အခုအချိန်မှာ ကမ္ဘာမြေကြီးက လေးလာတာနဲ့အမျှ ကျွန်မတို့ကြားနေရတဲ့ သတင်းတွေ ကောင်းတာကော ဆိုးတာတွေကော ရှိပါတယ်။
ဒါ့အပြင်ကျွန်မတို့ ကိုယ်ပိုင်ဘဝမှာလည်း အရင်ကထက် stress စိတ်ဖိစီးမှုတွေ၊ anxiety စိတ်ပူပန်မှုတွေ စသည်ဖြင့် မျိုးစုံခံစားကြရပါတယ်။
ကျွန်မက ဟိုးအရင်က overthinking များတဲ့သူဆိုတော့ စိတ်ညစ်စရာတစ်ခုခုရှိလာပြီဆိုရင် အဲ့အပေါ်မှာ အတွေးလွန်ပြီး လိုက်ခံစားလေ့ရှိပါတယ်။
ကျွန်မမှာ စိတ်ညစ်စရာတွေရှိရင် စိတ်ညစ်စရာတွေနဲ့ ထိုင်မနေပဲ ကျွန်မ Flow ရှိရှိ လုပ်နိုင်တဲ့အလုပ်တွေ လုပ်ပစ်လိုက်ပါတယ်။
Flow ဆိုတာက စျာန်ဝင်ပြီး လုပ်နိုင်တဲ့အလုပ်တွေပါ။ အဲ့အလုပ်တွေလုပ်နေရရင် ထမင်းမေ့ဟင်းမေ့ပေါ့။
ဒီလို စျာန်ဝင်တဲ့ အလုပ်တွေလုပ်နေတဲ့အခါ အတိတ်တွေ အနာဂတ်တွေ မစဉ်းစားတော့ပဲ ပစ္စုပ္ပန်မှာလုပ်နေတဲ့ အလုပ်အပေါ်မှာ အာရုံရှိတော့ စိတ်ညစ်စရာတွေ ပျောက်ပြီး စိတ်ကျေနပ်မှုကို ခံစားရစေပါတယ်။
ကျွန်မဆိုရင် စိတ်ရှုပ်စရာတွေများလာရင်
(1) စာဖတ်တယ်
(2) တရားထိုင်တယ်
(3) သီချင်းနားထောင်တယ်
(၅) ဟင်းချက်တယ် စသည်ဖြင့် ကျွန်မအတွက် စျာန်ဝင်စေတဲ့အလုပ်လေးတွေ လုပ်လိုက်တယ်။
ဒီလို activity တွေပြီးသွားတဲ့အခါ ကိုယ်စိတ်ညစ်နေတဲ့ အရာအတွက် လမ်းစတွေပေါ်လာတာတို့ ကိုယ်စိတ်ညစ်နေတဲ့အရာက ကိုယ်ထင်သလောက် စိတ်ညစ်စရာမကောင်းတာတို့ကို ကျွန်တော်အမြဲတွေ့ရပါတယ်။
တကယ်တော့ ကိုယ့်ရဲ့ စိတ်ကအိမ်ကလေးဆိုရင် ဒီအိမ်လေးထဲကို ဝင်လာတဲ့ အမှိုက်တွေက စိတ်ညစ်စရာတွေပဲပေါ့။
ဒါပေမဲ့ ကျွန်မတို့ အားလုံးက ဒီအမှိုက်တွေကို ရှင်းထုတ်ဖို့အတွက် မေ့နေကြတယ်။ စိတ်ညစ်စရာရှိရင်လည်း ဒီတိုင်းပဲ ဆက်ပြီး စိတ်ညစ်နေကြတယ်။
ကိုယ့်အတွက် သက်သာစေမယ့် ကိုယ့်အိမ်ကိုသန့်ရှင်း စေမယ့်နည်းလမ်းတွေမရှာကြဘူး။
ကျွန်မကတော့ ကျွန်မအိမ်လေးကို စိတ်လေးကို နေ့တိုင်းရှင်းတယ်။ စိတ်ညစ်စရာတွေရှိလာရင် ကိုယ်စျာန်ဝင်တဲ့ အလုပ်တွေလုပ်ပြီး ရှင်းထုတ်ပလိုက်တယ်။
ဒါမှ ကျွန်မရဲ့ နေ့စဉ်ဘဝက ပိုပြီးပေါ့ပါးလာပါတယ်။ ဒါကြောင့် ကျွန်မက စိတ်ညစ်စရာတွေရှိလာတိုင်း ဒီလို activity လေးတွေလုပ်ပြီး ရှင်းထုတ်ပါတယ်။
စိတ်ဆိုတဲ့ အိမ်ကလေးထဲ အမှိုက်တွေဝင်လာရင် ရှင်းထုတ်နိုင်သလောက်ရှင်းထုတ်ပါ။
စိတ်ကြည့်တော့ဘဝလည်းကြည်ပါတယ်။

rvamyanmar
rvamyanmar
Articles: 3925

Leave a Reply

Your email address will not be published. Required fields are marked *