
သာသနာလယ်ကွင်းမှာ လုပ်သားများဖြစ်ကြဖို့ ရဟန်းမင်းကြီး တိုက်တွန်း။

အပတ်စဉ်တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် နေ့ခင်းမေတ္တာ (အန်ဂျေလူး) ရွတ်ဆိုခြင်းတွင် ရဟန်း မင်းကြီးလီယို ၁၄ က ကြွရောက်လာသည့်ဘုရားဖူးသူတော်စင်များအား ကျွန်တော်တို့အားလုံးသည် သာသနာပြုခြင်းလုပ်ငန်းမှာခေါ်ဆောင်ခံရသူများဖြစ်သည် ဆိုသည့်အချက်ကိုအခြေခံပြီး သာမန်ယုံ ကြည်သူများအဆင့်မှ မိမိတို့၏နေ့စဉ်အသက်တာမှာဆက်ကပ်သက် သေခံသူများဖြစ်နိုင်ကြရန် တိုက် တွန်းခဲ့ပါသည်။
ဇူလိုင်လ၆ရက်နေ့ တနင်္ဂနွေနေ့လူထုတွေ့ဆုံခြင်းမှာ ရှင်လုကာ၏ဧဝံ ဂေလိကျမ်းကို အခြေခံပြီး သာသနာတော်သည်သာသနာပြုခြင်းအသက်တာဖြစ်ကြောင်း ထောက်ရှု ဝေမျှခဲ့ပါသည်။
တမန်တော်ဝတ္ထုကျမ်းမှာပါရှိသည့် တမန်တော်ကြီး၇၂ပါးကို ခရစ်တော်စေလွှတ်ခဲ့သည့် အချက်ကို အခြေခံပြီး ဧဝံဂေလိတရားတော်၏မျှော်လင့်ချက်သည် လူမျိုးအားလုံးအတွက် ရည်ရွယ်ခြင်း ဖြစ် ကြောင်း၊ ရိတ်သိမ်းစရာများစွာရှိ၏၊ လုပ်ဆောင်သောသူတို့မူကနည်းကြ၏ ဟူသောကြမ်းချက် ကိုရှင်း ပြရာတွင်၊ ကမ္ဘာလောကကြီးဟာပျက်စီးခြင်းတွေဆူညံသံတွေနဲ့ဖုံးအုပ်ထားခြင်းခံရသော်လည်း ယနေ့ ခေတ်လူတွေဟာ သူတို့ရဲ့နှလုံးသားထဲမှာ ကြီးမားသောအမှန်တရားကိုလိုချင်တောင့်တမှု၊ တရားမျှတမှု ကိုရှာဖွေခြင်း တွေကို သယ်ဆောင်ထားကြပါတယ် ဒီရာဟာထာဝရအသက်ကို တောင့်တနေတယ် ဆိုတဲ့ အချက်ပါပဲ။။
ဘုရားရှင်ဟာရက်ရောသောမျိုးစေ့ကြဲသူဖြစ်တယ်။ ထာဝရကယ်တင်ခြင်း၊ ပြည့်စုံသောအသက်တာ၊ ထာဝရတည်မြဲခြင်းကိုမျှော်လင့်သော စိတ်ဆန္ဒတွေကိုလူတွေရဲ့နှလုံးသားထဲမှာ အလကား ကြဲချပေး တယ်။ သို့သော်လည်း သခင်ခရစ်တော်၏မျက်လုံးနှင့် ကြည့်ရှုခွဲခြမ်းစိတ်ဖြာနိုင်သူ အနည်းငယ် လည်း ပဲသာ ရိတ်သိမ်းရန်အတွက်ကောင်းမွန်သောမျိုးစေ့များကိုထုတ်ပေးနိုင်ကြတယ်။
ယုံကြည်ခြင်း၏လုပ်သားများဖြစ်ကြပါ။
သင်တို့ရဲ့ယုံကြည်ခြင်းဟာ အပြင်မှာချိတ်ဆွဲထားသည့်တံဆိပ်ကပ်ပြားလေးတစ်ခုမဖြစ်သင့်ပါ၊ ကမ္ဘာ ကြီးနဲ့သာသနာတော်ကြီးက အခါခွင့်သင့်မှပါဝင်လာတဲ့ယုံကြည်ခြင်းမျိုးကိုအလိုမရှိပါဘူး။ နေရာတိုင်း မှာကောင်းကင်နိုင်ငံတော်ကိုသက်သေခံနိုင်သော ချစ်ခင်မြတ်နိုးသောစိတ်ဖြင့်လိုက် ပါလာသောနောက် လိုက်များ၊ သာသနာတော်၏လယ်ကွင်းမှာ စိတ်အားထက်သန်စွာလုပ်ဆောင်လိုသော အလုပ်သမားများ ကိုသာအလိုရှိတယ်။
ဘာသာရေးအရ ရံဖန်ရံခါ စိတ်ခံစားချက်ကြောင့် ပါဝင်သူတွေ၊ ဘာသာရေးပွဲတွေမှာ ကြိုကြားကြိုကြား ပါဝင်သူတွေသာများပြားနေပြီး ဘုရားရှင်၏သာသနာ့လယ်ကွင်းမှာ နေစဥ် ရိတ်သိမ်းရန်လုပ်ဆောင် လို သူတွေနည်းပါးကြောင်းကို ဝန်ခံရမယ်။
သာသနာတော်ကိုဘယ်လိုထိန်းကျောင်းရမယ်၊ ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတဲ့ သီအိုရီတွေအတွေး အခေါ် တွေ အများကြီးမလိုပါဘူး တကယ်လိုအပ်တာကဘုရားရှင်နှင့်ထိတွေ့ခံစားရသူတွေ၊ ဆုတောင်းခြင်းမှာ ဘုရားသခင်ကျေးဇူးတော်ကိုရှာဖွေနိုင်သူတွေ တိုးပွားလာဖို့ငါတို့ဆုတောင်းဖို့လိုတယ်။
သာသနာ့လယ်ကွင်းမှာ ကောင်းကင်နိုင်ငံတော်ကိုသက်သေခံရန် စေလွှတ်ရန် အဆင်သင့်ဖြစ်နေသူတွေ၊ သာသနာ့လယ်ကွင်းမှာစစ်မှန်သော အလုပ်သမားများဖြစ်လာမယ့်သူတွေကိုခွင့်ပြုပေးခြင်း တွေသာ လို အပ်တယ်။
အမိမယ်တော်ဟာ ကျွန်ုပ်တို့အားလုံးရဲ့ကယ်တင်ခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ Yes လို့ဖြေခဲ့သလို သူမ၏ ကြားဝင်ဆုတောင်းပေးခြင်းကိုတောင်းခံပြီး ကျွန်ုပ်တို့အားလုံးဟာလည်း ဘုရားရှင်၏ကောင်းကင် နိုင်ငံတော်အတွက် ပျော်ရွှင်သောအလုပ်သမားများဖြစ်ကြပါစိုဟု ဆုတောင်းအဆုံးသတ်ခဲ့ပါသည်။
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org


