ဩစတြီးယားနိုင်ငံ ဂါဇ်မြို့ စာသင်ကျောင်းသေနတ်ပစ်ခတ်မှုတွင် သေဆုံးသွားသူများအတွက် ရဟန်း မင်းကြီးဆုတောင်းပေး။

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းလူထုတွေ့ဆုံခြင်းတွင် ရဟန်းမင်းကြီးလီယိုသည် ဇွန်လ ၁ဝရက် ၂၀၂၅ အင်္ဂါနေ့က ဖြစ်ပျက်ခဲ့သော ဩစတြီးယားနိုင်ငံဂါဇ်မြို့ Dreierschutzengasse အထက်တန်းကျောင်း သေနတ်ပစ်ခတ်မှုတွင် လူကြီးတစ်ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး တစ်ဒါဇင်ကျာ် ထိခိုက်ဒါဏ်ရာများရခဲ့ကြမှုအပေါ် ရဟန်းမင်းကြီးကဆုတောင်းပေးခဲ့ပါသည်။
အိုအဖသေဆုံးသွားကြသောကလေးသူငယ်များကို ကိုယ်တော်ရဲ့ငြိမ်းချမ်းခြင်းမှာကြိုဆိုတော်မူပါ ဟု ဆုတောင်းပးခဲ့ပြီး၊ စိတ်နှလုံးအားဖြင့် ထိတ်လန့်ကြောက်ရွံပူဆွေးဝမ်းနည်းနေသော ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများ၊ မိသားစုဝင်များနှင့် အတူရှိနေကြောင်း ရဟန်းမင်းကြီးမှမကြား ခဲ့ ပါသည်။
ဇွန်လ ၁ဝရက် ၂၀၂၅ အင်္ဂါနေ့ မနက်စောပိုင်းတွင် ဩစတြီးယားနိုင်ငံဂါဇ်မြို့ Dreierschutzengasse အထက်တန်းကျောင်းအတွင်းသို့ အသက်၂၁နှစ်အရွယ် ကျောင်းသားဟောင်းတစ်ဦးမှ သေနတ်ဖြင့်ဝင် ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် လူကြီးတစ်ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး တစ်ဒါဇင်ကျာ် ထိခိုက်ဒဏ်ရာများရခဲ့ကြပါသည်။ ဩစတြီးယားခေတ်သစ်သမိုင်းမှာ ဆိုးဝါးဆုံးအကြမ်းဖက်မှု တရပ်လည်းဖြစ်ခဲ့ ပါည်။
ကျွန်ုပ်တို့နိုင်ငံသမိုင်းတွင်အမှောင်ကျသောနေ့၊ မထင်မှတ်မတွေးခေါ်နိုင်သောအကြမ်းဖက်မှု၊ ဒီအမျိုးသားရေးအဖြစ်ဆိုးကြီးသည် ကျွန်တော်တို့ကိုထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။ ဒီအဖြစ်ဆိုးကြီးကြောင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်သုံးရက်ကြေညာခဲ့ပါတယ် ဟု နိုင်ငံတော်အဓိပတိ မှော်ဂွန်းထိန်း Christian Stocker ကပြောကြားခဲ့ပါသည်။
ဥရောပနိုင်ငံခေါင်းဆောင်များမှာလည်း ဤအဖြစ်ဆိုးကြီးအတွက် ဝမ်းနည်းသဝင်လွှာများထုတ်ပြန်ပေးခဲ့ကြပါသည်။ စာသင်ကျောင်းတွေသည် အနာဂတ်၊ မျှော်လင့်ခြင်းနဲ့ ငယ်ရွယ်နုပျိုခြင်းရဲ့ လက္ခဏာတွေကိုဖော်ဆောင်ရမှာဖြစ်တယ် သို့သော်လည်း စာသင်ကျောင်းတွေသည် သေခြင်းနဲ့အကြမ်းဖက်မှု အတွက်နေရာတွေဖြစ်လာနေတာဟာ တော်တော်ခံရခက်ပါတယ် ဟု ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula Von Der Leyen မှမှတ်ချက်ပေးခဲ့ပါသည်။
ဥရောပနိုင်ငံခြားရေးမူဝါဒရေးရာ အကြီးအကဲKaja Kallas က ဒီအဖြစ်ဆိုးက ကျွန်မတို့အားလုံးကိုတုန်လှုပ်စေခဲ့တယ်။ တကယ်ဆိုကလေးသူငယ်တွေဟာ ကျောင်းတွင်းမှာလုံခြုံမှုကိုခံစားရမယ်၊ အကြောက် တရားနှင့်အကြမ်းဖက်မှုတို့မှလွတ်ကင်းစွာစာသင်နိုင်ယူရမယ် ဟု ထပ်လောင်းမှတ်ချက်ပြုခဲ့ပါသည်။
ဘာသာပြန်_ Fr.Peter Kyi Maung(RVAMyanmar)
News- Vatican News