
ပိုမိုကောင်းမွန်တဲ့ အိမ်ထောင်ရေးကို ဘယ်လိုပြုပြင်ပုံဖော်ကြမလဲ
ဒီနေ့မှာ ဟိုးတစ်ဖက်ဆီက marriage ကို ရှိရင်းစွဲထက်ကျော်လွန်ပြီး ပိုမိုကောင်းမွန်အောင် ကောင်းသထက်ကောင်းအောင် မပြုပြင်တဲ့ အိမ်ထောင်ရေး marriage လောကကြီးမှာ မရှိလောက်ပါ ဘူးဆိုတဲ့အကြောင်း message ပေးသွားချင်ပါတယ်။
လက်ထပ်ထိမ်းမြားပေါင်းသင်းပြီး တည်ဆောက်လာကြတဲ့ အိမ်ထောင်ရေးတိုင်းမှာ နှစ်ဦး စလုံးက လိုလိုလားလားနဲ့ လုပ်ငန်းတစ်ခုလို အိမ်ထောင်ရေးကို ပိုမိုကောင်းမွန်အောင် ကြိုးစားပြီး လုပ်ဆောင်ကြရမှာပါ။
တစ်ဦးပေါ်တစ်ဦး ချစ်ခြင်းမေတ္တာအပြည့်နဲ့ အရိုအသေပေးကြတာကလည်း အမွှာ အမာခံ တိုင်နှစ်တိုင်လိုပဲ သတ်မှတ်လို့ရပါတယ်။
ကြင်ကြင်နာနာနဲ့ ပြောဆိုဆက်ဆံပြီး အော်ဟစ်ဆူပူတာတွေ မလုပ်ဖို့ လိုပါတယ်။
တစ်ဦးနဲ့တစ်ဦး စိတ်ရှည်ပေးမှာသာ အိမ်ထောင်ရေးက တိုးတက်ပြီး သာယာမှာပါ။
တစ်ခါတစ်လေမှာ မှားသွားခဲ့ရင်လည်း အလျင်အမြန် တောင်းပန်စကားပြောတာ အကောင်း ဆုံးပါ။ အာဃာတ ထားနေမဲ့အစား ခွင့်လွှတ်မှုကို ရွေးချယ်လိုက်ပါ။
မှားသွားတဲ့ အမှားကို မှတ်ထားပြီး ငြိမ်သက်ခြင်းဆိုတဲ့ လက်နက်ကို မသုံးမိဖို့ လိုပါတယ်။
စိတ်မကျေမနပ်ဖြစ်ခဲ့ရင်လည်း ကျက်သရေရှိတဲ့ အိမ်ထောင်ရေး marriage ဖြစ်ဖို့ ချဲ့ဆန့် လိုက်ပါ။
နေ့စဉ် ငြိမ်းချမ်းစွာ နေထိုင်ကျင့်ကြံတာက အိမ်ထောင်ကို ကျက်သရေ အပေါင်းနဲ့ တင့်တယ် စေပါတယ်။
အိမ်ထောင်ရေးမှာ ခွင့်လွှတ်ခြင်း တစ်ကြိမ်တည်း တစ်ခါတည်း လုပ်ဆောင်ပြရတဲ့၊ နေပြရတဲ့ လုပ်ရပ်မဟုတ်ပါဘူး။ life style တစ်ခုလို ပြုမူရမှာပါ။ မိမိရဲ့ ရင်ထဲက ကိုယ်ပိုင်ဆိုင်တဲ့ အချစ်မေတ္တာ ဖြစ်တဲ့အတွက် ဘယ်တော့မှ ခွင့်လွှတ်ရတာကို စိတ်ပင်ပမ်းတယ်လို့ မထင်ပါနဲ့။
နှစ်ဦးစလုံးက ချစ်ခြင်းမေတ္တာကို တမင်ကို ရည်ရွယ်ပြီး ပိုမိုတည်ဆောက်ယူကြရမှာပါ။
တစ်ဦးလက်ကို တစ်ဦးကတွဲလို့ ဟာသတွေ၊ ရယ်စရာတွေ ပြောရင်း နှစ်ဦးထဲ Date လုပ်ပြီး နှစ်ဦးစိတ်လက်ပေါ့ပါးစေမယ့် နေရာတွေကို ရွေးချယ်ပြီးသွားဖို့ တစ်ဦးနဲ့တစ်ဦး Surprise တိုက်ကြ လို့ ချစ်ခြင်းမေတ္တာကို ကပ်စေးမနဲပဲ ပိုပိုပြီး တိုးတက်အောင် လုပ်ကြဖို့ တစ်ဦးနဲ့တစ်ဦး သဘောထား ကြီးကြီးထားနိုင်ဖို့ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ ဆက်နွယ်မှုတွေမှာ တိုးပွားပြီး၊ အပြောင်းအလဲမရှိအောင် ချစ်ခင်တွယ်တာမှုတွေ ပိုမိုတည်ဆောက်ကြဖို့လိုအပ်လှပါတယ်။
သဘောထားကွဲလွဲခဲ့မယ်ဆိုရင်လည်း မိမိရဲ့ စိတ်ကို တည်ငြိမ်အေးဆေးစွာထားပြီး အေးဆေးတဲ့ အသဲ၊ နူးညံ့တဲ့ နှလုံးသားနဲ့ အဖြေရှာ ဖြေရှင်းရမှာပါ။
ဒါ့အပြင် နှစ်ဦးရဲ့အပြင်ဖက်မှာ in Laws တွေက ရှိလာပြီဖြစ်တဲ့အတွက် မိမိအိမ်ထောင်ရေး ကို အပြင် ဝမ်းအားဖြင့်လည်း ကာကွယ်စောင့်ရှောက်ရတော့မယ်။ နှလုံးသားဖြင့်လည်း စိတ်ရှုတ် ထွေးမှုတွေ စိတ်အနှောင့်အယှက်ဖြစ်မှုတွေကို ကာကွယ်ရပါအုံးမယ်။
ဒါပေမယ့်လို့ စော်ကားပြောဆို အလွဲဆုံးစားပြုတာနဲ့ သစ္စာမဲ့ ဖောက်ပြန်တာတွေကိုတော့ သည်းခံခွင့်မလွှတ်ဖို့ လိုပါတယ်။
ဒီအိမ်ထောင်ရေး Process စနစ်တကျ သွားနေတဲ့ခါမှာလည်း repairing ပြန်လည်ပြုပြင် ခြင်းတွေ နှစ်ဦးစလုံးက ပြန်လည်လုပ်ကြတဲ့အခါမှာ ဘယ်လို အကြောင်းအရာတွေက marriage ကို ကွဲအက်စေသလဲ။
မိမိတို့ရဲ့ အိမ်ထောင်ကို အမြဲတမ်း အဆင်သင့်ဖြစ်နေတယ်။ ဥပမာ – တစ်ဦးနဲ့တစ်ဦး မေတ္တာ မပျက် သစ္စာရှိနေမယ်ဆိုရင် ဘယ်သူကမှ ဝင်ရောက်ဖြတ်ဆောက်လို့မရပါဘူး။
ကုန်လွန်ပြီးသွားတဲ့အချိန်ကို ပြန်ပြီး Fix လို့မရပေမယ့် အဲ့ဒီကနေ မိမိတို့ဘဝအတွက် ပြန်လည် (ရောဂါကို ပြန်လည်ကုသသလို) ကုသလို့ရနိုင်ပါတယ်။ နှစ်ဦးရဲ့ လက်နှစ်ဖက်ကို ခိုင်ခိုင် မြဲမြဲ လက်တွဲထားရင် လွတ်လပ်တဲ့ ဘဝခရီးကို ရှေ့ဆက်ပြီး ချီတက်နိုင်ပါတယ်။
အမှန်တရားသာလျှင် သစ္စာရှိခြင်းသာလျှင် မဖျောက်ပြန်ပဲ အိမ်ထောင်ရေးခရီးရှည်ကို တည်ဆောက်သွားနိုင်ပါတယ်။ နှစ်ဦးလက်တွဲညီဖို့ပဲ လိုပါတယ် ဆိုတာ တင်ပြရင်း ဒီနေ့အတွက် အဆုံးသတ်ပါရစေ။

