
အဝေးရောက်သားသမီးများ၏ ရင်တွင်းစကားသံများ အစီအစဉ် မိတ်ဆက်ခြင်း
ဇူလိုင်လ ၂၆ ရက်နေ့မိဘများပွဲနေ့ အမှတ်တရအနေဖြင့် ဒီနှစ်မှာတော့ “အဝေးရောက်သားသမီးများ၏ ရင်တွင်းစကားသံများ” အစီအစဉ်ကို တင်ဆက်ပေးဖို့ရညရွယ်ထားပါတယ်။ ထိုကြောင့်ဤအစီအစဉ်၌ လက်ရှိမှာ မိဘနဲ့အတူမရှိပဲ အဝေးမှာ ပညာသင်နေ၊ အလုပ်လုပ်ကိုင်နေသော သားသမီး များအားလုံးအားလုံးအတွက် ရည်ရွယ်ပြီး တင်ဆက်ရခြင်းဖြစ်ပါသည်။
ပါဝင်လိုသူများ အနေဖြင့်တစ်မိနစ်စာ ဗွီဒီယိုဖိုင်ဖြင့် မိမိ၏ မိဘများထံ ဆုတောင်းပေးတာဖြစ်ဖြစ်၊ ရင်တွင်းစကားဖြစ်ဖြစ် ပြောပြီးပို့ပေးရ မှာ ဖြစ်ပါသည်။
ဗွီဒီယိုကြာချိန်ကို အများဆုံး တစ်မိနစ်သတ်မှတ်ထားပါတယ်။ ဖုန်းဖြင့်ရိုက်ပါက အလျားလိုက်ထားပြီး ရိုက်ပို့ပေးရမည်။ အသံသေချာကြားနိုင် တဲ့နေရာမှာ အဆင်ပြေသလိုရိုက်နိုင်ပါသည်။
ပါဝင်မည်ဆိုပါက ပေးပို့သူနာမည်၊ မိဘနာမည်၊ဇာတိနေရာဒေသ၊ မိဘတို့၏ပုံ အဖေဖြစ်ဖြစ်၊ အမေဖြစ်ဖြစ် နှစ်ယောက်စလုံးရှိရင် နှစ်ယောက်ပုံတစ်ပုံ တို့ကို ဗွီဒီယိုဖိုင်နှင့်အတူ ဇူလိုင်လ ၈ ရက်ကနေ ၁၈ ရက်နေ့ အတွင်း အဆင်ပြေတဲ့အချိန်ပေးပို့နိုင်ပါသည်။ ( ၁၈ ရက်နောက်ပိုင်း ပို့လာတဲ့ဗွီဒီယိုဖိုင်များကို အစီအစဉ်မှာ ထည့်သွင်းတင်ဆက်မည် မဟုတ်ပါ။)
အဝေးရောက် သားသမီးများ၏ ဆုတောင်းမေတ္တာ၊ ရင်တွင်းဖြစ်စကား၊ ဗွီဒီယိုများကို ၂၁နေ့ည ကနေ ၂၅ရက်နေ့ညထိညနေ ၆းဝ အချိန်တွင် အပိုင်းလိုက် RVA Myanmar Page ကနေတင်ဆက်ပေး သွားမှာဖြစ်ပါသည်။
ပါဝင်သူများအနေဖြင့် Telegram/viber 09989112586(Zau Shawng) သို့အပေါ်မှာပြေားထားသည့်အတိုင်း ပို့ပေးနိုင်ပါသည်။
တင်ဆက်သူ- Fr.Peter Kyi Maung
video&Edit- paul
#rvamyanmar #LocalNews #Archdioceseofmandalay


