ရဟန်းမင်းကြီးလီယို (၁၄) ၏တမန်တော်ခရီးအတွက် အထူးဆုတောင်းပေးကြပါစို့ ။

ရဟန်းမင်းကြီးလေအို (၁၄) သည် သူ၏ပထမဦးဆုံးပြည်ပ (အီတလီနိုင်ငံ) ခရီးစဉ်ကိုနို၀င်ဘာ (၂၇) မှ ဒီဇင်ဘာ (၂) ရက်နေ့အထိတူရကီနှင့်လေဘနွန်နိုင်ငံများဆီသို့ ကြွရောက်မည်ဖြစ်ကြောင်း ဗာတီကန် သတင်းပြန်ကြားရေးဌာနမှအစောပိုင်းလကပင်ကြိုတင်သတင်းထုတ် ပြန်ထားခဲ့ သည့်နေ့မှာယနေ့ ကျ ရောက်ပြီဖြစ်ပါသည်။ ယနေ့သည် နို၀င်ဘာ (၂၇) ဖြစ်ပါသည်။

ရဟန်းမင်းကြီးဘေနေဒစ် (၁၆) အတွက်ရဟန်းမင်းကြီးအမှုတော်စတင်ထမ်းဆောင်ပြီး နောက် အီတလီ နိုင်ငံ၏ပြင်ပသို့တမန်တော်ခရီးကြွရောက်ခဲ့သည့်အခြေအနေမှာ (၂၀၀၅) ဂျာမဏီနိုင်ငံ၊ ကိုလုံမြို့၌ကျင်း ပသောကမ္ဘာ့လူငယ်များနေ့အခမ်းအနားတက်ရောက်ရန်ဖြစ်သည်။ ထို့အတူရဟန်းမင်းကြီးဖ ရန်စစ် သည်လည်းရဟန်းမင်း ကြီးအမှုတော်စတင်ထမ်းဆောင်ပြီးနောက်အီတလီနိုင်ငံပြင်ပသို့တမန်တော် ခရီး ကြွရောက်ရန်ဖန်တီးလာသောအခြေအနေမှာ (၂၀၁၃) ဘရာဇီးလ်နိုင်ငံ၊ Rio de Janeiro မြို့၌ကျင်းပ သောကမ္ဘာ့လူငယ်များနေ့အခမ်းအနားတက်ရောက်ရန်ဖြစ်သည်။

 ရဟန်းမင်းကြီးပေါလ် (၆) သာသနာကိုဦး ဆောင်နေစဉ် ၌ယေဇူးသခင်မွေးဖွား သည့်သန့်ရှင်း သောမြေ သို့ကြွရောက်ဘုရားဖူးစဉ် ကွန်စတန်တီနိုပယ် ဒေသခရစ်ယာန်ခေါင်း ဆောင် Athenagoras နှင့်တွေ့ ဆုံခဲ့သည်။ ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) သည်မက် ဆီကိုနိုင်ငံ၊ Puebla မြို့သို့ကြွ ရောက်၍၄င်းတို့၏ နိုင်ငံတကာတမန်တော်ခရီးကိုစတင်ခဲ့ကြသည်။

         ယနေ့ရဟန်းမင်းကြီးလီယို(၁၄) ကြွ ရောက်မည့်ပထမဦးဆုံးနိုင်ငံတကာတမန်တော်ခရီးစဉ်မှာ ရဟန်းမင်းကြီးဖရန်စစ်စီစဉ်ထားပြီးမဖော်ဆောင် နိုင်ခဲ့သောခရီးစဉ်ဖြစ်သည်။

 ရဟန်းမင်းကြီးလေအို (၁၄) သည် တူရကီနိုင်ငံမြို့တစ်မြို့ဖြစ်သော Iznik သို့လည်းကြွ ရောက်မည် ဖြစ်သည်။ ဤမြို့သည်ခရစ်ယာန်များအတွက် အထူးသဖြင့်သာသနာ၏သန့်ရှင်းသောထုံးတမ်း စဉ်လာ ကိုလက္ခံသောခရစ်ယာန်များအတွက်အလွန်အရေးပါသောမြို့ တစ်မြို့ဖြစ်သည်။ အဘယ်ကြောင့်ဆို သော် Iznik မြို့သည်လွန်ခဲ့သော အေဒီ (၃၂၅) ကနိုင်ဆီးအစည်းအ‌ေ၀းကြီးကိုကျင်းပခဲ့သည့်နေရာဖြစ် သည်။

ဤအစည်းအ‌ဝေးသည်ယေဇူးသခင်ကိုသက်၀င်ယုံကြည်သောခရစ်ယာန်များအတွက်လွန်စွာအရေးပါ သည်။ ဤအစည်းအ‌ဝေးကြီးမှယေဇူးသခင်၏ ဘုရားအဖြစ်တော်နှင့်ခမည်းတော် နှင့်တစ်လုံး တစ်၀ တည်းရှိသည့်အဖြစ်တော်ကိုအတည်ပြုနိုင်ခဲ့သည်။ ထိုမတိုင်မီကယေဇူးသခင်၏အဖြစ် တော်ကိုအမျိုး မျိုးဖွင့် ဆိုသွန်သင်သောခရစ်ယာန်များရှိနေခဲ့သည်။ ဤအစည်းအ‌ဝေးသည်သွန်သင်ချက် မတူသော ခရစ်ယာန် များပေါင်းစည်း၍ကျင်းပဆုံးဖြတ်နိုင်ခဲ့သောသမိုင်း၀င် အစည်းအ‌ဝေးတစ်ခုလည်းဖြစ်သည်။

 ရဟန်းမင်းကြီးဖရန်စစ်မှကြွရောက်ရန်စီစဉ်ခဲ့သော်လည်း ကျန်းမာရေးရုတ်တရက်ဖောက် လာသော ကြောင့်ဆိုင်းငံ့ရာမှပျံလွန်သွားပြီး သူ၏အရိုက်အရာကိုဆက်ခံသောယခုရဟန်းမင်းကြီးလီယို (၁၄) လက်ထက်မှတရား၀င်ဖော်ဆောင်နိုင်ခဲ့သည်။

ယနေ့အစပြုမည့်ရဟန်းမင်းကြီးလီယို(၁၄) ခရီးစဉ်သည် Ankara၊ , Istanbul၊ Iznik သို့ ကြွရောက်ပြီး နောက် ဘေရွတ်သို့ဆက်လက်ကြွမည်ဖြစ်သည်။ ဤခရီးစဉ်သည် ‘စည်းလုံးခြင်းနှင့်ငြိမ်းချမ်း ခြင်း’ ကို ရည်ရွယ်ပြုလုပ်သောတမန်တော်ခရီးဖြစ်သည်။ စည်းလုံးခြင်းသည်နှလုံးသား၏ပထမနေရာ၌ယူ ထား သောအကြောင်းအရာဖြစ်သည်။

 ခရီးစဉ်၏ဒုတိယရည်ရွယ်ချက်ကား ငြမ်းချမ်းရေးဖြစ်သည်။ ခရစ္စတူးခင်ကိုယုံကြည်သူများ အချင်း ချင်းကြားစည်းလုံးခြင်းသည်တန်ဖိုးမဖြတ်နိုင်ပါ။ သို့သော်ဧ၀ံဂေလိတရားကိုကြေညာရုံဖြင့်မလုံ လောက်ပါ။ ကမ္ဘာကြီးအတွက်တန်ဖိုးရှိသောငြိမ်းချမ်းရေးပါ၀င်ရမည်။ သို့သော်ကမ္ဘာကြီး၌မတွေ့ရဘဲ ပျောက်ကွယ်နေသည်။ အထူးသဖြင့်ယေဇူးသခင်လူ့သွေးသားခံယူကာဖွားသန့်စင်၍ချက်မြှုပ်ခဲ့ သော မြေ၌ ငြိမ်းချမ်းရေးကင်းမဲ့နေသည်။ အထူးသဖြင့်အီစ္စရေး၊ ပါလက်စတိုင်းနယ်နိမိတ်၌မတွေ့ရ။ လက် ဘနွန်၌ လည်း ဟစ်ဇဘိုလာသူပုန်များကိုရှင်းရန်အကြောင်းပြ၍ အီစ္စရေးတို့၏ဗုံး ကြဲတိုက်ခိုက် မှုကိုခံ ခဲ့ရသည်။

ရဟန်းမင်းကြီးလီယို (၁၄) သည် ရဟန်းမင်းကြီးအဖြစ်ရွေးချယ်ခံရပြီးနောက် ကမ္ဘာကြီး အားပထမဦး ဆုံးမိန့်ကြားခဲ့သောစကားမှာ ‘သင်တို့နှင့်ငြိမ်သက်ခြင်းရှိပါစေ’ ဟုအစပျိုးနိဒါန်းပျိုးခဲ့သည်။ ယခုတမန် တော်ခရီးသည်ထိုငြိမ်းသက်ခြင်းကိုဆယ်စုနှစ်ပေါင်းများစွာပျောက်ရှနေခဲ့ပြီး၊ ဒဏ်ရာဒဏ်ချက် များဖြင့် ပြည့်နေသောလူသားများကိုသွားရောက်တွေ့ဆုံရပေမည်။ ရဟန်းမင်းကြီးသည် လက်နက်အားကိုး ဖြင့်အဖျက်အမှောက်၊ အကြမ်းဖက်သတ်ဖြတ်မှုအမျိုးမျိုးကိုလက်မရွံ့ ကျူးလွန်နေသူများ ကြီးစိုး သည့် မြေ၌ လက်နက်မပါခြင်းသည်လက်နက်ပါခြင်းထက်ပို၍ အစွမ်းထက်ကြောင်းပြသရန်ကြွ ရောက်ခြင်း ဖြစ်သည်။

ရဟန်းမင်းကြီးအနေဖြင့်ဒဏ်ရာဒဏ်ချက်များဖြင့်အနာမကျက်နိုင်အောင်ဒဏ်ရာတစ်ခုပြီး တစ်ခုခံစား နေရသော၊ နယ်နိမိတ်ထိစပ်နေသောအိမ်နီးချင်းနိုင်ငံများသို့မိမိတို့၏ဇာတိချက်ကြွေမွေးရပ်မြေ ကိုစွန့်၍ ထွက်ပြေးရန်အခွင့်အလမ်းကိုမျှော်ကိုးနေကြသည့်လူနည်းစုခရစ်ယာန်ဘာသာ၀င်တို့ ကိုအားပေးနှစ် သိမ့်ရန်နှင့်သက်၀င်ယုံကြည်မှုမတူ၊ ယဉ်ကျေးမှုမတူသော်လည်း အတူယှဉ်တွဲနေထိုင်နိုင်ခြင်း သည် မင်္လာတစ်ပါးဖြစ်ကြောင်းကိုရှင်းပြနားချရန်ကြွရောက်ရမည်ဖြစ်သည်။

 ရဟန်းမင်းကြီးကြွရောက်ရမည့်တမန်တော်ခရီးစဉ်သည် သူရဟန်းမင်းကြီးအမှုတော်ထမ်း ဆောင်ပြီး နောက်ပထမဦးဆုံးခရီးလည်းဖြစ်၊ ပြည်တွင်းစစ်မီးများလည်းအရှိန်ဖြင့်ဆက်လက်တောက်လောင် နေ သေးသောဒေသလည်းဖြစ်၍ သူ၏ခရီးစဉ်ဘေးကင်းလုံခြုံစေရန်၊ ထိရောက်အောင်မြင် စေရန်ဆု တောင်း ပေးရန်ကိုလည်း ယမန်နေ့ (ဗုဒ္ဓဟူးနေ့) စိန့်ပီတာရင်ပြင်၌ ဘုရားဖူးများနှင့်တွေ့ဆုံ စဉ်ဆုတောင်း မေတ္တာအ လှူခံခဲ့သကဲ့သို့စာရေးသူတို့လည်း ရဟန်းမင်းကြီးနှင့်အတူ ယနေ့ (နို၀င်ဘာ ၂၇) မှ (ဒီဇင်ဘာ ၂) ရက်နေ့ အထိ ဆုတောင်းခြင်းဖြင့်တမန်တော်ခရီး၌လိုက်ပါကြပါစို့။    

Fr. Clement Ate

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *