညီပေးသောအဖွဲ့) အားဖြေ ကြားခဲ့သည်။ ယခု အခြေအနေမှာမည်သို့မျှသီးခံနိုင်ဖွယ်မရှိကြောင်း၊ ၄င်းတို့အတွက်အထူးဆုတောင်း ပေးတောင်းခံခဲ့သည်။
(၂၀၁၇) မှစ၍ Delgado အားတိုက်ခိုက်မှုကိုစတင်ခဲ့ပြီး၊ လွန်ခဲ့သော (၈) နှစ်တာကာလအ တွင်းပြည် သူပေါင်းထောင်သောင်းချီ၍သေဆုံးမှုဖြစ်စေခဲ့သည်။ ပြည်သူတစ်သန်းကျော်အိုးအိမ်စွန့်ခွာထွက် ပြေးခဲ့ ကြရသည်။ မကြမီကကုလ၏တရား၀င်ထုတ်ပြန်သောစာရင်းဇယားအရ မိုဇမ်းဘစ်နိုင်ငံ၏မြောက် ပိုင်းပြည်နယ်တစ်ခုဖြစ်သော Nampula ပြည်နယ်၌ အကြမ်းဖက်အဖွဲ့အစည်းများ၏ တိုက်ခိုက် သတ် ဖြတ်မှု များကြောင့်တစ်ပတ်အတွင်း လူပေါင်း (၁၂၈၀၀၀) နေရပ်စွန့်၍ထွက်ပြေးတိမ်းရှောင် နေရကြောင်း၊ CBN သ တင်း၌လည်း အစ္စလာမ်ပြည်နယ်ထူထောင်ရေးအစွန်းရောက်အဖွဲ့လက်ချက်ဖြင့် ပြီးခဲ့သောအောက်တိုဘာ လ၌ ခရစ်ယာန် (၃၀) ဦးကျော်ခေါင်းဖြတ်သတ်ခဲ့ရပြီး၊ ဘုရား ကျောင်း များလည်းဖျက်ဆီးခံခဲ့ရသည်ဟုဖော် ပြထားသည်။ အကြမ်းဖက်မှုများဆက်လက် ဖြစ်ပွားနေ သော်လည်း ဝန်ကြီးဌာနခေါင်းဆောင်များသည်ထိ ခိုက်ခံစားရသောလူမှုအသိုင်းအ၀ိုင်းများကို ပံ့ပိုးကူညီ ရန်ဇောက်ချလုပ်ကိုင်လျှက်ရှိသည်။ ဒေသအတွင်းငြိမ်း ချမ်းရေးရရှိရန်ကိုလည်းတိုးမြှင့် လုပ်ဆောင် လျှက်ရှိသည်။
Shalom World news

