သဘာဝတရားကို ကျော်လွန်ခြင်း

အားလုံးပဲ မင်္ဂလာပါ။
ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ သဘာဝတရားကို ကျော်လွန်ခြင်း ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

လူတစ်ချို့ပြောကြပါတယ် ဒီလို တိုးတက်လာနေတဲ့ သိပ္ပံပညာနဲ့ လူနေမှုစနစ်နဲ့ဆိုရင် နောင်မကြာခင်မှာ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေပေါ်မှာ ဘာသာတရားများဟာ ကွယ်ပျောက်သွားနိုင်လိမ့်မယ်လို့ ခန့်မှန်းပြောဆိုနေကြတာရှိပါတယ်။ တိုးတက်လာနေတဲ့ သိပ္ပံပညာကြောင့် လူသားတွေဟာ တစ်နေ့တစ်ခြား ကမ္ဘာရဲ့အရှင်သခင်အဖြစ်သို့ ရောက်ရှိလာနေပြီပဲ ဖြစ်ပါတယ်။ တစ်ချိန်တုန်းက လူသားတွေ မလုပ်နိုင်၊ မဖန်တီးနိုင်တဲ့ အရာတွေဟာ ယခုအခါမှာတော့ အချိန်တိုအတွင်း ဖန်တီးပြုလုပ်လာနိုင်နေပြီပဲ ဖြစ်ပါတယ်။

သို့သော် ကျွန်တော်တို့ လူသားတွေဟာ ဘယ်အရာမှ တင်းတိမ်ရောင့်ရဲခြင်းမရှိပဲ ဖန်တီးမှုတွေကို ပိုပိုပြီး ပြုလုပ်လာတဲ့အခါ ကျွန်တော်တို့အားလုံးအတွက် ဆိုးကျိုးတွေ ပိုပြီး ဖြစ်ပေါ်လာစေခဲ့တဲ့အကြောင်း ဒီဗီဒီယိုထဲမှာ ရှင်းပြပေးထားတာ ဖြစ်ပါတယ်။

တင်ဆက် – ဝီလျှံ ဇော်နိုင်ဦး
တည်းဖြတ် – စတီဗင်”

rvamyanmar
rvamyanmar
Articles: 4212

Leave a Reply

Your email address will not be published. Required fields are marked *